အော်တိုဆီလဲရာတွင်လိုသိထားသင့်သောအချက်များနှင့် ဆီအမှတ်(Oil level) စစ်ဆေးနည်းများ


အာ်တိုဂီယာ(Auto Transmission)ကားတစ်စီး ဆီလဲရာတွင် ပထမဆုံးလိုအပ်ချက်မှာ... ဆီမဖောက်ချခင် ၎င်းအော်တိုဂီယာသုံးထားသော ဆီအမျိုးအစားမှာ... ATF(Automatic Transmission Fluid) ဆီအမျိုးအစားလား CVT(Continuously Variable Transmission)ဆီအမျိုးအစားလားသိရှိရန်မှာ အလွန်အရေးကြီးသောအချက်ပင်ဖြစ်ပါသည်။

ဆီအမျိုးအစားမှားထည့်မိပါက ဂီယာဘောက်ပျက်စီးကာ မော်တော်ယာဉ်ပိုင်ရှင်များမှာ နစ်နာကြရပေသည်။ မြန်မာပြည်တွင်ယခင်က CVT/ATF ဂီယာများ ပျက်စီးရခြင်း၏ ၅၀% ကျော်မှာ ဆီမှားထည့်ခြင်းကြောင့်သာဖြစ်သောကြောင့် ဆီလဲပေးခြင်းလုပ်ငန်း လုပ်ကိုင်သော ကားဆားဗစ်များမှာ အင်ဂျင်ဝိုင်(Engine Oil) ဂီယာဝိုင်(Transmission Oil) အမျိုးအစားများကို ကျွမ်းကျင်စွာသိရှိသော ဝန်ထမ်းများရှိရန်မဖြစ်မနေလိုအပ်ပါသည်။

 

ကျွမ်းကျင်ဝန်ထမ်းများရှိမှသာ ဆီအမျိုးအစားမှန်ကန်စွာလဲပေးနိုင်မှသာ မော်တော်ယာဉ်များ၏ အော်တိုဂီယာများပျက်စီးချိန်မတန်ခင် ပျက်ခြင်းမှ ကင်းဝေးစေမည်ဖြစ်သည်။

 

ATF/CVT ဆီကိုခွဲခြားသိပါကလည်း မိမိဆီလဲလှယ်သော အော်တိုဂီယာကားသည် ATF ဖြစ်ပါက မိမိဆီလဲလှယ်ရသောကားသည် Dexron , T-IV , WS , SP , Matic စသည်ဖြင့် ကားထုတ်လုပ်သော ကုမ္ပဏီမှ ညွှန်ကြားထားသော ဆီအမျိုးအစားကို မှန်ကန်စွာရွေးချယ်တတ်ရန်လိုပေသည်။ ထိုဆီအမျိုးအစားများကို အော်တိုဆီတိုင်းသော ဂိတ်တံ (ATF Level Gauge) တွင် ရေးသားဖော်ပြထားတတ်ပါသည်။

 

အကောင်းဆုံးကတော့ Genuine Oil ကတော့ အကောင်းဆုံးပင်ဖြစ်သော်လည်း အချို့သောဆီများမှာ မူရင်းကုမ္ပဏီထုတ် AFT ဆီများမရရှိပါက အခြားကုမ္ပဏီထုတ်ဆီများတွင်လည်း ၎င်းဆီပုံးတွင် အသုံးပြုနိုင်သော ကားအမျိုးအစားများ ဆီအမျိုးအစားများကိုရေးသားညွှန်ကြားထားပါ၍ မိမိဆီလဲလှယ်သော ကားမည့်သည့်အမျိုးအစားထည့်ရမည်ကို ရှာဖွေကြည့်ရှု့ကာ ဆီလဲလှယ်ပေးနိုင်ပါသည်။

 

