အိမ်စီးကားတွေမှာ အလိုအလျောက် ထိန်းကျောင်းမောင်းနှင်စနစ် တပ်ဆင်ပေးထားကြသည့်နည်းတူ ကွန်တိန်နာ ထရပ်ကားတွေမှာလည်း ပင်ကိုမောင်းနှင့် ထရပ်ကားတွေကို ကွန်တိန်နာ ဆိပ်ကမ်းတွေမှာ သုံးစွဲဖို့ ဂျာမနီနိုင်ငံမှ Hamburger Hafen und Logistik (HHLA)နှင့် မော်တော်ယာဉ်ထုတ်လုပ်ရေး လုပ်ငန်း MAN Truck & Bus တို့က Hamburg TruckPilot စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြပါယ်။ ယခုအခါ ပြီးစီးတဲ့အဆင့်သို့ ရောက်ရှိခဲ့ပြီ ဖြစ်ပါတယ်။
သုံးနှစ်ကြာ စီမံကိန်းဖြစ်ပြီး ဆိပ်ကမ်းမြို့ Hamburg နဲ့ ဂျာမန်ကားလုပ်ငန်း Volkswagen တို့ ပူးပေါင်းလုပ်ဆောင်နေကြတဲ့ မဟာဗျူဟာမြောက် ရွေ့လျားနိုင်ရေး အစီအစဉ်ရဲ့ အစိတ်အပိုင်း တစ်ခုအဖြစ် စီမံကိန်းကို အကောင်အထည်ဖော်ခဲ့ကြတာ ဖြစ်ပါတယ်။
HHLA Container Terminal Altenwerder (CTA) ဆိပ်ခံမှာ ပင်ကိုမောင်းနှင် ထရပ်ကားတွေကို ကွန်တိန်နာ အတင်အချအပါအဝင် အလိုအလျောက်မောင်းနှင်ခြင်းကို လက်တွေ့စမ်းသပ်ကြည့်ခဲ့ကြပါတယ်။
အစီအစဉ်မှာ လောဂျစ္စတစ်ပိုင်းမှ ပူးပေါင်းပါဝင်တဲ့ Spedition Jakob Weets က ပေ ၄၀ ကွန်တိန်နာများကို Volkswagen Group Logistics သယ်ပို့ခဲ့တာမှာ ပင်ကိုမောင်းနှင် ကွန်တိန်နာထရပ်ကားများဖြင့် Hamburg ဆိပ်ကမ်းမှ ကွန်တိန်နာဆိပ်ခံ CTA terminal မှာ စမ်းသပ်ကြည့်ခဲ့ပါတယ်။
ဆိပ်ကမ်းအတွင်းမှာ ပင်ကိုမောင်းနှင် ထရပ်ကားများက အလိုအလျောက် ထိန်းကျောင်း မောင်းနှင်နိုင်ကြပြီး အခြား သွားလာနေတဲ့ ယာဉ်များနှင့်လည်း ချောချောမွေ့မွေ့ အဆင်ပြေပြေ မောင်းနှင်ပေးနိုင်ကြပါတယ်။ ကွန်တိန်နာ တင်ဖို့ ကားထိုးပေးရမယ့်နေရာဆီကိုလည်း ဖြောင့်ဖြောင့်တန်းတန်း သွားနိုင်ကြတယ်။ ကားရပ်ရမယ့် နေရာမှာ အတိအကျ ရပ်ပေးတယ်။ ကားပေါ်မှ ကွန်တိန်နာ ချတာ၊ ကားပေါ်ကို ကွန်တိန်နာ တင်တာ လုပ်ကိုင်ပြီးတဲ့အခါ အပြန်ခရီးမှာ ထွက်ရမယ့် ဂိတ်ပေါက်ဆီကို ဖြောင့်ဖြောင့်တန်းတန်း ပြန်လာနိုင်ကြတယ်။ ဆိပ်ကမ်းအပြင်သို့ ရောက်ရှိတဲ့အခါ ရပ်စောင့်ပေးရမယ့် နေရာဆီကို သွားပြီး ရပ်စောင့်ပေးတယ်။ အဲဒီနေရာမှာ Jakob Weets မှ ယာဉ်မောင်းက ကားပေါ်တက်ပြီး စတင်မောင်းနှင်ပေးပါတယ်။
လောလောဆယ် စမ်းသပ်အဆင့်မှာ ရှိပြီး ၂၀၃၀ ခုနှစ်မှာ ပင်ကိုမောင်းနှင့် ထရပ်ကားများကို စတင်ထုတ်လုပ်မှာ ဖြစ်ပါတယ်။
splash247.com