အော်တိုဂီယာ ကားကို မောင်းနှင်သူများ သိထားရမည့် အချက်များ


အော်တိုဂီယာ ကား မောင်းနှင် အသုံးပြုသူများ အတွက် ကျိန်းသေ သိထားရပါမယ်တိတိကျကျ လေး နားလည်ထားသင့်ဖတ်ထားသင့်သည့် ပိုစ့်ဖြစ်သောကြောင့် တင်ပြပေးလိုက်ပါတယ်။

မေး။ တစ်လောက အွန်လိုင်းပေါ်မှာ အငြင်းပွားနေကြတဲ့…အော်တိုဂီယာအကြောင်းနဲ့ OD(Overdrive off) အသုံးပြုပုံအကြောင်း နဲ့ အော်တိုဂီယာ ဘရိတ်စနစ်အကြောင်းလေး မေးချင်လို့ပါ

ဖြေ။ ဟုတ်ကဲ့ အော်တိုဂီယာ နဲ့ပတ်သက်ပြီး အစ်ကိုသိလိုရာကို… မေးမြန်း နိုင်ပါတယ် ကျွန်တော်သိသလောက်အမှန်ဆုံးဖြစ်အောင်နဲ့ယာဉ်မောင်းသူတွေအတွက်လုံခြုံမှု့ကားမပျက်အောင်အတွက်ပါစေတနာထားပြီးဖြေကြားပေးပါမယ်ဗျာ…ဒီနေရာမှာ ဒီအကြောင်းဟာလူ့အသက်ကို ဦးစားပေးပြီးကားအတွက်ကို နောက်မှာထားပါတယ်ဆိုတာသိစေချင်ပါတယ်

မေး။ ဟုတ်ကဲ့ပါ ဒါဆို ပထမဆုံး အော်တိုဂီယာကိုဘယ်လိုမောင်းနင်ရမယ်ဆိုတာလေးကို အကြမ်းဖျင်းပြောပြပါလား ?

ဖြေ။ အော်တိုဂီယာကို မောင်းမယ်ဆိုရင် ဘယ်ဘက်ခြေထောက်ကို လုံးဝမေ့ထား သင့်ပါတယ်။

ညာဘက် ခြေထောက်တစ်ဘက်တည်းနဲ့သာ လီဘာ(Accelerator pedal)နဲ့ဘရိတ်( Brake pedal)ကို အသုံးပြုသင့်ပါတယ်…ဘာဖြစ်လို့လည်းဆိုတော့လီဘာမှာKD(Kick Down Switch)လို့ခေါ်တဲ့… ဂီယာအချိန်းအပြောင်းကို အင်္ဂျင်အပတ်ရေ(RPM) နဲ့ထိန်းချုပ်ထားပြီး… ဘရိတ်မှာတော့ STP (Stop Light Switch) ရှိပါတယ်… KD မီးကြိုးရော STP မီးကြိုးရော ECU(Engine control unit), ECM( Engine Control Module )box ခေါ်တဲ့ အင်္ဂျင်ကွန်ထရိုးဘောက်ထဲကိုဝင်ပါတယ်…

KD မီးရဲ့အလုပ်လုပ်ပုံက လီဘာနင်းချိန် အင်္ဂျင်အပတ်ရေပြည့်ရင်… မိုင်နှုန်းပြမီတာ(Speed meter )ရဲ့ထိန်းချုပ်မှု့ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း လုပ်ပေးပါတယ်… STP ကတော့ ဘရိတ်နဲနဲနင်းလိုက်လို့ ECU ထဲကိုမီးဝင်သွားရင်… အင်္ဂျင်အပတ်ရေ ၁၀၀၀ အောက်ထိ ဆီဖြတ်ပစ်ပါတယ်…ထပ်နင်းလိုက်ရင် speed meter ရဲ့ တွက်ချက်မှု့အရ… ဂီယာကိုဒေါင်းပေးကာ Automatic transmission lock up torque converter လုပ်ပြီး ကားရဲ့မောင်းနှင်နေတဲ့အော်တိုဂီယာစနစ်ကို အမြန်ဆုံးရပ်ပစ်တာပါ… အရှိန်ကိုလိုက်ပြီး ဂီယာကို လိုအပ်ရင် လိုအပ်သလိုတစ်ချက်ချင်းဒေါင်းပြီး… အမြန်လိုအပ်ရင် နံပါတ် ၁ ဂီယာအထိအမြန်တစ်ခါတည်းဒေါင်းပေးပါတယ်… ခုခေတ်မော်ဒယ်မြင့်ကားတွေမှာတော့ 2 Step Break Switch တွေကိုသုံးပါတယ်…

