အော်တိုဂီယာနဲ့ ဘရိတ်ကို အကျိုးရှိရှိအသုံးချခြင်း


ယခုနောက်ပိုင်းဝင်လာတဲ့ အဆင့်မြင့်ကားတွေမှာ အော်တိုဂီယာနှင့် အဆင့်မြင့်ဘရိတ်စနစ်တွေပါရှိလာသော်လည်း လမ်းအခြေအနေအရ ဘယ်လိုအကျိုးရှိအောင် အသုံးချမလည်းဆိုတာ သိရှိထားဖို့ ဖော်ပြပေးလိုက်ပါတယ်။

D တစ်မျိုးတည်းအသုံးမပြုပါနဲ့ ယာဉ်မောင်းအများစုဟာ အော်တိုဂီယာအသုံးပြုတဲ့အခါ D တစ်မျိုးတည်းကိုပဲအသုံးပြုပြီး မောင်းနေကြတာကိုတွေ့ရပါတယ်။

လမ်းအနေအထားအလိုက် ၁ နဲ့ ၂ ကိုလည်း အပြောင်းအလဲအသုံးပြုသင့်ပါတယ်။ D ကတော့ ရိုးရိုးမောင်းတဲ့ဂီယာဖြစ်ပြီး မြေပြန့်မှာ မောင်းဖို့အတွက် အဓိကထားပါတယ်။ ၁ နဲ့ ၂ ကတော့ Slow down တွေမှာ သုံးပါတယ်။

ကားကျော်တက်မယ်ဆိုရင် ရှေ့ကားကို ကျော်တက်မယ်ဆိုရင်လည်း D မှာပဲထားပြီး ကျော်တက်တာမျိုးမဖြစ်သည့်ပါဘူး။ D နဲ့မောင်းနေရာကနေ နံပါတ် ၁ သို့မဟုတ် နံပါတ် ၂ ကို ပြန်ထိုးပြီး ကျော်တက်နိုင်ပါတယ်။

ဖရီးရိုက်ရင် တက္ကစီယာဉ်မောင်းတချို့ကတော့ ဆီစားသက်သာအောင် N မှာထားပြီး ဖရီးရိုက်မောင်းတာတွေရှိပါတယ်။ ဖရီးရိုက်မောင်းတဲ့အတွက် ဂီယာဘောက်နာပါတယ်။ ကလပ်ပြားပါးသွားပြီး ဂီယာစလစ် ဖြစ်လာတတ်ပါတယ်။

အိုဗာဒရိုက်အသုံးပြုတာ အဆင့်မြင့်ကားအားလုံးနီးပါး AT/CVT အော်တိုဂီယာစနစ် ဖြစ်သွားပါပြီ။ ဂီယာတံရဲ့ဘေးနားက အသီးလေးက အိုဗာဒရိုက် ( Over Drive – on/off) ခလုတ်ဖြစ်ပါတယ်။

တစ်နာရီ ကီလိုမီတာ ၁၀၀ အထက်မောင်းနေရင်း ဘရိတ်ကိုတအားဖိနင်းတာက အန္တရာယ်များပါတယ်။ ဖန်ရှင်ဘုလေးကို အဖွင့်အပိတ် ကစားပြီးအရှိန်လျော့တာက အန္တရာယ်ကင်းပါတယ်။

အိုဗာဒရိုက်ဘုသီးလေးကိုနှိပ်လိုက်ရင် ဒိုင်ခွက်ထဲတွင် O/D လိမ္မော်ရောင် မီးလင်းလာပါမယ်။ သူ့ကို ဖွင့်လိုက်တာနဲ့ ယာဉ်ရဲ့အမြန်နှုန်းကို စတင်ထိန်းချုပ်လိုက်ပါတယ်။

