AUTO GEARBOX အကြောင်းတစေ့တစောင်း


Auto Gear box တပ်ဆင်ထားတဲ့ကားတွေ ကို ဝယ်ယူတဲ့အချိန်မှာ auto oil ကို စစ်ကြည့်ပြီး ကားဝယိယူသူကို မတွေ့ဘူး/မမြင်ဘူး သလောက်ပါဘဲ။

ကားဝယ်ရင်အင်္ဂျင်ဝိုင်လဲတာယာလဲအောက်ပိုင်း စစ်ဆေး ဒီလောက်သာ လုပ်ကြတာ များပါတယ်။ အော်တို ဂီယာဝိုင် ကဂျပန်က ကားတင်သွင်း လာတဲ့အတိုင်း ထားကြတာ များပါတယ်။ တချို့ကားတွေဆို ဂီယာဝိုင် ဂိတ်တံပျောက်ဖြစ်နေလို့ မစစ်ဆေး မိကြဘူး။ [ Axio, Belta, Felder,… … တို့ ဆိုရင် ဂိတ်တံပျောက်တွေ] လဲလှယ်ဖို့မေ့နေတတ် ကြတယ်။

Auto oil က ကီလိုသတ်မှတ်ချက် ထားပြီး လဲပေးရမှာ ဖြစ်ပါတယ်။ အခုဖြစ်နေကြတာ ယာဉ်ပိုင်ရှင် တွေက လဲလှယ်ဖို့ ကြတော့လဲ မိမိကား ဂီယာဘောက်က ATF လား?CVT လား? ဘယ်လိုအမျိုးအစား Auto oil ထည့်သုံးရ မှာလဲ?မသိတဲ့လူက ပိုများတယ်။ ကျနော် ရှေ့မှာတုန်းက ATF နဲ့ CVT ခွဲခြား နိုင်ဖို့ Name plateနဲ့ပြပြီး ရှင်းပြခဲ့ဘူးတယ်။ သိပ်နားလည်ပုံမပေါ်ကြဘူး။ ရှေ့ဘီးယက် /နောက်ဘီးယက် တွေရဲ့ သင်္ကေတ အလွယ်မှတ် ်မိအောင်ပြောပြလိုက်တာ ပိုရှုပ်ထွေးသွားကြဒယ် ထင်တယ်။ အခု နောက်တနည်း ပြောပြကြည့်မယ် ဂီယာတံ ဘေးနားမှာ ရေးထားတဲ့ စာတွေ ဖတ်ကြည့်စို့ ……

P,R,N.D.L, P.N.D.S.L,… လို့တွေ့ရင် CVT အော်တိုဂီယာဝိုင်ထဲ့ပါ။ P.R.D.2.L, D.4.3.2.L,…ဆိုရင် ATF ထည့်ရန် တချို့ကား အော်တိုဝိုင် ဂိတ်တံတွေပေါ် မှာလဲ ATF or CVT လို့ရေးထားကြပါတယ်။ နောက်ပိုင်းကားတွေရဲ့ အော်တို ဂီယာဘောက် တော်တော်များများဟာ CVT တပ်ဆင်သုံးစွဲလာ တာပိုများပါတယ်။မိမိမသိရင် နားလည်တဲ့ ဝပ်ရှော့မှာ မေးပြီး ထည့် ပေးပေါ့ဗျာ။ ာGear position အနေနဲ့ ခွဲမယ်ဆိုရင်တော့ CVT gearbox တွေဟာ ကားမောင်းနေစဉ် အတွင်း ဂီယာချိန်းတာ အရမ်းညှင်သာမှု့ ရှိပါတယ်။ gear change လို့ ချိန်းမှန်း တောင် မသိသာပါဘူး။ ATF gearbox တွေမှာတော့ ရိုးရိုးကလပ် မန်နူရယ် ဂီယာတွေလို ဂီယာချိန်းတာ သိသာ လွန်းပါတယ်။

မော်တော်ကားတစ်စီး လမ်းပေါ်မှာ အရွေ့ (သွာ /လာ နိုင်စေရန်) ရှိဖို့က ဂီယာဘောက် က အင်္ဂျင်နဲ့ ချိတ်ဆက်မှ ဘီးလည်ပတ်ပြီး အရွေ့ဖြစ်တာမို့ ဂီယာဘောက်ဟာလည်း ကားတစ်စီးရဲ့အသက်ပါဘဲ။ ဂီယာဘောက်အတွင်း ပုံမှန်အလုပ် လုပ်စေဖို့ ဆိုတာ (auto oil)ချောဆီရှိဖို့တင်မဟုတ်ဘဲ ရှိနေတဲ့ချောဆီ(auto oil) ဟာလည်းကောင်းမွန် သန့်ရှင်းနေမှဖြစ်မှာပါ။

ကီလို ၂၅၀၀၀/၃၀၀၀၀ မှာ auto oil မလဲလှယ် ဘူးဆိုရင် ဂီယာဘောက်အတွင်းမှာဆီနဲ့ချေးတွေ ရောပြီး ဆီတွေ ပျစ်လာမယ်/ခဲလာမယ်လေ။ အ့လိုဆိုရင် ဂီယာဟာ ၁,၂,၃ အထိဘဲချိန်တော့ မှာပါ။ ၄ ဂီယာထိ မချိန်းတော့ ပါဘူး။ လီဘာဖိနင်းလို့ အင်္ဂျင်ကသာ ငယ်သံပါအောင် အော်လို့ heat တက်တါ/ ဆီပိုကုန်တာဘဲ အဖတ်တင်မှာပါ။

အော်တိုဝိုင်လဲလှယ်မှု့မရှိတဲ့ဂီယာဘောက်တိုင်း ဂီယာပျက်စီးလို့ ဂီယာဘောက်အသစ် ဝယ်တပ် ရရင် ကုန်ကျစရိတ်အရမ်းများတဲ့အပြင် ဘယ်အ ပိုင်းက ပျက်တာမှန်းမသိလို့ အချိန်ကုန်လူပန်း ဖြစ်စေမှာ အမှန်ပါ။ အထူးပြောချင်တာကတော့ CVT အမျိုးအစား ထဲကို ATF ဆီ မထည့်မိအောင် ဂရုစိုက်ပါ။ ထည့်ခဲ့မိရင်လဲ အမြန်ဆုံးဖောက်ချ လဲလှယ် ပစ်လိုက်ပါလို့ပြောကြားပါရစေ။

မလဲရင်ဘာဖြစ်မလဲမေးရင် ဂီယာဘောက်ပျက် တတ်လို့ဘဲဖြေပေးပါရစေ။ကားတစီးရဲ့တန်ဖိုးကသိန်းရာချီနေပြီမို့ ပျက်စီး ခြင်းဒုက္ခ ကင်းဝေးစေကြဖို့သာရည်ရွယ်ခြင်းသာ ဖြစ်ပါတယ်။ အမှားပါခဲ့ရင်တော့တောင်းပန်ပါရစေခင်ဗျာ။

Read 1986 times