ဒါကြောင့် ဘယ်ဘက်က ဘရိတ်ပေါ်ခြေထောက်တင်ထားပြီး ညာဘက်က… လီဘာနင်းနေရင် ကားရဲ့ အင်္ဂျင်ထိန်းချုပ်မှု့စနစ် အော်တိုဂီယာထိန်းချုပ်မှု့စနစ်တွေ ရှုပ်ထွေးကုန်ပြီး ဂီယာရော အင်္ဂျင်ပါနာပြီး ပျက်တတ်ပါတယ်… အော်တိုဂီယာကားတိုင်းလိုလို ဘယ်ဘက်ခြေထောက်တင်ဖို့ကို… ဘရိတ်ဘယ်ဘက် အစွန်မှာထားပေးတတ်ပါတယ်… ဒါကြောင့် အော်တိုဂီယာကားကို မောင်းနှင်ရင် ညာဘက်ခြေထောက်တစ်ချောင်းထဲနဲ့သာ မောင်းနှင်ရမယ်လို့ …ကားကုမ္ပဏီတွေက အတိအကျညွှန်ကြားထားပါတယ်ဗျာ…

မေး။ ဒါဆို အော်တိုဂီယာအလုပ်ပုံ ပါဝင်တဲ့ဂီယာတွေကိုပြောပြပေးပါလား ??

ဖြေ ။ အော်တိုဂီယာတွေအလုပ်လုပ်ပုံက… Hydraulically ခေါ်တဲ့ ဆီဖိအားစနစ်ဖြင့်ကားကို ရွေ့လျားစေတာပါ… အော်တိုဂီယာဆီပန့်(Oil pump) မှာ ဖရုံသီး (converter)အဝင်ဂီယာ၏ input shaft တွင်ထိုင်ထားပါတယ်ဆီမရှိရင် ကလပ်ပလိပ်ပြားတွေကို ဆီနဲ့ ဖိအားမပေးနိုင်လို့ ကားမသွားပါဘူး… ဆီနည်းနေရင်လည်း ပုံမှန်လောက်ကားမဆွဲပါ…

အော်တိုဂီယာ

ဆီများပြန်ရင်လည်း… အော်တိုဆီအရမ်းပူပြီး ဂီယာကလပ်ပြားလေးတွေပျက်တတ်ပါတယ်… ဂီယာအချိန်းအပြောင်းလုပ်တာကတော့ အပေါ်ကပြောတဲ့အတိုင်း… KD မီးရဲ့ကြိုးက လီဘာနင်းချိန် အင်္ဂျင်အပတ်ရေပြည့်ရင်… မိုင်နှုန်းပြမီတာ(Speed meter )ရဲ့ထိန်းချုပ်မှု့ အင်းလက်လေထိန်းတံခါးဆင်ဆာ (Throttle position sensor)တို့ရဲ့ထိန်းချုပ်မှု့နဲ့ လိုအပ်သလို ဂီယာအချိန်းအပြောင်း လုပ်ပေးဖို့ကို ECU box ကနေ TCU (Transmission control unit)ကို… D1, D2,D3,D4,D5 ဆိုပြီး အမြင့်ဆုံးပါတဲ့ဂီယာအထိမီးကြိုးတွေနဲ့ ထိန်းချုပ်အလုပ်လုပ်ပါတယ်… တစ်ချို့မော်ဒယ်မြင့်ကားတွေမှာ TCU control box နဲ့… အော်တိုဂီယာထိန်းချုပ်မှု့စနစ်ပါပါတယ်…