CVT ဆီကတော့ Genuine Oil ကိုသာ မဖြစ်မနေသုံးရန် ကားကုမ္ပဏီများက Owner Manual တွင်ညွှန်ကြားထားပါသည် ကားကုမ္ပဏီ တစ်ခုနှင့် တစ်ခု CVT ဂီယာတွင် အသုံးပြုသော Metal Belt မှာ မတူညီကြသဖြင့် CVT ဆီအသုံးပြုသောအမျိုးအစားများမှာလည်း မတူညီပေ ထို့ကြောင့် မူရင်းကုမ္ပဏီထုတ် CVT ဆီကို မဖြစ်မနေသုံးရန်လိုအပ်ပေသည် ဥပမာ...Honda ကားအမျိုးအစားများတွင်အသုံးပြုသော CVT ဆီမှာ HMMF ဆီအမျိုးအစားပင်ဖြစ်ပေသည်။

 

HMMF ဆီအစား အခြားဆီများထည့်ပါက Metal Belt များ ပျက်စီးကာ စထွက်ကာစတွင် ကားတုန်ခြင်း၊ ဂီယာဘောက်အတွင်းမှ အသံမြည်ခြင်း၊ စအထွက်တွင် ပုံမှန်ရှိရမည့် အင်ဂျင်အပတ်ရေနှင့် ကားမသွားသဖြင့် လီဘာ (Accelerator) ကို ပိုနင်းမှ အင်ဂျင်အပတ်ရေများမှ ကားသွားခြင်း ဂီယာအချိန်းနောက်ကျခြင်း ကုန်းမတက်နိုင်ခြင်း စသည့် ချို့ယွင်းချက်များဖြစ်တတ်ပါသည်။ ထို့ကြောင့် CVT ဆီများအား အတတ်နိုင်ဆုံး မူရင်းကုမ္ပဏီထုတ်ဆီသာ အသုံးပြုသင့်ပါသည်။

 

အာ်တိုဆီလဲလှယ်ရာတွင် ဆီကန်ဖွင့်၍ရသော အမျိုးအစားဖြစ်ပါက ဆီကန်ဖွင့်ကာ အော်တိုဆီစစ်အား ဆေးကြောသန့်စင်ပေးခြင်း အသစ်ဝယ်ယူလဲလှယ်၍ ရပါက အသစ်လဲလှယ်ပေးခြင်းပြုလုပ်သင့်ပါသည်။ အော်တိုဆီ လဲလှယ်ရာတွင် စက်ဖြင့်လဲခြင်းနှင့် ရိုးရိုးလဲလှယ်ခြင်းတို့ကို မော်တော်ယာဉ်ပိုင်ရှင်မှ ရွေးချယ်နိုင်ပါသည်။ စက်ဖြင့်လဲလှယ်ပါက အော်တိုဆီဖိုး ၂ ဆ ကုန်ကျမည်ဖြစ်ကာ ရိုးရိုးလဲလှယ်ပါက ဆီးဖိုးတစ်ဝက်သက်သာမည်ဖြစ်ပါသည်။ သို့သော် အလွန်အမင်း ညစ်ပတ်နေသော အော်တိုဆီများကိုလဲလှယ်ရာတွင် စက်ဖြင့် လဲလှယ်ခြင်း ဆီကန်ဖွင့်ကာ ဇကာဆေးခြင်းများလုပ်သင့်ပါသည်။

 

မည်သည့် နည်းဖြင့်လဲလှယ်သည်ဖြစ်စေ ဆီများအကုန်ဖောက်ချပြီးပါက ဖရုံသီး (Torque Converter) ထဲရှိဆီများ ကုန်သွားစေရန် စက္ကန့် (၃၀) ခန့် စက်နိုးလိုက် ရပ်လိုက် ပြန်နိုးလိုက်နှင့် ၄/၅ ကြိမ်ခန့်ပြုလုပ်ပါက ဖရုံသီးနှင့် ဂီယာဘောက်ထဲရှိ ဆီကျန်များ ထွက်နိုင်သမျှ ထွက်လာပါသည်။ စက်နိုးပြီး ရပ်လိုက်ချိန်တွင် ဆီမကျတော့ပါက ဆီကန်အား ပြန်လည်တတ်ဆင်ခြင်း အော်တိုဆီ ဖောက်ချသော နတ်ပေါက်အား သေချာစွာပြန်လည်ကြပ်ကာ အော်တိုဆီအားဖြည့်ရမည်ဖြစ်ပါသည်။

