အော်တိုဂီယာကားများသည်လက်ထိုးဂီယာသုံးကားများနှင့်စာရင် ဂီယာထိုးလိုက်သည်နှင့် တစ်လမ်းလုံးဘာမှလုပ်စရာမလိုပဲမောင်းနှင်နိုင်သောကြောင့်ယာဉ်မောင်းတတ်ခါစများ၏ အကြိုက်ဖြစ်ပါသည်။
လွယ်ကူသက်သာသည့်အော်တိုဂီယာကားများမှာလည်း ယာဉ်မောင်းများသတိထားသင့်သည့် အချက်များရှိပါသည်။
P(Park)ဂီယာဖြင့် ကားရပ်ခြင်း
အော်တိုဂီယာတွင်ပါသည့် P ဂီယာဆိုသည်မှာလုံးဝရပ်တန့်ထားတော့မည့်အချိန်မျိုးတွင်အသုံးပြု သည့်ဂီယာမမဟုတ်မှန်းသတိထားသင့်ပါသည်။
P ဂီယာသည်မီးပွိုင့်စောင့်နေတုန်း သို့မဟုတ် ယာဉ်ကြောကျပ်သည့်အချိန်တွင်ရပ်ထားတုန်းဘီးလိမ့် သွားခြင်းမျိုးမဖြစ်စေရန်ခေတ္တရပ်တန့်ရန်ဖြစ်ပါသည်။
ကားစိတ်ချလက်ချရပ်လိုပါက ဟန်းဘရိတ်ဆွဲရန်မေ့လို့မရပါ။
N(Neutral) ဂီယာဖြင့်တောင်ဆင်းမောင်းခြင်း
တောင်အဆင်းတွေမောင်းသည့်အခါတွင် N ဂီယာနှင့်မောင်းသည့်အလေ့အထကိုလည်းရှောင်ဖို့လို အပ်ပါသည်။
ကားအရှိန်နဲ့သွားနေတုန်းဂီယာချိန်းခြင်း
ကားအမြန်နှုန်းနှင့်သွားနေစဉ်အတွင်းဂီယာ N ပဲဖြစ်ဖြစ်၊ P ပဲဖြစ်ဖြစ်ပြောင်းပစ်တာမျိုးမလုပ်သင့်ပါဘူး။ ဒီလိုလုပ်ရင်းမှဂီယာအစိတ်အပိုင်းများပျက်စီးတတ်သည့်အတွက်ကားကိုရပ်ပြီးမှပြောင်းတာမျိုး လုပ်သင့်ပါသည်။
ကားမရပ်ဘဲR ဂီယာနှင့်D ဂီယာချိန်းခြင်း
ကားကိုလုံးဝရပ်ပြီးတော့မှနောက်ပဲဆုတ်ဆုတ်၊ ရှေ့ကိုပဲသွားသွားဂီယာတွေချိန်းပါ။
မဟုတ်ရင်တော့ အရှိန်နဲ့သွားနေ တုန်း ဂီယာချိန်းသလိုမျိုးပဲ ဂီယာ အစိတ်အပိုင်းတွေ ပျက်စီးကုန် မှာမို့ပါ။
သဲတို့၊ ရွှံ့တို့ နစ်နေချိန်မှာဂီယာခဏခဏပြောင်းမောင်းခြင်း
ကားနစ်နေတဲ့အချိန်မှာ D ကို ပြောင်းလိုက်၊ Rကိုပြောင်းလိုက်နှင့်လုပ်ရင်းကနေဂီယာဘောက်စ် အပူလွန်ကဲတာမျိုးဖြစ်တတ်သည့်အတွက်ကရိန်းတစ်စီးစီး၏အကူအညီသာယူလိုက်ပါ။
အင်ဂျင်မပူခင်ဂီယာထိုးခြင်း
ကားရပ်ထားပြီးစက်နှိုးပြီးသည်နှင့်တန်းပြီးဂီယာထိုးမောင်းထွက်တာမျိုးမလုပ်ဘဲအင်ဂျင်ပူအောင် ခဏထားပြီးမှမောင်းတာမျိုးလုပ်သင့်ပါတယ်။
ကားကိုစနစ်တကျမဆွဲခြင်း
ကားတစ်ခုခုချို့ယွင်းသွားလို့တခြားကားတစ်စီးအကူအညီနှင့်ဆွဲရတော့မည်ဆိုပါကအော်တို ဂီယာကားများမှာဂီယာပျက်စီးလွယ်သည့်အတွက်ကားက ရှေ့ယက်လား၊ နောက်ယက်လား၊ Four-Wheel လားဆိုတာသေချာသိထားပြီးမှလုပ်သင့်ပါသည်။
တတ်ကျွမ်းနားလည်သူကိုမပြခြင်း
အောတိုဂီယာအများစုကပြင်ရသည်ဟုသိပ်မရှိလှသော်လည်းပထမဆုံးအကြိမ်ပြဿနာတစ်ခု ခုတွေ့သည်နှင့် ပေါ့ပေါ့ဆဆမလုပ်ဘဲအော်တိုဂီယာသေချာကျွမ်းကျင်သည့်ပညာရှင်နှင့်ပြရန်လိုအပ် ပါသည်။