အမေရိကန် အိမ်စီးကားများ အားလုံး  အလိုအလျောက်အရေးပေါ်ဘရိတ်စနစ် ပါရန် ညွှန်ကြား


အမေရိကန် အိမ်စီးကားများ အားလုံး  အလိုအလျောက်အရေးပေါ်ဘရိတ်စနစ် ပါရန် ညွှန်ကြား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ကားအသစ်များတွင် ၉၀% သည် အလိုအလျောက် အရေးပေါ် ဘရိတ်စနစ် Automatic Emergency Braking (AEB) System ပါကြသော်လည်း အမေရိကန်နိုင်ငံ အမျိုးသား အဝေးပြေးလမ်း ယာဉ်အန္တရာယ် ကင်းရှင်းရေး ညွှန်ကြားမှု ဦးစီးဌာန National Highway Traffic Safety Administration (NHTSA) က ကားတိုင်းမှာ ပါစေလိုသည်။ အထူးသဖြင့် လမ်းသွားလမ်းလာများ ယာဉ်တိုက်မှု ကင်းဝေးစေလိုသည်။
.
သို့ဖြစ်ရာ အမေရိကန်တွင် အပေါ့စားယာဉ်များ အားလုံးနီးပါးတို့တွင် Automatic Emergency Braking (AEB) system တင်ဆင်ထားရမည့် စည်းမျဉ်းစည်းကမ်းအသစ်များကို NHTSA က အဆိုပြုထားသည်။
ထိုသို့ တပ်ဆင်ထားလျှင် တစ်နှစ်လျှင် လူ ၃၆၀ ဦးကျော်တို့ ယာဉ်တိုက်မှုကြောင့် အသက်ဆုံးရှုံးရခြင်းကို ကာကွယ်ပေးနိုင်မည်ဟု ဆိုသည်။
.
အမေရိကန်သယ်ယူပို့ဆောင်ရေးဝန်ကြီး Pete Buttigieg က "ယခင်မျိုးဆက်များမှာ ထိုင်ခုံခါးပတ်နှင့် လေအိတ်များကဲ့သို့သော အသက်ကယ်သည့် တီထွင်ဆန်းသစ်မှုများသည် ဘေးကင်းမှုကို မြှင့်တင်ပေးသကဲ့သို့ ကျွန်ုပ်တို့အားလုံး လမ်းများပေါ်တွင် ပိုမို‌ေဘးကင်းစေဖို့  အိမ်စီးကားများနှင့် ထရပ်ကားများပေါ်တွင် အလိုအလျောက် အရေးပေါ်ဘရိတ်စနစ် လိုအပ် ပါသည်။” ဟု ကြေညာချက်တွင် ပြောကြားထားသည်။

ယာဉ်အလေးချိန် ပေါင် တစ်သောင်း (4,536 kg) အောက် မော်တော်ယာဉ်များသည် AEB စနစ် ပါရန် မော်တော်ယာဉ် ထုတ်လုပ်သူများက အဆိုပြုလွှာ အတည်ပြုသည့်ရက်မှ  ၃ နှစ်အတွင်း ဆောင်ရွက်ကြရမည်။
အဆိုပြုလွှာသည် ယခုအခါ ရက် ၆၀ လူထုမှတ်ချက်ပေးသည့်ကာလကို ဖြတ်သန်းနေဆဲ ဖြစ်သည်။
.
အလိုအလျောက် အရေးပေါ် ဘရိတ် စနစ်များသည် ယာဉ်တိုက်မှု မလွဲမသွေ ဖြစ်လုနှီးပြီးဟု ဆုံးဖြတ်သည်နှင့် ချက်ချင်း အလိုအလျောက် ဘရိတ်အုပ်ပေးလိုက်သည်။ သို့ဖြစ်ရာ ယာဉ်တိုက်မှုကို လုံးလုံးလျားလျား ရှောင်လွှဲနိုင်စေသည်။ အကယ်၍ အရှိန်မထိန်းနိုင်သဖြင့် တိုက်မိလျှင်လည်း ပြင်းထန်မှုကို အနည်းဆုံးဖြစ်အောင် လျှော့ချပေးမည် ဖြစ်သည်။
ကားရှေ့မှ ယာဉ်ကို မတိုက်မိအောင် အမြန်နှုန်း တစ်နာရီ ၆၂ မိုင်အထိ ဆောင်ရွက်‌ေပးနိုင်မည် ဖြစ်သည်။ 
လမ်းသွားလမ်းလာကို မတိုက်မိအောင် တစ်နာရီ ၃၇ မိုင် (60 km/h) အထိ ဆောင်ရွက်ပေးနိုင်မည် ဖြစ်သည်။
အိမ်စီးကားများတွင် AEB စနစ် ပါသည့်အတွက် ပျမ်းမျှအားဖြင့် တစ်ရက်လျှင် လူတစ်ဦး အသက်ကို ကာကွယ်ပေးနိုင်မည်။ အနည်းဆုံးအနေဖြင့် တစ်နှစ်လျှင် လူ ၂၄,၀၀၀ ဦး ယာဉ်တိုက်မှုကြောင့် ထိခိုက်ဒဏ်ရာရခြင်းမှ ကာကွယ်ပေးနိုင်မည်ဟု NHTSA က ပြောကြားသည်။

Source carscoops

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 470 times