 

အော်တိုဆီထည့်နေချိန်တွင်ဂီယာအား Park Position တွင်ထား၍စက်နိုးထားရပါမည် အော်တိုဆီဖြည့်ရမည့် အတိုင်းအတာနီးပါဖြည့်ပြီးပါက ကားပေါ်တက်ကာ B or L , S or 2, 3, 4, Drive ဂီယာများအားတစ်ခုချင်း ဂီယာထည့်ပြီး ၅ စက္ကန့်ခန့်စီစောင့်ပါ။ အဆိုပါဂီယာများထည့်ပြီးပါက Over Drive ခလုတ်ပါပါက OD ခလုတ်နှိပ်ပြီး ခေတ္တစောင့်ဆိုင်းပါ။ ပြီးလျှင် Reverse ဂီယာအားထိုးပါ ခေတ္တစောင့်ဆိုင်း၍ စက်သတ်ပြီးတိုင်းချိန်တွင် ဆီအပူချိန် 28 C ံ မကျော်ပါက Maximum Cold အမှတ် နှင့် Minimum Hot အမှတ်အလည်တွင်ရောက်ရှိအောင်ဖြည့်ပါ။

 

ဒီနေရာတွင်ပြောစရာရှိသည်က အချို့ကားကုမ္ပဏီများက အော်တိုဆီတိုင်းရာတွင် စက်နိုး၍ တိုင်းရန်ညွှန်ကြားထားပြီး အချို့သော်ကားကုမ္ပဏီများက စက်သတ်၍ တိုင်းရန်ညွှန်ကြားထားသောကြောင့် Owner Manual ရှိပါက ကြည့်ရှု့နိုင်သော်လည်း Owner Manual မပါရှိပါက စက်ရပ်၍ တိုင်းသည်က အကောင်းဆုံးဖြစ်ပါသည် အဘယ့်ကြောင့်ဆိုသော် Oil Level မှတ်သည် လိုအပ်သည်ထက်ပိုများပါက အော်တိုဆီများသည်အပူချိန်ပိုများက အော်တို ကလပ်ပြားငယ်များ ပျက်စီးမြန်ခြင်း Seal , O Ring များ မာကြောလာကာ ဆီမထိန်းနိုင်သောကြောင့် ဂီယာအချိန်းနောက်ကျခြင်း ဂီယာချိန်းလျှင်ဆောင့်ခြင်း တို့ဖြစ်ကာ ဂီယာပျက်စီးတတ်ပါသည်။

 

ထို့ကြောင့် နောက်ပိုင်းဂီယာများတွင် ဆီပိုမဖြည့်နိုင်စေရန် Oil Level ပေါက်များ ဖောက်ကာ ဂီယာဝိုင်များ၍ အပူချိန်များသောကြောင့် ဂီယာအတွင်းရှိ ပစ္စည်းများ ပျက်စီးမှုနည်းစေရန် ကာကွယ်ထားခြင်းဖြစ်ပါသည်။ ဆီမတိုင်းခင် အထက်တွင်ဖော်ပြခဲ့သလို ဂီယာအကုန်ထည့်ကာ ခေတ္တစောင့်ဆိုင်းရန်ကိုတော့ မဖြစ်မနေလိုအပ်ပါသည်။

 

ဆီဖြည့်ပြီးသတ်မှတ် Level ရောက်ပါက ကားအား ၅ ကီလိုကျော်ခန့်စမ်းသပ်မောင်းနှင်ကြည့်ကာ ဂီယာအချိန်းအပြောင်းမှန်ပါက စက်ရပ်ကာ ဆီတိုင်းကြည့်ပါ Maximum Hot အမှတ်တွင်မရောက်သေးပါက သတ်မှတ်အမှတ်ရောက်သည်အထိဆီထပ်ဖြည့်ပါ အော်တိုဆီ ယိုစိမ့်ခြင်းရှိ / မရှိစစ်ဆေးပြီးလျှင် ဆီယိုစိမ့်ခြင်းမရှိပါက မော်တော်ယာဉ်ပိုင်ရှင်ထံသို့ ပြန်လည်အပ်နှံနိုင်ပြီဖြစ်ပါသည်။

