အော်တိုဂီယာမောင်းနှင်သည့်သူများအတွက် သိထားသင့်သည့် ATF ပါဝါဆီ


အော်တိုဂီယာနှင့် မန်နျူရယ် ဂီယာ ၂ မျိုးတွင် အော်တိုက ကားမောင်းရသောလူ သက်သာခြင်းကြောင့် ပိုပြီး လူကြိုက်များပါသည်။

လူစီးကားများထဲတွင် အော်တိုဂီယာပါသောကားများ များပြားလာပါသည်။

လူစီးကားများထဲတွင် မန်နျူရယ်ဂီယာတွင်ဆိုလျှင် ကလပ်ပလိပ်အုံနှင့် ကလပ်ဆုံများပါနေပါသည်။

ကလပ်ဝါရှာပေါက်ခြင်း ကလပ်ပလိပ်ပြားလဲရခြင်းများကြောင့် အလုပ်ပိုလှပါသည်။

ကလပ်ပြဿနာများက မကြာခဏဆိုသလိုဖြစ်ပေါ်တက်ပြီး ကားမောင်းသည့်အခါတွင်လည်း ကလပ်ခြေနင်းတံကို အမြဲနင်းပြီးမှ ဂီယာပြောင်းလို့ရပါသည်။

မြို့ထဲတွင် ကားကျပ်သော အချိန်ဆိုလျှင် ကလပ် ခဏခဏ နင်းနေရသည့်အတွက် ကြာလျှင် ဒူးဆစ်များ၊ ခြေထောက်များညောင်းလာပြီး လူကိုပင်ပန်းစေပါသည်။

အော်တိုဂီယာစနစ်တွင် ကလပ်၏ အလုပ်တာဝန်နှင့် ဂီယာဘောက်စ်အလုပ်တာဝန် နှစ်မျိုးစလုံးကို အလိုအလျောက်ဆောင်ရွက်ပေးပါသည်။

ATF (Automatic Transmission Fluid) ပါဝါဆီ မှန်မှန်လဲပေးရုံဖြင့် ကားမောင်းရသည့်လူသက်သာစေသည့်အပြင် ပြုပြင်ထိန်းသိမ်းစရိတ်သက်သာစေပါသည်။

အော်တိုဂီယာစနစ်မှာ ယေဘုယျအားဖြင့် အစိတ်အပိုင်းသုံးမျိုးပါဝင်ပါသည်။

၎င်းတို့မှာ တော့ကွန်ဗာတာ (Torque Converter)၊ ပလန်နက်ထရီဂီယာ (Planetary Gear Unit)၊ ဟိုက်ဒြောလစ်ထိန်းချုပ်ယူနစ် (Hydraulic Control Unit) စသည်တို့ဖြစ်ပါသည်။

တော့ကွန်ဗာတာ (Torque Converter)

တော့ကွန်ဗာတာ (Torque Converter) မှာ အော်တိုဂီယာ ဘောက်စ်စနစ်၏ အဓိကမောင်းနှင်အား ယူနစ်ဖြစ်ပါသည်။

ထို့အပြင် သပိတ်ပုံစံနှင့်တူသောကြောင့် ကားမောင်းနှင်သူများက “ သပိတ်လုံး” ဟု အလွယ်ခေါ်ကြပါသည်။

တော့ကွန်ဗာတာဆိုသည်မှာ ဟိုက်ဒြောလစ်ပါဝါဆီတွန်းအားနှင့် အင်ဂျင်လည်အား (Torque) ကို ကူးပြောင်းပေးနိုင်သော ကိရိယာဖြစ်ပါသည်။

တော့ကွန်ဗာတာတွင် Pump Impeller, Turbine Runner နှင့် Stator များပါဝင်ဖွဲ့စည်းထားပါသည်။

Impeller နှင့် Turbine ကြားတွင် Stator ရှိပါသည်။

တော့ကွန်ဗာတာအတွင်းပိုင်းတွင် Auto ဂီယာ၏ အသက်ဖြစ်သည့် ATF ဟုခေါ်သော ပါဝါဆီရှိပါသည်။

အင်ဂျင်ဖလိုင်းဝှီးလည်ပါက Impeller ပါလိုက်လည်ပြီး Impeller တွင် ပါဝါဆီကို ခတ်ပေးနိုင်သော ဒလတ်များ ပါဝင်ပါသည်။

Impeller လည်လျှင် ပါဝါဆီများလိုက်ပြီးလည်သည့်အပြင် Impeller လည်အားကြောင့် ပါဝါဆီများသည် Stator ကိုဖြတ်ပြီး Runner တာဘိုင် ဒလက်များကိုရိုက်ခတ်မိခြင်းကြောင် Runner တာဘိုင်ပါလိုက်ပြီး လည်ပါသည်။

Torque

အင်ဂျင် Torque လည်နေသည့်အချိန်တွင် အင်ဂျင်ဖလိုင်းဝှီးကလည်း တစ်ပတ်ချင်းလည်နေသည့်အတွက် ကွန်မာတာအုံထဲတွင်ရှိသော ပါဝါဆီ၏ တွန်းအား၊ ဖိအားသည်အားနည်းနေသည်။

ထို့ကြောင့် အင်ဂျင်တွင် ကွန်ဗာတာအလုပ်မလုပ်ပေ၊ လီဗာနင်းပြီး အင်ဂျင်စက်ရှိမြင့်တက်လာသည်နှင့် ကွန်ဗာတာစပြီး အလုပ်လုပ်ပါသည်။

