ဩစတေးလျ ကားဈေးကွက် ၂၀၂၁ အရောင်းရဆုံး အီးဗီများ 


ဩစတေးလျ ကားဈေးကွက် ၂၀၂၁ အရောင်းရဆုံး အီးဗီများ 

ဩစတေးလျ ကားဈေးကွက်မှ ကားအသစ်များ ရောင်းချရတဲ့စီးရေ အချက်အလက်များကို  Federal Chamber of Automotive Industries (FCAI)  မှ ထုတ်ပြန်ခဲ့ပြီး လျှပ်စစ်မော်တော်ယာဉ် electric vehicle (EV) စီးရေ ၅,၁၄၉ စီး ရောင်းချခဲ့ကြောင်း သိရပါတယ်။
အပြည့်အဝ လျှပ်စစ်ကားများရဲ့ ဩစတေးလျ ဈေးကွက်ထဲ ၂၀၂၁ တစ်နှစ်တာ ရောင်းအားက ကားအသစ်မျိုးစုံ အရောင်းပမာဏ စုစုပေါင်းရဲ့ ၀.၅% မျှသာ ရှိပါတယ်။
၂၀၂၀ ခုနှစ်မှာ စီး‌ေရ ၁,၇၆၈ စီး ရောင်းချခဲ့ပါတယ်။ ၂၀၂၁ မှာ အီးဗီရောင်းအား ၂၀၂၀ ထက် ၃ ဆ ဝန်းကျင် ပိုမို ရောင်းချခဲ့ပါတယ်။

FCAI ရဲ့ အချက်အလက်မှာ ချို့ယွင်းချက် တစ်ခု ရှိနေတာက လျှပ်စစ်မော်တော်ယာဉ် Tesla ရဲ့ အရောင်းပမာဏ မပါဝင်ပါဘူး။ Tesla က ဩစတေးလျ ဈေးကွက်ထဲ ရောင်းရစီးရေကို ထုတ်ပြန်ကြေညာခြင်း မပြုတဲ့အတွက် FCAI ရဲ့ အချက်အလက်စာရင်းထဲ မပါဝင်တာ ဖြစ်ပါတယ်။ Tesla စီးရေ ၁၀,၀၀၀ အထိ ရောင်းရဖို့ ဖြစ်နိုင်ခြေ ရှိတယ်လို့ ခန့်မှန်းပါတယ်။

 

 

Tesla စီးရေ မပါဝင်တဲ့ FCAI ရဲ့ စာရင်းမှာ ၂၀၂၁ အရောင်းရဆုံး အီးဗီက MG ZS EV ဖြစ်ပါတယ်။ ဩစတေးလျရဲ့ ဈေးအနည်းဆုံး လျှပ်စစ် SUV ဖြစ်ပါတယ်။ တစ်နှစ်တာအတွင်း စီးရေ  ၁,၃၃၈ စီး ရောင်းခဲ့ရပါတယ်။

ဒုတိယအရောင်းရဆုံး အီးဗီက Porsche Taycan ဖြစ်ပါတယ်။ ၂၀၂၁ ဖေဖော်ဝါရီလကုန်မှာ ဩစတေးလျ ဈေးကွက်ထဲ စတင်ရောင်းချခဲ့ပါတယ်။ တန်းမြင့်ပရီမီယံ အတန်းအသား ဖြစ်ပြီး ပထမနေရာမှာ ရှိနေတဲ့ MG ထက် ရောင်းဈေး ၄ ဆ နီးပါး ပိုဈေးကြီးပါတယ်။

အံ့အားသင့်ကြရတာက Taycan က ဩစတေးလျမှာ ဈေးအကြီးဆုံး အီဗီ ဖြစ်‌ေသည်ငြားလည်းစီးရေ ၅၁၃ စီး ရောင်းချခဲ့ရတာ ဖြစ်ပါတယ်။

 
Porsche ရဲ့တခြားမော်ဒယ်တွေ ဖြစ်တဲ့
Macan က ၂,၃၂၈ စီး၊ 
Cayenne က ၈၃၇ စီး၊
 911 က ၄၂၈ စီး၊
718 Cayman က ၁၄၇ စီး၊
718 Boxster က ၁၀၉ စီး၊
Panamera က ၄၈ စီး 
ရောင်းခဲ့ရပါတယ်။

Taycan က Porsche ရဲ့ မော်ဒယ်တွေထဲမှ တစ်ခုတည်းသော လျှပ်စစ်ကားမော်ဒယ် ဖြစ်ပြီး တတိယ အများဆုံးရောင်းရတဲ့ မော်ဒယ် ဖြစ်ပါတယ်။

Hyundai ရဲ့ လျှပ်စစ်ကားမော်ဒယ်တွေဖြစ်တဲ့ 
Kona က ၅၀၅ စီး
Ioniq က ၃၃၈ စီး
ရောင်းရပါတယ်။
Kona က တတိယနေရာမှာ ဖြစ်ပြီး Ioniq က ဆဌမနေရာမှာ ဖြစ်ပါတယ်။

Volvo  က ၂၀၂၁ ဩဂုတ်လမှာ XC40 Recharge Pure Electric မော်ဒယ် SUV အသေးစားကို စတင်ရောင်းချပါတယ်။ ၂၀၇ စီးရောင်းရပါတယ်။ ၂၀၂၂ မှာတော့ အမှာစာ စီးရေ ၇၀၀ ဝန်းကျင် ရရှိထားပြီး ဖြစ်ပါတယ်။

၂၀၂၁ ဇွန်လမှာ စတင်ရောင်းချခဲ့တဲ့ Mercedes-Benz EQA က ၃၅၇ စီး၊ နိုဝင်ဘာလမှာ စတင်ရောင်းချတဲ့ Lexus UX300e က ၄၃ စီးနှင့်  BMW iX က ၃၅ စီး ရောင်းချရပါတယ်။

ရောင်းရစီးရေ နည်းပေမဲ့ မပြောမပြီး ပြောစရာက တရုတ်လျှပ်စစ်ကား BYD လည်း စာရင်းထဲမှာ မပါလာဘူး။ BYD ကလည်း ရောင်းရစီးရေကို FCAI ထံ အစီရင်ခံခြင်း မပြုလို့ ကျန်ခဲ့တာ ဖြစ်ပါတယ်။ ၂၀၂၁ မှာ BYD စီးရေ ၆၅ စီး ရောင်းရပါတယ်။

Read 640 times