 

မှတ်ချက်။ စက်နိုးထား၍အော်တိုဆီတိုင်းပါက Cold Level ထက် ပို၍ မဖြည့်သင့်ပါ။ အော်တိုဆီများပါက ဂီယာဝိုင်အပူချိန်ပိုများကာ ဂီယာအတွင်းပိုင်းပစ္စည်းများ ပျက်စီးစေတတ်သောကြောင့်ဖြစ်ပါသည်။

 

ယခုနောက်ပိုင်းလာသောမော်ဒယ်မြင့်ကားများတွင် အော်တိုဆီတိုင်းသော Level Gauge တံများမပါရှိသောကားများလည်းရှိပါသည်။ ထိုကားများတွင် ကားအမျိုးအစားအလိုက် Oil Level ပေါက်ပါရှိပါသည်။ ထို Level ပေါက်မှ ဆီကျလာသည်အထိ အထက်ဖော်ပြပါနည်းလမ်းအတိုင်း ဖြည့်ရမည်ဖြစ်ပါသည်။

 

( Zawgyi )

ေအာ္တိုဆီလဲရာတြင္လိုသိထားသင့္ေသာအခ်က္မ်ားႏွင့္ ဆီအမွတ္(Oil level) စစ္ေဆးနည္းမ်ား

 

အာ္တိုဂီယာ(Auto Transmission)ကားတစ္စီး ဆီလဲရာတြင္ ပထမဆုံးလိုအပ္ခ်က္မွာ... ဆီမေဖာက္ခ်ခင္ ၎ေအာ္တိုဂီယာသုံးထားေသာ ဆီအမ်ိဳးအစားမွာ... ATF(Automatic Transmission Fluid) ဆီအမ်ိဳးအစားလား CVT(Continuously Variable Transmission)ဆီအမ်ိဳးအစားလားသိရွိရန္မွာ အလြန္အေရးႀကီးေသာအခ်က္ပင္ျဖစ္ပါသည္။ ဆီအမ်ိဳးအစားမွားထည့္မိပါက ဂီယာေဘာက္ပ်က္စီးကာ ေမာ္ေတာ္ယာဥ္ပိုင္ရွင္မ်ားမွာ နစ္နာၾကရေပသည္။ ျမန္မာျပည္တြင္ယခင္က CVT/ATF ဂီယာမ်ား ပ်က္စီးရျခင္း၏ ၅၀% ေက်ာ္မွာ ဆီမွားထည့္ျခင္းေၾကာင့္သာျဖစ္ေသာေၾကာင့္ ဆီလဲေပးျခင္းလုပ္ငန္း လုပ္ကိုင္ေသာ ကားဆားဗစ္မ်ားမွာ အင္ဂ်င္ဝိုင္(Engine Oil) ဂီယာဝိုင္(Transmission Oil) အမ်ိဳးအစားမ်ားကို ကြၽမ္းက်င္စြာသိရွိေသာ ဝန္ထမ္းမ်ားရွိရန္မျဖစ္မေနလိုအပ္ပါသည္။ ကြၽမ္းက်င္ဝန္ထမ္းမ်ားရွိမွသာ ဆီအမ်ိဳးအစားမွန္ကန္စြာလဲေပးႏိုင္မွသာ ေမာ္ေတာ္ယာဥ္မ်ား၏ ေအာ္တိုဂီယာမ်ားပ်က္စီးခ်ိန္မတန္ခင္ ပ်က္ျခင္းမွ ကင္းေဝးေစမည္ျဖစ္သည္။

 