အော်တိုဂီယာတွေမှာ ဆီမကောင်းရင် ဂီယာပျက်တတ်သလို… ATF နဲ့ CVT မှားရင်လည်း ဂီယာပျက်တတ်ပါတယ်… အော်တိုဂီယာနဲ့ CVT (Continuously variable transmission) ကို… ကျွမ်းကျင်သူတွေဆို ဂီယာအပြင်ပိုင်းနဲ့ ဂီယာမောင်းတံ(Shift lever)ကိုကြည့်ပြီး… ခွဲနိုင်သလို… ဆီတိုင်းတံမှာ အော်တိုဆီဆိုရင် ATF လို့ရေးထားပြီး… CVT Gear ဆိုရင် CVT လို့ ခွဲခြားရေးထားပေးပါတယ်ခင်ဗျာ…။

မေး။ ဂီယာမောင်းတံအသုံးပြုပုံလေးရောပြောပြပေးပါ ?

ဖြေ ။ ။ အော်တိုဂီယာတွေမှာ OD Button ပါတဲ့ကားတွေရှိသလို လုံးဝမပါတဲ့ကားတွေ လည်းရှိပါတယ်…အောက်က ပုံတွေမှာပါတဲ့ကားတွေက… ဂီယာမောင်းတံ (Shift Lever) မှာ OD လုံးဝမပါတဲ့ကားတွေပါ… Shift Lock Button ပါတဲ့ကားတွေရှိသလို… Shift Lock Button လုံးဝမပါတဲ့ကား… Shift Lock ကို ကားသော့ထည့်ပြီးသုံးရတဲ့ကားတွေလည်းရှိပါတယ်… တန်ဖိုးကြီးကားတစ်ချို့မှာတော့ လုံးဝမထည့်ထားပါ… ကားလုံခြုံရေးအတွက် သော့ဖွင့်ပြီး ဘရိတ်နင်းမှသာ ဂီယာထည့်လို့ရအောင် လုပ်ထားပေးပါတယ်… ဂီယာမောင်းတံရွေ့ရာတွင် Release button ခေါ် ဂီယာမောင်းတံဘေးမှ ခလုတ်ကို နှိပ်မှရွေ့ပြောင်းဂီယာထည့်ရသော ကားများရှိသလို… Release button ခလုတ်မပါဘဲရွေ့၍ရသော ဂီယာမောင်းတံများလည်း… ရှိပါသည် ။ Mercedes Benz သည် Release button မပါပါ…

Shift Lock ဆိုတာ အော်တိုဂီယာကားတွေမှာ ဂီယာမောင်းတံကို P Position ကနေ စက်နိုးပြီးဘရိတ်မနင်းပဲ ကျန်တဲ့ ဂီယာတွေကို ထည့်မရအောင် အထိန်းသဘောမျိုး ထည့်ထားပေးခြင်းဖြစ်ပါ… ဘရိတ်နင်းလိုက်ချိန်တွင် ဘရိတ်(Brake pedal)နင်းတံအတွင်းဘက်တွင်တပ် ဆင်ထားသော ဘရိတ်မီးခလုတ်(Brake pedal switch) မှ တစ်ဆင့်… ရီလေး(Relay)သို့ မီးပေးကာ…Shift lock solenoid ခလုတ်ကို ဖွင့်ပေးပါတယ်… ထို့ကြောင့် ဘရိတ်နင်းမှ ဂီယာမောင်းတံ ပြောင်းလို့ရတာပါ… ဘရိတ်နင်းသော်လည်း ဂီယာတံနေရာပြောင်းမရခြင်းသည်… ဘရိတ်မီးအဝင် Fuse ပြတ်ခြင်း… Brake pedal switch မကောင်းခြင်း… Shift lock solenoid အလုပ်မလုပ်ခြင်းတို့ကြောင့်ဖြစ်ပါ… Shift lock solenoid အလုပ်မလုပ်ခြင်းကြောင့် လဲပေးရသောကားများရှိပါတယ်..