ဘရိတ်သုံးတဲ့အခါမှာလည်း အထောက်အကူပြုပေးပါတယ်။ အိုဗာဒရိုက်ခလုတ်က နောက်ပေါ်ဇစ်ဇက်ဂီယာတံနဲ့လာတဲ့ကားအချို့မှာ သီးခြားမပါတော့ပါ။

အဲ့လိုကားမျိုးတွေမှာ D နဲ့ကပ်လျက် S ဆိုတာနဲ့တူညီပါတယ်။ အရှိန်များလာတာနဲ့ D ကနေ S ပြောင်းလိုက်ရင် အမြန်နှုန်းက စနစ်တကျ လျော့ကျသွားမှာဖြစ်တယ်။

တာယာက မြည်တဲ့အသံ အခုနောက်ပိုင်းတင်သွင်းလာတဲ့ကားတွေမှာ Anti-Lock Braking System (ABS) ဘရိတ်စနစ်ပါရှိလာတာများပါတယ်။

ABS စနစ်မပါတဲ့ကားတွေမှာ ဖြစ်နိုင်သမျှ အမြန်ဆုံးရပ်တန့်ဖို့ ဘရိတ်ကို အဆုံးထိ ဖိနင်းတဲ့အခါ တာယာက ကျွီကနဲမြည်သံကိုနားထောင်ပါ။

အဲ့ဒါက ဘရိတ်ရဲ့ limit ကို မရောက်ရှိသေးဘူးဆိုတာ သိနိုင်ပြီး မှန်ကန်တဲ့ရပ်တန့်မှုရောက်အောင် ပြုလုပ်နိုင်ပါတယ်။

အကွာအဝေးအနည်းငယ်အရှိန်ပါပြီးနောက် ဘရိတ်ကိုထပ်ပြီး ဖိအားပေးရင် ရပ်တန့်နိုင်ပါတယ်။

ညင်ညင်သာသာဖိနင်းပါ ABS ဘရိတ်စနစ်ပါလျှင် ဘရိတ်ကို ဇွတ်အတင်းဖိနင်းတာမျိုးကို ရှောင်ကြဉ်ရမယ်။ ကားအရှိန်လျော့ကျလာတဲ့အထိ ညင်ညင်သာသာနဲ့ ဘရိတ်အသုံးပြုတက်မှုက အမြင့်ဆုံးစွမ်းဆောင်ရည်ကို ရရှိစေတာဖြစ်ပါတယ်။

ကွေ့တွေမှာ ဘရိတ်မသုံးပါနဲ့ ညင်ညင်သာသာနဲ့ ကွေ့တဲ့အချိန်တွေမှာ ရှေ့က တိုက်စရာတွေကြုံလာလျှင် ဘရိတ်ကိုအသုံးပြုပြီး ရှောင်ရှားနိုင်ပါတယ်။ ဒါပေမဲ့ ရုတ်တရက် ကွေ့လိုက်တဲ့အခါ ဒါမှမဟုတ် စတီယာရင်ကို ဆတ်ကနဲလှည့်လိုက်တဲ့အခါ ဘရိတ်ကိုဖိနင်းမိရင် ကားက ထိန်းမရတာမျိုးတွေ ဖြစ်တတ်ပါတယ်။

ဂီယာနဲ့ ဘရိတ်ကို ကောင်းစွာ အသုံးချတက်ပါစေ

ဂီယာကို အကျိုးရှိရှိ အသုံးချတတ်တာကလည်း ယာဉ်ကို အန္တရာယ်ကင်းအောင် မောင်းနှင်နိုင်သလို ပြုပြင်စရိတ်လည်း ချွေတာနိုင်ပါတယ်။ ဘရိတ်စနစ်ကို ပိုင်နိုင်ကျွမ်းကျင်အောင် အသုံးချတတ်တာကလည်း ယာဉ်အန္တရာယ်ကို ကြိုတင်ကာကွယ်နိုင်ပြီး လုံခြုံစိတ်ချနိုင်မှာ ဖြစ်ပါတယ်။

Kumudra

Read 14685 times