Auto ဂီယာကားတွေကို ဂီယာဘောက် မပျက်အောင်ဘယ်လိုကာကွယ်သင့်လဲ


ဒီတစ်ခါတော့ ကားသတင်းစုံရဲ့ ပရိတ်သတ်များအတွက် ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်လာတဲ့ အော်တိုဂီယာ ကားတွေအတွက် အဓိကကျတဲ့ ဂီယာဘောက် ကိုမပျက်အောင်ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့အကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

ပုံကိုနှိပ်ပြီး ဆက်လက်ဖတ်ရှုပါ >>စ်ခါတော့ ကားသတင်းစုံရဲ့ ပရိတ်သတ်များအတွက် ပြည်တွင်းမှာ အသုံးအများဆုံးဖြစ်လာတဲ့ အော်တိုဂိယာ ကားတွေအတွက် အဓိကကျတဲ့ ဂီယာဘောက် ကိုမပျက်အောင်ဘယ်လိုထိန်းသိမ်းသင့်တယ်ဆိုတဲ့အကြောင်းရေးသားတင်ပြလိုက်ရပါတယ်။

ကျွန်တော်တို့လက်ရှိကားတွေအသုံးပြုသူအများစုဟာ ကားကိုပြုပြင်ထိန်းသိမ်းရင် အများစုက Engine Oil, Tyre,အောက်ပိုင်း ဒါတွေပဲအဓိကထားစစ်ဆေးဖြစ်ကြပါတယ်။Kilo 5000 ဆိုရင်အများစုဟာ Engine Wine လဲကြပေမယ့် Gear Oil Auto ဆီကိုလဲဖို့ကိုတော့သတိမပြုမိကြပါဘူး။

ဥပမာ-Japan ကနေကားတစ်စီးဝယ်လိုက်ပါပြီ လပ်ထဲရောက်ရင် Tyreလဲ,အောက်ပိုင်းစစ် အများစုကဒါပဲလုပ်ကြပါတယ်။


Gear Auto Oil ကိုနဂိုဂျပန်ကလာတဲ့အတိုင်းပဲသုံးကြပါတယ်။အဲ့လိုပဲစီးနေရင်း ကားပြောင်းစီးချင်လို့ရောင်း ဝယ်တဲ့သူကလည်း Engine Oil လောက်ပဲ အဲ့တာကိုမစစ်ဘူး။စစ်ဖို့ကလည်း အရင်ကကားတွေတော့လွယ်တယ်။ဒါပေမယ့်အခုနောက်ဝင်တဲ့ကားတွေဖြစ်တဲ့ Belta, Axio, Fielder.စတဲ့ကားတွေကျစစ်ဖို့ဂိတ်တံပျောက်တွေဆိုတော့ မစစ်မိကြပါဘူး။

အဲ့ဒီတော့သူရဲ့သတ်မှတ်ထားတဲ့ Kilo 30000-50000 ထိပိုပြီး Auto ဆီကအထဲမှာကြာတော့ မဲပြီးဂျီးတွေဖြစ်ပြီးခဲသွားပြီး Gear တွေကို Auto ပြောင်းပေးရမယ့်နေရာမပြောင်းဘဲ Gear Change နောက်ကျတာတွေ Gear အကုန် change မပေးတာတွေဖြစ်ပါတယ်။ကြာတော့ Gear Box ပျက်ပြီးအသစ်လဲပေးရတဲ့အဖြစ်ရောက်သွားပါတော့တယ်။

နောက်တစ်ခုက Hondaအမျိုးအစားကားတွေပါ။ Fit, Civic, Shuttleစတဲ့ကားတွေ ကAuto Oil လုံးဝအမှားမခံပါဘူး Toyota လိုမဟုတ်ပါဘူး။ CVT Gear Box အမျိုးအစားကို Honda ကလာတဲ့ HMMF Auto Oil ဒါမှမဟုတ် အခြားBrandတွေကအင်ဂျင်ဝိုင်တွေဆိုရင် HMMF လို့ပါရင်ထည့်လို့ရပါတယ်။အဲ့ဒီ HMMFကိုမထည့်မိဘဲ အရင် Gear Box အမျိုးအစားမှာပါတဲ့ ATF Oil မှားထည့်ရင်တော့ ချက်ချင်းဖောက်ချပြီး HMMF Oil ပြန်ထည့်ပေးပါ။မဟုတ်ရင် သင့်ကားအော်တိုဂီယာ ဘောက်ပြင်ရမယ့်အခြေအနေဖြစ်သွားမှာပါ။