မေး။ ဒါဆို ဘက္ကထရီအားကုန်လို့ ဂီယာမောင်းတံရွေ့မရင် ဘယ်လိုလုပ်ရမလဲ??

ဖြေ ။ ။ဂီယာတံအဖုံးကိုဖွင့်ပြီး Shift lock solenoid ကို နှိပ်လိုက်ရင်ရွေ့လို့ရပါတယ်ခင်ဗျာ…

မေး။အော်တိုဂီယာ ဂီယာအသုံးပြုပုံလေးတွေ ပြောပါပေးပါလားဗျာ ??

ဖြေ ။ ။Park ( P ) ကားရပ်ထားစဉ် ကားမရွေ့စေရန်အသုံးပြုတာပါ… P Position တွင်ဂီယာမောင်းတံထားပါက ကားရွေ့မရခြင်းသည်… အော်တိုဂီယာဘောက်အတွင်းရှိ ဂီယာမိန်းရှပ်တွင်(Output shaft) Lock လုပ်ထားသော ပင်နယံ(Pinion)နှင့် Lock switch တို့ကြောင့်ဖြစ်ပါတယ်.. Lock switch သည် ဂီယာမောင်းတံအား P မှရွေ့လိုက်သည်နှင့် Lock အထိန်း ဖြုတ်ပေးကာ P သို့ ပြန်ရောက်သည်နှင့် စပရိန်အားကြောင့် အလိုအလျောက် Lock Switch အလုပ်လုပ်ကာ ရပ်ထားစဉ်ကားနေရာမရွေ့အောင်ထိန်းပေးတယ်… သို့သော်အတက်အဆင်းများတွင်ကားရပ်ထားစဉ်… လက်ဆွဲဘရိတ်(Parking Brake)(HandBrake) ပါသုံးသင့်ပါသည်… အချို့ကားများတွင် Parking Brake သည် ခြေနင်းအသေးလေးနှင့်… ဘယ်ဘက်တွင်ပါတတ်ပါသည်… ဂီယာမောင်းတံအား P တွင်ထားမှ သော့ဖြုတ်၍ရသောကားများရှိသလို… N (Neutral / No gear) တွင်ထား၍ သော့ဖြုတ်၍ရသောကားများလည်း ရှိပါတယ်ဗျာ…

Reverse (R) နိုင်ငံတစ်ကာတွင်ရော မြန်မာပြည်မှာပါ ဘက်(Back)ဂီယာဟုခေါ်ပါတယ်… ကားနောက်ဆုတ်ရန်အတွက်သာသုံးတာပါ…N (Neutral / No gear) နိုင်ငံအလိုက် ဖရီးဂီယာ…No Gear ဟုသုံးပါတယ်… ဘယ်ဂီယာမှ မဝင်သောကြောင့် ပါ…Drive (D) ရှေ့သို့မောင်းနှင်ရာတွင်သုံးတာပါ… နံပါတ် ၁ ဂီယာမှ စတင်ကာ အရှိန်အများဆုံးဂီယာအထိ အလိုအလျောက် ကားအရှိန်ကိုလိုက်ကာKD,ECU, TPS (Throttle position sensor) , Speed meter sensor,TCU(Transmission control unit box) တို့မှ Solenoid များကို အလုပ်လုပ်စေကာ… ဂီယာချိန်း(Change)ပေး…ဒေါင်း(Down)ပေးပါတယ်… ဂီယာတစ်ခု မဝင်ပဲ လက်ရှိမောင်းနေသောဂီယာမချိန်း မဒေါင်းပေးပါ… ဂီယာထည့်ကာမောင်းနှင်နေစဉ် ဖရီး (N) ဖြစ်သွားသည်မရှိပါ…

