Google ကုမ္ပဏီ၏ မောင်းသူမဲ့ မော်တော်ယာဉ်ကိုထုတ်လုပ်မည့် Waymo ကုမ္ပဏီက မီချီဂန်ပြည်နယ်တွင် စက်ရုံထူထောင်မည်ဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အလိုအလျောက်မောင်းနှင်သည့် မော်တော်ယာဉ်များကို အများအပြား ထုတ်လုပ်မည့် စက်ရုံတစ်ခုဖြစ်လာကာ အလုပ်အကိုင် ၄၀၀ ခန့်ကိုလည်း ဖန် တီးပေးနိုင်မည်ဟု ဇန်နဝါရီ ၂၂ ရက်အေပီသတင်းက ဆိုပါတယ်။
ယင်းကုမ္ပဏီသည် ဒက်ထရိုက် မြို့တွင် ထုတ်လုပ်ရေးစက်ရုံတစ်ခုကို တည်ထောင်ရန် ဒေါ်လာ ၁၃ ဒသမ ၆ သန်း ကို သုံးစွဲရန်စီစဉ်ထားပါတယ်။
ထို့ပြင် မီချီ ဂန်မူဝါဒပိုင်းဆိုင်ရာ ရန်ပုံငွေဘုတ်အဖွဲ့ မှ ဒေါ်လာ ၈ သန်းတန်ဖိုးရှိ ပြည်နယ် ထောက်ပံ့ငွေကိုလည်း ရရှိမှာ ဖြစ်ပါတယ်။
Waymo မှ ပြောဆိုခင့်ရ အမျိုးသမီး အလက်ဏီဂျော့ဆန်က ကုမ္ပဏီအနေဖြင့် အင်ဂျင်နီယာ၊ လုပ်ငန်းကျွမ်းကျင်သူနှင့် လုပ်ငန်းပူးပေါင်းဆောင်ရွက်သူများ အပါအဝင် စက်ရုံတွင် အလုပ်လုပ် ရန် လူ ၄၀၀ ခန့်အထိ ငှားရမ်းရန် စီစဉ်ထားသည်ဟုဆိုပါတယ်။
၎င်းက Waymo သည် မြေနေရာရှာဖွေနေပြီး ယခု နှစ်လယ်ခန့်တွင် စက်ရုံကိုဖွင့်လှစ်နိုင်ရန်မျှော်လင့်ထားပါတယ်။
မီချီဂန်ပြည်နယ် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှု ကော်ပိုရေး ရှင်းက Waymo သည် အလုပ်အကိုင် ၁၀၀ မှ ၄၀၀ ခန့်အထိ ဖန်တီးပေးနိုင်မည်ဖြစ်ပြီး အမေရိကန် အနောက် အလယ်ပိုင်း၊ တောင်ပိုင်း နှင့် အနောက်တောင် ပိုင်းတို့မှ စိတ်ဝင်စားမှု မြင့်တက်နေသော်လည်း မီချီဂန်ပြည်နယ်ကို ရွေး ချယ်ခဲ့ခြင်းဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။
ကုမ္ပဏီအနေဖြင့် မော်တော်ကား ထုတ်လုပ်သူများထံမှ ယာဉ်များဝယ်ယူပြီး မောင်းသူမဲ့စနစ်ကို ပေါင်းစပ်ဖန်တီး ခဲ့ပြီး ဖိနပ်မြို့တွင် ခရီးသည်များစီးနင်း လိုက်ပါနိုင်မည့် အစီအစဉ်တစ်ခုအနေဖြင့် Chrysler Pacifica မောင်းသူမဲ့ မီနီ ဗင်ကားများဖြင့် လက်ရှိတွင်စမ်းသပ်နေသော်လည်း ယာဉ်ပေါ်တွင်လူသားအကူ ယာဉ်မောင်းပါရှိပါတယ်။
ယင်းဝန်ဆောင် မှုလုပ်ငန်းများကို ဆန်ဖရန်ဆစ္စကိုဒေသ အထိချဲ့ထွင်သွားမည်ဖြစ်သော်လည်း အချိန်ကာလ ဖော်ပြပေးထားခြင်းမရှိပေ။
Pacificas အစီးရေ ၆၂ဝဝ မှ လျှပ်စစ် SUV 20000 ဝယ် ယူမည်ဟု ကြေညာထားပါတယ်။