“Gear Box ATF နဲ့Gear Box CVT ဘယ်လိုခွဲခြားနိုင်မလဲ ”

အကြမ်းဖျဉ်းကတော့မိမိတို့ ကား Gear တံ Lever တံမှာD 4 3 2 L, D 2 L အဲ့လိုပြရင် ATF ဂီယာဘောက်ဖြစ်ပြီး D S L, D L အဲ့တာဆိုရင် CVT ဂီယာဘောက်လို့ အကြမ်းဖျဉ်းခွဲခြားလို့ရပါတယ်။ တချို့ကားတွေက ဂိတ်တံကြည့်ပြီးခွဲကြပါတယ်။ ဂိတ်တံ မှာ ATF, CVT အဲ့လိုရေးတာကြည့်ပြီး အရင်ကနည်းပညာအားနည်းတော့ အဲ့တာကြည့်ပြီးထည့်ကြပါတယ်။မှန်လားဆိုတော့ အားလုံးမမှန်ပါဘူး တချို့ကဝပ်ရှော့မှာစုပြင်တဲ့အခါ ဂိတ်တံထုတ်ပြီး အကုန်စုချပြီး ပြန်ထည့်ရင် ကြုံရာဆွဲထည့်တတ်လို့ CVT က ATF တံထည့်မိတာတို့ဖြစ်တတ်လို့ အဲ့လိုကြည့်မခွဲစေချင်ပါဘူး။Gear Position ကိုကြည့်ပြီး ခွဲ ပြီးရင်ကားမောင်းရင် သတိထားကြည့် CVT က Gear change တာ ညင်သာမှုရှိပါတယ်။မသိသာပါဘူး။

ATF က Gear Change တာကတော့ သိသာပါတယ် ကလပ်ဂီယာမျိုးပေါ့။

ထပ်သေချာချင်ရင် မလဲခင်ဝပ်ရှော့မှာသေချာမေးပြီးလဲပါ။နောက်ပိုင်းကားတွေကတော့ ATF နေရာမှာ CVT တွေအစားထိုးလာပါတယ်။ Gear Box မပျက်အောင်မိမိလက်ထဲကားစတင်ရောက်ရင် အသစ်သာလဲပေးလိုက်ပါ ပိုက်ဆံ60000-70000 လောက်ကိုမနှမျှောပါနဲ့။


လဲပြီးရင် Kilo 25000-30000 ပြည့်တိုင်းလဲပေးသင့်ပါတယ်။ Kilo မမှတ်မိရင် Engine Oil ၄ခါ (သို့်) ၅ ခါ ဆိုရင် တခါလဲပေးပါ။ အဲ့တာဆိုရင်မိမိကားဟာ Gear Box ပုံမှန်အလုပ်လုပ်ပြီး Engine လည်းသက်သာကာ Gear ပုံမှန် Change လို့ ဆီစားလည်းသက်သာပါတယ်။

Gear Box နဲ့ဆီစားတာသက်ဆိုင်လားဆိုရင်

သက်ဆိုင်ပါတယ် Gear Box မကောင်းရင် မိမိတို့ကားက Gear ၄ ချက်ဆိုပါတော့ Gear Box ကအထဲမှာ ဂျီးတွေများနေရင် Gear 1,2,3 ထိပဲ Change ပြီး နံပါတ် 4 ကိုမပြောင်းပေးလို့ အင်ဂျင်ကလည်း No.3 Gear နဲ့ပဲ ပိုပြီးအပတ်ရေများနေတော့ ဆီပိုစားပါတယ်။ကြာရင် Gear Box ပျက်သွားပါတယ်။

Read 4129 times