ATF/CVT ဆီကိုခြဲျခားသိပါကလည္း မိမိဆီလဲလွယ္ေသာ ေအာ္တိုဂီယာကားသည္ ATF ျဖစ္ပါက မိမိဆီလဲလွယ္ရေသာကားသည္ Dexron , T-IV , WS , SP , Matic စသည္ျဖင့္ ကားထုတ္လုပ္ေသာ ကုမၸဏီမွ ၫႊန္ၾကားထားေသာ ဆီအမ်ိဳးအစားကို မွန္ကန္စြာေ႐ြးခ်ယ္တတ္ရန္လိုေပသည္။ ထိုဆီအမ်ိဳးအစားမ်ားကို ေအာ္တိုဆီတိုင္းေသာ ဂိတ္တံ (ATF Level Gauge) တြင္ ေရးသားေဖာ္ျပထားတတ္ပါသည္။ အေကာင္းဆုံးကေတာ့ Genuine Oil ကေတာ့ အေကာင္းဆုံးပင္ျဖစ္ေသာ္လည္း အခ်ိဳ႕ေသာဆီမ်ားမွာ မူရင္းကုမၸဏီထုတ္ AFT ဆီမ်ားမရရွိပါက အျခားကုမၸဏီထုတ္ဆီမ်ားတြင္လည္း ၎ဆီပုံးတြင္ အသုံးျပဳႏိုင္ေသာ ကားအမ်ိဳးအစားမ်ား ဆီအမ်ိဳးအစားမ်ားကိုေရးသားၫႊန္ၾကားထားပါ၍ မိမိဆီလဲလွယ္ေသာ ကားမည့္သည့္အမ်ိဳးအစားထည့္ရမည္ကို ရွာေဖြၾကည့္ရႈ႕ကာ ဆီလဲလွယ္ေပးႏိုင္ပါသည္။

 

CVT ဆီကေတာ့ Genuine Oil ကိုသာ မျဖစ္မေနသုံးရန္ ကားကုမၸဏီမ်ားက Owner Manual တြင္ၫႊန္ၾကားထားပါသည္ ကားကုမၸဏီ တစ္ခုႏွင့္ တစ္ခု CVT ဂီယာတြင္ အသုံးျပဳေသာ Metal Belt မွာ မတူညီၾကသျဖင့္ CVT ဆီအသုံးျပဳေသာအမ်ိဳးအစားမ်ားမွာလည္း မတူညီေပ ထို႔ေၾကာင့္ မူရင္းကုမၸဏီထုတ္ CVT ဆီကို မျဖစ္မေနသုံးရန္လိုအပ္ေပသည္ ဥပမာ...Honda ကားအမ်ိဳးအစားမ်ားတြင္အသုံးျပဳေသာ CVT ဆီမွာ HMMF ဆီအမ်ိဳးအစားပင္ျဖစ္ေပသည္။ HMMF ဆီအစား အျခားဆီမ်ားထည့္ပါက Metal Belt မ်ား ပ်က္စီးကာ စထြက္ကာစတြင္ ကားတုန္ျခင္း၊ ဂီယာေဘာက္အတြင္းမွ အသံျမည္ျခင္း၊ စအထြက္တြင္ ပုံမွန္ရွိရမည့္ အင္ဂ်င္အပတ္ေရႏွင့္ ကားမသြားသျဖင့္ လီဘာ (Accelerator) ကို ပိုနင္းမွ အင္ဂ်င္အပတ္ေရမ်ားမွ ကားသြားျခင္း ဂီယာအခ်ိန္းေနာက္က်ျခင္း ကုန္းမတက္ႏိုင္ျခင္း စသည့္ ခ်ိဳ႕ယြင္းခ်က္မ်ားျဖစ္တတ္ပါသည္။ ထို႔ေၾကာင့္ CVT ဆီမ်ားအား အတတ္ႏိုင္ဆုံး မူရင္းကုမၸဏီထုတ္ဆီသာ အသုံးျပဳသင့္ပါသည္။

 

