“မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း” (Automotive Association Of Myanmar- AAM)ကို ယခင်က Authorized Automobile Distributors Association(AADA) အမည်ဖြင့် စတင်ခဲ့သည်။ ထူထောင်သည့် ရက်စွဲမှာ ၂၀၁၄ ခုနှစ် စက်တင်ဘာလ ၁၄ ရက်ဖြစ်သည်။
“မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း” ၏အဓိက ရည်ရွယ်ချက်များမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။
(၁)အများပြည်သူအတွက် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် လုံခြုံစိတ်ချရပြီးနိုင်ငံတော်၏ လမ်းစနစ်နှင့် ကိုက်ညီသော နိုင်ငံတကာအဆင့်မှီ ခေတ်မှီမော်တော်ယာဉ်အသစ်များကို တင်သွင်း၊ ထုတ်လုပ်င်္ပြီး ထုတ်လုပ်သူများ၏ အာမခံချက်များဖြင့် နိုင်ငံတကာ အလေ့အကျင့်အတိုင်း အရောင်းပြခန်း (Show Room)များတွင် ပြသ ရောင်းချရန်။
(၂)မော်တော်ယာဉ် အသစ်များအား “ရောင်းချပြီးဝန်ဆောင်မှု” နှင့် “ပုံမှန်ဝန်ဆောင်မှု” တို့ကို တာဝန်ယူဆောင်ရွက် ပေးခြင်းဖြင့် လက်ရှိဖြစ်ပေါ်နေသော ယာဉ်အို/ယာဉ်ဟောင်းများကြောင့် ယာဉ်မတော်တဆမှုများနှင့် ထိခိုက်သေဆုံးမှုများ လျှော့နည်းသွားစေရန်။
(၃)မှန်ကန်သည့် ဈေးနှုန်းဖြင့် တင်သွင်းလာသည့် မော်တော်ယာဉ်အသစ်များအတွက် တိကျသောအခွန်အခများကို ပေးဆောင်ခြင်းဖြင့် နိုင်ငံတော်ဘဏ္ဍာငွေတိုးတက်ရရှိစေရန်။
(၄)အရည်အသွေးအာမခံချက် နှင့် ဝန်ဆောင်မှုပိုင်းဆိုင်ရာ တာဝန်ယူမှု့ရှိသော မော်တော်ယာဉ် အသစ်များအား ရောင်းချပေးခြင်းဖြင့်၊ သုံးစွဲသူများမှ “သုံးစွဲသူအခွင့်အရေး” ကိုအပြည့်အ၀ ရရှိစေမည့်အပြင် စစ်မှန်သည့် ယာဉ်အပိုပစ္စည်း (Genuine Parts) များကိုပါ တင်သွင်း ရောင်းချပေးခြင်းဖြင့် ယာဉ်သုံးစွဲမှုပိုမိုအဆင်ပြေလာစေပြီး အာမခံချက်မရှိသော ယာဉ်ဟောင်းများကြောင့် ဆုံးရှုံးနစ်နာမှုများမှ ကင်းဝေးသွားစေရန်။
(၅)“သဘာဝပတ်ဝန်းကျင် နှင့် လေထုညစ်ညမ်းမှု” အလွန်နည်းသော မော်တော်ယာဉ်အသစ်များ သုံးစွဲခြင်းဖြင့် အများပြည်သူများ၏ကျန်းမာရေးထိခိုက်မှုလျော့နည်းစေရန်။
(၆)မော်တော်ယာဉ်များအား သတ်မှတ်စံချိန်စံညွှန်းများနှင့်အညီ ပုံမှန်စစ်ဆေးခြင်း၊ ပြုပြင် ထိန်းသိမ်းခြင်းနှင့် မှတ်တမ်းများထားရှိခြင်း စသည့်အလေ့အထကောင်းများရရှိစေရန်။
(၇)နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်လာသည်နှင့်အမျှ ပြည်သူများ လှပသစ်လွင်သော မော်တော်ယာဉ် အသုံးပြုခြင်းဖြင့် လူနေမှုအဆင့်အတန်း မြင့်မားလာပြီးတိုင်းပြည်ကျက်သရေတင့်တယ်စေရန်။
(၈)မြန်မာနိုင်ငံ၏ လမ်းစနစ်နှင့် ကိုက်ညီသော ဘယ်မောင်း မော်တော်ယာဉ်အသစ်များ တင်သွင်း၊ ထုတ်လုပ်သုံးစွဲစေခြင်းဖြင့် ယာဉ်အန္တရာယ်ကင်းရှင်းစေရန်။
(၉)မိမိတို့လုပ်ငန်းရှင်များအနေဖြင့် နိုင်ငံတကာအမှတ်တံဆိပ် ကားထုတ်လုပ်သူများ နှင့် ပူးပေါင်း ဆောင်ရွက်နေကြရသည်ဖြစ်ရာ မိမိတို့၏ အကျိုးစီးပွားအတွက် လုပ်ဆောင်ရင်း နိုင်ငံတော် အစိုးရ၏ တိုင်းပြည်ဖွံ့ဖြိုးရေးလုပ်ငန်းများတွင်လည်းကောင်း၊ မော်တော်ယာဉ် တင်သွင်းမှုနှင့် မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်းများတွင်လည်းကောင်း အခြားနိုင်ငံများနည်းတူ နိုင်ငံတော် ဖွံ့ဖြိုးတိုးတက်မှုနှင့်အတူ ဟန်ချက်ညီညီ နည်းမှန်လမ်းမှန် ဖွံ့ဖြိုးတိုးတက်စေရေး ကဏ္ဍ၌ တစ်တပ်တစ်အားပါဝင်ဆောင်ရွက်ရန်။
“မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း” တည်ရာလိပ်စာ
NO.010A, Building (B), Hnin Si Road, Sinmalite Highway Complex, Ward (6), Kamayut Township, Yangon, Myanmar.
Tel: +95-9-265022232
Fax: +95-1-255922, +95-1-534346
Email: [email protected]
“မြန်မာနိုင်ငံ အော်တိုမိုးတစ်(ဖ)အသင်း”၏ website
http://www.aadamyanmar.com/profile/
Facebook စာမျက်နှာ
https://www.facebook.com/aadamyanmar/