Third (3) ဂီယာနံပါတ် ၁ မှ ၃ အထိ ကားအရှိန်လိုက်ကာ… ဂီယာ အတင် အချ ပြုလုပ်ကာ ချိန်းပေး ဒေါင်းပေးပါတယ်… သိပ်မမြင့်သောတောင်တက် တောင်ဆင်းများနှင့်… Off-Road များနှင့် Sport များတွင်လည်းသုံးကြပါတယ်… Sport မောင်းသောအခါ (3) ဂီယာနှင့် လီဘာ(Accelerator pedal) ကိုနင်း၍ မိမိလိုချင်သောအရှိန်ရောက်မှ (D) သို့ ပြောင်းထည့်ပါသည်… ECT Power Switch ပါသောကားများတွင် Sport မောင်းရာတွင်… power တွင်ထား၍ မောင်းကြပါတယ်…

Second (2) ဂီယာနံပါတ် ၁ မှ ၂ အထိ ကားအရှိန်လိုက်ကာ ဂီယာပြောင်းပေးပါတယ်… မြင့်မားသောတောင်များတွင် အတက်အဆင်းဂီယာအဖြစ်သုံးတယ်…ဆီးနှင်းကျသောနိုင်ငံများတွင် နှင်းထဲမောင်းနှင်ရန်သုံးပါတယ်… First (L)(B) Low ဂီယာအဖြစ် ရွံ့ထဲရုန်းသောအခါများ အလွန်မြင့်မားသောတောင်များကို ဝန်အလေးနှင့်အတက်အဆင်းလုပ်သောအခါ သုံးပါတယ်… နံပါတ် ၁ ဂီယာတစ်ချက်တည်းဖြစ်ပြီး ဂီယာမချိန်းတော့ပါဘူး…

အချို့သောအော်တိုဂီယာများတွင် Manual စနစ်ဖြင့်မောင်းနှင်နိုင်ရန်… ဂီယာမောင်းတံ ဘေးဘယ်ညာတွင် အပေါင်း အနုတ်နှင့်အကွက်လေးများ ပါရှိပါသည်…Manual တွင်ထားမောင်းပါက… ဂီယာ ၁ ၂ ၃ ၄ ၅ သို့ပြောင်းရာတွင် အပေါင်းဘက်သို့… တစ်ချက်ချင်းတွန်းကာ ဂီယာချိန်းပေးရတယ်… အလိုအလျောက် မချိန်းပါဘူး… သတ်မှတ်အရှိန်မရှိသေးပါက ၂ ၃ ၄ ၅ မဝင်ပါ… သူ့သတ်မှတ်အရှိန်ရောက်မှသာ ဂီယာဝင်တာပါ… အနုတ်ဘက်သို့ တစ်ချက်တွန်းလျှင် ဂီယာ ၅ ၄ ၃ ၂ ၁ သို့… တစ်ချက်ချင်းဒေါင်းပေးပါတယ်… ဘရိတ်နင်းလျှင်လည်း သတ်မှတ်အရှိန်အတိုင်း… အလိုအလျောက် ဒေါင်းပေးပါသည်… Manual ဖြင့်မောင်းနိုင်လျှင် ဆီစားအနည်းငယ် သက်သာတယ်… ပုံတွင် အော်တိုဂီယာတွင် Manual စနစ်ပါသော ဂီယာမောင်းတံကို ကြည့်နိုင်ပါတယ်…

မေး။ ECT Power ခလုတ်အလုပ်ပုံလေးကိုရှင်းပြပါလား?