အာ္တိုဆီလဲလွယ္ရာတြင္ ဆီကန္ဖြင့္၍ရေသာ အမ်ိဳးအစားျဖစ္ပါက ဆီကန္ဖြင့္ကာ ေအာ္တိုဆီစစ္အား ေဆးေၾကာသန႔္စင္ေပးျခင္း အသစ္ဝယ္ယူလဲလွယ္၍ ရပါက အသစ္လဲလွယ္ေပးျခင္းျပဳလုပ္သင့္ပါသည္။ ေအာ္တိုဆီ လဲလွယ္ရာတြင္ စက္ျဖင့္လဲျခင္းႏွင့္ ႐ိုး႐ိုးလဲလွယ္ျခင္းတို႔ကို ေမာ္ေတာ္ယာဥ္ပိုင္ရွင္မွ ေ႐ြးခ်ယ္ႏိုင္ပါသည္။ စက္ျဖင့္လဲလွယ္ပါက ေအာ္တိုဆီဖိုး ၂ ဆ ကုန္က်မည္ျဖစ္ကာ ႐ိုး႐ိုးလဲလွယ္ပါက ဆီးဖိုးတစ္ဝက္သက္သာမည္ျဖစ္ပါသည္။ သို႔ေသာ္ အလြန္အမင္း ညစ္ပတ္ေနေသာ ေအာ္တိုဆီမ်ားကိုလဲလွယ္ရာတြင္ စက္ျဖင့္ လဲလွယ္ျခင္း ဆီကန္ဖြင့္ကာ ဇကာေဆးျခင္းမ်ားလုပ္သင့္ပါသည္။

 

မည္သည့္ နည္းျဖင့္လဲလွယ္သည္ျဖစ္ေစ ဆီမ်ားအကုန္ေဖာက္ခ်ၿပီးပါက ဖ႐ုံသီး (Torque Converter) ထဲရွိဆီမ်ား ကုန္သြားေစရန္ စကၠန႔္ (၃၀) ခန႔္ စက္ႏိုးလိုက္ ရပ္လိုက္ ျပန္ႏိုးလိုက္ႏွင့္ ၄/၅ ႀကိမ္ခန႔္ျပဳလုပ္ပါက ဖ႐ုံသီးႏွင့္ ဂီယာေဘာက္ထဲရွိ ဆီက်န္မ်ား ထြက္ႏိုင္သမွ် ထြက္လာပါသည္။ စက္ႏိုးၿပီး ရပ္လိုက္ခ်ိန္တြင္ ဆီမက်ေတာ့ပါက ဆီကန္အား ျပန္လည္တတ္ဆင္ျခင္း ေအာ္တိုဆီ ေဖာက္ခ်ေသာ နတ္ေပါက္အား ေသခ်ာစြာျပန္လည္ၾကပ္ကာ ေအာ္တိုဆီအားျဖည့္ရမည္ျဖစ္ပါသည္။ ေအာ္တိုဆီထည့္ေနခ်ိန္တြင္ဂီယာအား Park Position တြင္ထား၍စက္ႏိုးထားရပါမည္ ေအာ္တိုဆီျဖည့္ရမည့္ အတိုင္းအတာနီးပါျဖည့္ၿပီးပါက ကားေပၚတက္ကာ B or L , S or 2, 3, 4, Drive ဂီယာမ်ားအားတစ္ခုခ်င္း ဂီယာထည့္ၿပီး ၅ စကၠန႔္ခန႔္စီေစာင့္ပါ။

 

အဆိုပါဂီယာမ်ားထည့္ၿပီးပါက Over Drive ခလုတ္ပါပါက OD ခလုတ္ႏွိပ္ၿပီး ေခတၱေစာင့္ဆိုင္းပါ။ ၿပီးလွ်င္ Reverse ဂီယာအားထိုးပါ ေခတၱေစာင့္ဆိုင္း၍ စက္သတ္ၿပီးတိုင္းခ်ိန္တြင္ ဆီအပူခ်ိန္ 28 C ံ မေက်ာ္ပါက Maximum Cold အမွတ္ ႏွင့္ Minimum Hot အမွတ္အလည္တြင္ေရာက္ရွိေအာင္ျဖည့္ပါ။

 

