အော်တိုဂီယာကားသုံးသူတွေ သတိထားသင့်တာလေးတွေ


အော်တိုဂီယာကားတွေဟာ လက် ထိုးဂီယာသုံးကားတွေနဲ့စာရင် ဂီယာလေးထိုးထားလိုက်တာနဲ့ တစ်လမ်းလုံး ဘာမှလုပ်စရာမလို ဘဲ မောင်းလို့ရတဲ့ကားမို့ ယာဉ် မောင်းတတ်ခါစတွေရဲ့ အကြိုက် ပါပဲ။

လွယ်ကူသက်သာတဲ့ အော် တိုဂီယာကားတွေမှာလည်း ယာဉ် မောင်းတွေ သတိထားသင့်တဲ့ အချက်လေးတွေရှိတာမို့ ဖော်ပြ ပေးလိုက်ပါတယ်။

P(Park)ဂီယာဖြင့် ကားရပ်ခြင်း

အော်တိုဂီယာမှာပါတဲ့ P ဂီယာဆိုတာဟာ လုံးဝရပ်တန့် ထားတော့မယ့်အချိန်မျိုးမှာ သုံး တဲ့ဂီယာမဟုတ်ဘူးဆိုတာ သတိ ချပ်ဖို့ လိုပါတယ်။ P ဂီယာဟာ မီးပွိုင့်စောင့်နေတုန်းပဲဖြစ်ဖြစ်၊ ယာဉ်ကြောကျပ်ထဲမှာ ရပ်ထား တုန်း ဘီးလိမ့်သွားတာမျိုးမဖြစ်ရ အောင် ခေတ္တရပ်တန့်ဖို့သာ ဖြစ် ပါတယ်။ ကားစိတ်ချလက်ချရပ်ဖို့ ဆိုရင်တော့ ဟန်းဘရိတ်ဆွဲဖို့ကို မေ့လို့မရပါဘူး။

N(Neutral) ဂီယာဖြင့် တောင် ဆင်းမောင်းခြင်း

တောင်အဆင်းတွေမောင်း တဲ့အခါမှာ N ဂီယာနဲ့ မောင်းတဲ့ အလေ့အထကိုလည်း ရှောင်ဖို့လို အပ်ပါတယ်။

ကားအရှိန်နဲ့သွားနေတုန်း ဂီယာ ချိန်းခြင်း

ကားအမြန်နှုန်းနဲ့ သွားနေ တုန်း ဂီယာ N ပဲဖြစ်ဖြစ်၊ P ပဲဖြစ် ဖြစ် ပြောင်းပစ်တာမျိုးမလုပ်သင့် ပါဘူး။ ဒီလိုလုပ်ရင်းကနေ ဂီယာ အစိတ်အပိုင်းတွေ ပျက်စီးတတ် တဲ့အတွက် ကားကိုရပ်ပြီးမှ ပြောင်းတာမျိုး လုပ်သင့်ပါတယ်။

ကားမရပ်ဘဲ R ဂီယာနဲ့ D ဂီယာ ချိန်းခြင်း

ကားကို လုံးဝရပ်ပြီးတော့မှ နောက်ပဲဆုတ်ဆုတ်၊ ရှေ့ကိုပဲ သွားသွား ဂီယာတွေချိန်းပါ။ မဟုတ်ရင်တော့ အရှိန်နဲ့သွားနေ တုန်း ဂီယာချိန်းသလိုမျိုးပဲ ဂီယာ အစိတ်အပိုင်းတွေ ပျက်စီးကုန် မှာမို့ပါ။

သဲတို့၊ ရွှံ့တို့ နစ်နေချိန်မှာ ဂီယာခဏခဏပြောင်းမောင်းခြင်း

ကားနစ်နေတဲ့အချိန်မှာ D ကို ပြောင်းလိုက်၊ Rကိုပြောင်းလိုက်နဲ့ လုပ်ရင်းကနေ ဂီယာဘောက်စ် အပူလွန်ကဲတာမျိုး ဖြစ်တတ်တဲ့ အတွက် ကရိန်းတစ်စီးစီးရဲ့ အကူ အညီသာယူလိုက်ပါ။

အင်ဂျင်မပူခင် ဂီယာထိုးခြင်း

ကားရပ်ထားပြီး စက်နှိုးပြီး တာနဲ့ တန်းပြီးဂီယာထိုးမောင်း ထွက်တာမျိုးမလုပ်ဘဲ အင်ဂျင်ပူ အောင် ခဏထားပြီးမှ မောင်းတာ မျိုး လုပ်သင့်ပါတယ်။

ကားကို စနစ်တကျမဆွဲခြင်း

ကားတစ်ခုခု ချို့ယွင်းသွား လို့ တခြားကားတစ်စီး အကူအညီ နဲ့ ဆွဲရတော့မယ်ဆိုရင် အော်တို ဂီယာကားတွေက ဂီယာပျက်စီး လွယ်တဲ့အတွက် ကားက ရှေ့ ယက်လား၊ နောက်ယက်လား၊ Four-Wheel လားဆိုတာ သေ ချာသိထားပြီးမှ လုပ်သင့်ပါတယ်။

တတ်ကျွမ်းနားလည်သူကို မပြခြင်း

အောတိုဂီယာအများစုက ပြင်ရတယ်လို့ သိပ်မရှိလှပေမယ့် ပထမဆုံးအကြိမ် ပြဿနာတစ်ခု ခုတွေ့တာနဲ့ ပေါ့ပေါ့ဆဆမလုပ် ဘဲ အော်တိုဂီယာသေချာကျွမ်း ကျင်တဲ့ ပညာရှင်နဲ့ပြဖို့ လိုပါ တယ်။ 
 

Read 4038 times