ဖြေ ။ ။Electroniccally control Transmission ပါ… ECT Power Switch ရဲ့ အလုပ်လုပ်ပုံက… Switch Power On လုပ်ထားရင် Auto Transmission ကို Full Hydraulically ဖြစ်အောင် ဂီယာဘောက်မှာရှိတဲ့ Speed Sensor , Throttle Position Sensor,ECU,ECTတို့ရဲ့ ထိန်းချုပ်မှု့နဲ့ Throttle Idle Plate Valve ကို ပုံမှန်ထက် ၁၀% ကျော်ဖွင့်ပေးကာ… Engine Power နဲ့ Auto Transmission Power ကိုအပြည့်အဝ ဖြစ်အောင် အသုံးချတာပါ…ဂီယာ 1,2 မှာအလုပ်မလုပ်သေးပဲ 3 ,4 နဲ့ 5(ပါသောကား) ဂီယာတွေမှသာအလုပ်လုပ်တာပါ… အင်္ဂျင်စွမ်းရည် အမြင့်ဆုံးနဲ့ ဂီယာ စွမ်းရည် အမြန်ဆုံးရအောင် သုံးတာပါ…Sport တွေနဲ့ တောင်တက်မှာ သုံးတာပါဗျာ… ဆီအနည်းငယ်ပိုစားပါတယ်…

မေး။အော်တိုဆီကို ကီလိုဘယ်လောက်သုံးနိုင်ပါလဲ ??

အရှိန်လျော့သွားပြီးသားပါ…ဒီလို ဘရိတ်ကို ထိရုံနဲ့ ဂီယာမဒေါင်းပေးတာဟာ… ဂီယာချိန်းလိုက် ဒေါင်းလိုက်နဲ့ မလိုအပ်ဘဲ ဆီစားမှာစိုးလို့… Speed meter နဲ့ TCU က ထိန်းထားပေးတာပါ… ဘရိတ်ကိုအဆုံးအထိနင်းရင်တော့ automatic transmission lock up torque converter ချက်ချင်းလုပ်ပေးပြီး ဂီယာကို ၁ ထိဒေါင်းပေး… အင်္ဂျင် ဆီဖြတ်ပြီး…အင်္ဂျင် ဂီယာ ဘရိတ်စနစ်ကိုတွဲသုံးပြီး… အမြန်ဆုံး အရှိန်သေအောင် လုပ်ပေးပါတယ်… ဥပမာ ကီလို ၁၈၀ မောင်းနေရင် ၁ စက္ကန့် မီတာ ၄၉ မီတာသွားမယ်… ရှေ့မှာ အန္တာရယ် ရှိလို့ ဂီယာ ကို manual ရွေ့ ၃ ချက်လောက်ဒေါင်းတော့… ၃ စက္ကန့်အနည်းဆုံးကုန်သွားပြီ ၁၄၇ မီတာ ရှေ့ရောက်သွားပြီ… ဂီယာ ဒေါင်းပြီး ဘရိတ်နင်း ၄ စက္ကန့် ရှိတော့ ၁၉၆ မီတာ(၆၄၆ပေ) ရှေ့ရောက် သွားပြီ…ဘရိတ်မိမှာနဲ့ဆို ၂၁၅ မီတာ ကျော်နေပြီဗျ…

ဒီအချိန်မှာ အန္တာရာယ်မြင်တာနဲ့ ဘရိတ်ကို နင်းချလိုက်ရင် မီတာ ၇၀ လောက်တင် ကားရပ်နေပြီ…ခုကားတွေက ABS ပါတော့ ဘေးဘယ်ညာ မဆွဲဘူး… ဘရိတ် လျောတိုက်ပါမသွားဘူး…အရင်ဘရိတ်တွေထက်အများကြီးသေချာတယ်… ဒါကြောင့် အဲ့အချိန် OD ခလုတ်သေးသေးလေးရှာနှိပ်တာ… ဂီယာဒေါင်းတာတွေလုပ်နေရင် အော်တိုကလပ်ပလိတ်နာ အင်္ဂျင်နာ… ကားလည်း နောက်ကျပြီးမှရပ်မှာပါလို့ပြောချင်ပါတယ်ဗျာ…

Source: ကိုတိုး (Online Car Workshop)

Read 5341 times