Lamborghini ရဲ့ စီးရေ ၁၀၀၀၀ မြောက် Aventador ထိုင်းနိုင်ငံမှာ နေထိုင်သူ ဝယ်ယူ


Lamborghiniမှ ထုတ်လုပ်တဲ့ အိမ်စီးပြိုင်ကားတွေ ရောင်းချတာ စီးရေ တစ်သောင်းပြည့်အဖြစ်

Aventador SVJ Roadster ကို ရောင်းချခဲ့ပါတယ်။ ဈေးနှုန်းက အမေရိကန်ဒေါ်လာ ၄၀၀ ၀၀၀ ကျော် ဖြစ်ပါတယ်။

ကားစီးရေ တစ်သောင်းဆိုတာ တိုယိုတာတို့လို့ ကားလုပ်ငန်းတွေအတွက်တော့ မှတ်တိုင်တစ်ခု မဟုတ်ပါဘူး။ ဒါပေမဲ့ ကားတစ်စီးကို အမေရိကန်ဒေါ်လာ လေးသိန်းကျော်ဖြင့် ရောင်းချတဲ့ ကားလုပ်ငန်းတွေအဖို့တော့ အောင်မြင်မှု မှတ်တိုင် တစ်ခု ဖြစ်ပါတယ်။
ဂျာမန် ကားလုပ်ငန်းစုကြီးဖြစ်တဲ့ VW Groupက ပိုင်ဆိုင်တဲ့ Lamborghini က ၎င်းရဲံ့စီးရေ တစ်သောင်းမြောက်ကားကို စက်တင်ဘာလဆန်းပိုင်းမှာ ထုတ်လုပ်ရောင်းချခဲ့ပါတယ်။ ကတ်ကြေးပုံ ပေါ်လှန်ဖွင့်တဲ့ တံခါးဒီဇိုင်းဖြစ်ပြီး နှစ်ယောက်စီး အိမ်စီးပြိုင်ကား ဖြစ်ပါတယ်။
အင်ဂျင်ပါဝါက မြင်းကောင်ရေ ၇၅၉ ရှိပြီး အမြင့်ဆုံး မောင်းနှင်နိုင်တဲ့ အမြန်နှုန်းက တစ်နာရီ ၂၁၇ မိုင် ဖြစ်ပါတယ်။

 

 

lamgogini_Aventador_SVJ_Roadster.jpg

Aventador

Aventador S ရဲ့ လက်ရှိ အခြေခံဈေးနှုန်း စက်ရုံထုတ်ဈေးက အမေရိကန်ဒေါ်လာ ၄၁၇ ၀၀၀ ဖြစ်ပါတယ်။ အမေရိကန်နိုင်ငံမှာတော့ အမေရိကန်ဒေါ်လာ ၅၇၅ ၀၀၀ ဖြင့် ဈေးဖွင့်ပါတယ်။ စီးရေ တစ်သောင်းမြောက်ကားကို ကြိုတင်အမှာစာဖြင့် ဝယ်ယူခဲ့သူဟာ ထိုင်းနိုင်ငံမှာ နေထိုင်သူလို့ သိရပါတယ်။ ဝယ်ယူသူရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ကြေညာခြင်း မပြုပါဘူး။ ထိုင်းနိုင်ငံမှာ Aventador SVJ Roadster ရောင်းဈေးက အမေရိကန်ဒေါ်လာ တစ်သန်းခွဲကျော် ရှိပါတယ်။


Lamborghini ရဲ့ ကားမော်ဒယ်တွေမှာ Aventador ဟာ အောင်မြင်ကျော်ကြားတဲ့ မော်ဒယ်ဖြစ်ပေမဲ့ အရောင်းရဆုံးစီးရေအရကြည့်ရင်တော့ ပထမနေရာကို မရဘူး။ Lamborghini ရဲ့ အရောင်းရဆုံး ကားမော်ဒယ်က Huracan ဖြစ်ပြီး စက်ရုံထုတ်ဈေးက အမေရိကန်ဒေါ်လာ ၂၀၈ ၀၀၀ ဖြစ်ပါတယ်။ ၂၀၁၄ ခုနှစ်မှာ Huracan ကားမော်ဒယ်ကို စတင်ထုတ်လုပ်ရောင်းချခဲ့ပြီး ယခုအခ စီးရေ ၁၄ ၀၂၂ စီး ရောင်းချခဲ့ပြီးပြီ ဖြစ်ပါတယ်။ Aventadorက အခုမှ စီးရေ တစ်သောင်းပြည့်တာ ဖြစ်ပါတယ်။

lamgogini_huracan.jpg

Huracan


Lamborghini ရဲ့ ကားမော်ဒယ် အမျိုးမျိုး ထုတ်လုပ်ရောင်းချမှုဟာ ၂၀၁၉ ခုနှစ်မှာ စံချိန်တင် ရောင်းချနိုင်ခဲ့ပြီး စီးရေ ၈ ၂၀၅ စီး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။ ၂၀၁၉ ခုနှစ်မှာ Urus SUV ကို စတင်ထုတ်လုပ်ခဲ့ပြီး အဝယ်လိုက်ခဲ့တာကြောင့် အခုလို ရောင်းရစီးရေ မြင့်တက်သွားခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၀ ခုနှစ် ပထမနှစ်မှာတော့ ကိုဗစ်ကပ်ရောဂါကြောင့် ရောင်းအား သိသိသာသ ကျဆင်းခဲ့တယ်လို့ ဆိုပါတယ်။

Source foxbusiness.com
Myanmar Automobile Guide

 

Read 4206 times