ဒီေနရာတြင္ေျပာစရာရွိသည္က အခ်ိဳ႕ကားကုမၸဏီမ်ားက ေအာ္တိုဆီတိုင္းရာတြင္ စက္ႏိုး၍ တိုင္းရန္ၫႊန္ၾကားထားၿပီး အခ်ိဳ႕ေသာ္ကားကုမၸဏီမ်ားက စက္သတ္၍ တိုင္းရန္ၫႊန္ၾကားထားေသာေၾကာင့္ Owner Manual ရွိပါက ၾကည့္ရႈ႕ႏိုင္ေသာ္လည္း Owner Manual မပါရွိပါက စက္ရပ္၍ တိုင္းသည္က အေကာင္းဆုံးျဖစ္ပါသည္ အဘယ့္ေၾကာင့္ဆိုေသာ္ Oil Level မွတ္သည္ လိုအပ္သည္ထက္ပိုမ်ားပါက ေအာ္တိုဆီမ်ားသည္အပူခ်ိန္ပိုမ်ားက ေအာ္တို ကလပ္ျပားငယ္မ်ား ပ်က္စီးျမန္ျခင္း Seal , O Ring မ်ား မာေၾကာလာကာ ဆီမထိန္းႏိုင္ေသာေၾကာင့္ ဂီယာအခ်ိန္းေနာက္က်ျခင္း ဂီယာခ်ိန္းလွ်င္ေဆာင့္ျခင္း တို႔ျဖစ္ကာ ဂီယာပ်က္စီးတတ္ပါသည္။ ထို႔ေၾကာင့္ ေနာက္ပိုင္းဂီယာမ်ားတြင္ ဆီပိုမျဖည့္ႏိုင္ေစရန္ Oil Level ေပါက္မ်ား ေဖာက္ကာ ဂီယာဝိုင္မ်ား၍ အပူခ်ိန္မ်ားေသာေၾကာင့္ ဂီယာအတြင္းရွိ ပစၥည္းမ်ား ပ်က္စီးမႈနည္းေစရန္ ကာကြယ္ထားျခင္းျဖစ္ပါသည္။ ဆီမတိုင္းခင္ အထက္တြင္ေဖာ္ျပခဲ့သလို ဂီယာအကုန္ထည့္ကာ ေခတၱေစာင့္ဆိုင္းရန္ကိုေတာ့ မျဖစ္မေနလိုအပ္ပါသည္။

 

ဆီျဖည့္ၿပီးသတ္မွတ္ Level ေရာက္ပါက ကားအား ၅ ကီလိုေက်ာ္ခန႔္စမ္းသပ္ေမာင္းႏွင္ၾကည့္ကာ ဂီယာအခ်ိန္းအေျပာင္းမွန္ပါက စက္ရပ္ကာ ဆီတိုင္းၾကည့္ပါ Maximum Hot အမွတ္တြင္မေရာက္ေသးပါက သတ္မွတ္အမွတ္ေရာက္သည္အထိဆီထပ္ျဖည့္ပါ ေအာ္တိုဆီ ယိုစိမ့္ျခင္းရွိ / မရွိစစ္ေဆးၿပီးလွ်င္ ဆီယိုစိမ့္ျခင္းမရွိပါက ေမာ္ေတာ္ယာဥ္ပိုင္ရွင္ထံသို႔ ျပန္လည္အပ္ႏွံႏိုင္ၿပီျဖစ္ပါသည္။

 

မွတ္ခ်က္။ စက္ႏိုးထား၍ေအာ္တိုဆီတိုင္းပါက Cold Level ထက္ ပို၍ မျဖည့္သင့္ပါ။ ေအာ္တိုဆီမ်ားပါက ဂီယာဝိုင္အပူခ်ိန္ပိုမ်ားကာ ဂီယာအတြင္းပိုင္းပစၥည္းမ်ား ပ်က္စီးေစတတ္ေသာေၾကာင့္ျဖစ္ပါသည္။

 

ယခုေနာက္ပိုင္းလာေသာေမာ္ဒယ္ျမင့္ကားမ်ားတြင္ ေအာ္တိုဆီတိုင္းေသာ Level Gauge တံမ်ားမပါရွိေသာကားမ်ားလည္းရွိပါသည္။ ထိုကားမ်ားတြင္ ကားအမ်ိဳးအစားအလိုက္ Oil Level ေပါက္ပါရွိပါသည္။ ထို Level ေပါက္မွ ဆီက်လာသည္အထိ အထက္ေဖာ္ျပပါနည္းလမ္းအတိုင္း ျဖည့္ရမည္ျဖစ္ပါသည္။

 

Credit: CG GPS Myanmar

Read 1091 times