အော်တိုဂီယာစနစ်တွင် အင်ဂျင်ရုန်းအားလှည့်အား (Torque) ကို တော့ကွန်ဗာတာမှတစ်ဆင့် အော်တိုဂီယာအုံကို လည်ပတ်စေခြင်း၊ ATF ပါဝါဆီစီးဆင်းမှုတွန်းအားကြောင့်ဖြစ်သည်။

တော့ကွန်ဗာတာတွင် အင်ဂျင်လှည့်အားကို လွှဲပြောင်းပေးခြင်းတွင် ATF ပါဝါဆီ၏ တွန်းအားသည် အဓိကဖြစ်ပါသည်။

Impeller တွင် Blades ဒလက်များ တပ်ဆင်ထားပြီး Impeller လည်ပတ်လျှင် Blade များ၏ ရိုက်ခတ်မှုကြောင့် ပါဝါဆီများလိုက်လည်ပါသည်။

ပါဝါဆီများက Stator ကို ဖြတ်စီးပြီးတွင် ရှိသော တာဘိုင်ဒလက်များကို သွားရိုက်ပါသည်။

ပါဝါဆီများ Stator ကိုဖြတ်သန်းချိန်တွင် Oill Flow များ ပိုပြီးအားကောင်းလာသဖြင့် ပါဝါဆီများ လိုက်လည်ပြီး Converter လည်ပတ်ရခြင်းဖြစ်ပါသည်။

Auto Gear စနစ်တွင် အင်ဂျင်လည်အား၊ ရုန်းအား (Torque) ကို ပို့လွှတ်ရာတွင်ဖြစ်စေ၊ ဆပွားတိုးပြီး အားပိုမိုကောင်းလာစေရန်ဖြစ်စေ၊ အဓိကလုပ်ဆောင်ပေးသောအရာမှာ ATF ဟုခေါ်သော ဟိုက်ဒြောလစ်ပါဝါဆီဖြစ်ပါသည်။

Impeller နှင့် Turbine ကြားတွင်ရှိသော Stator ၏ တာဝန်က Impeller နှင့် Turbine နှစ်ခုကြားတွင်ရှိသော Oil Flow Circuit ကိုမြင့်တင်ပေးရန်ဖြစ်ပါသည်။

အင်ဂျင်လည်ပတ်သည်နှင့် Impeller လိုက်လည်ပြီး ဟိုက်ဒြောလစ်ပါဝါဆီများကို Impeller ဒလက်များက တွန်းပါသည်။

Impeller နှင့် Turbine ကြားတွင် Stator ရှိနေခြင်းကြောင့် တွန်းပို့လိုက်သော ပါဝါဆီများကို ဦးတည်ရာလမ်းကြောင်းပြောင်းလဲသွားပြီး ပါဝါဆီ၏ Oil Flow စီဆင်းမှုနှင့်ဖိအားကို တိုးပွားစေပါသည်။

ထိုကဲ့သို့ စွမ်းဆောင်ရည်တိုးပွားစေခြင်းကြောင့် ကွန်ဗာတာ၏ စွမ်းအားမြင့်တင်ပေးနိုင်မှုသည် ၂ ဆကျော်တိုးလာပါသည်။

Impeller ၏ လည်ပတ်မှု ၉၀% ကိုTurbineသို့ပို့ဆောင်ပေးနိုင်ပြီး အော်တိုဂီယာစနစ်တွင် ဟိုက်ဒြောလစ်စနစ်နှင့် အလုပ်လုပ်နေခြင်းကြောင့် ATF (ခေါ်) ဟိုက်ဒြောလစ်ပါဝါဆီသည် အဓိကကျပြီး အရေးကြီးပါသည်။

အော်တိုဂီယာစနစ် ပျက်စီးချွတ်ယွင်းရသည့် အကြောင်းတရားများထဲတွင် ပါဝါ Level ကျပြီး ဆီနည်းလွန်းနေခြင်းမျိုး၊ ပါဝါအရည်အသွေးကျတာမျိုး၊ ပါဝါဆီသစ်လဲမပေးဘဲနှစ်ပေါင်းများစွာသုံးနေခြင်းမျိုး၊ ATF ဆီမျိုးအစားရွေးချယ်မှုမှားနေခြင်းမျိုး စသည့်အချက်များက အော်တိုဂီယာ ပျက်စီးစေသော အချက်များ ဖြစ်ပါသည်။

ATF ပါဝါဆီဆိုသည်မှာ အော်တိုဂီယာစနစ်မှာ ဂီယာသွားများ၊ ပင်နယံများ လည်ပတ်နေသည့် အစိတ်အပိုင်းများ၊ ဘောလ်ဘယ်ရင်များအတွက် ချောဆီဖြစ်ပါသည်။

အော်တိုဂီယာဘောက်စ် အလုပ်လုပ်လည်ပတ်ရာမှ အပူများ ထွက်လာပြီး အပူချိန်မြင့်တက်မလာရန် ATF ပါဝါဆီက အအေးခံပေးပါသည်။

အင်ဂျင်က ရုန်းအားကိုတော့ ကွန်ဗာတာမှတဆင့်ဂီယာတွေအဆင့်မဆင့်ခံပြီးနောက်ဆုံးDrive Train သို့ရောက်စေတဲ့အရာကလည်းATFပါဝါဆီပါဘဲ အော်တိုဂီယာစနစ်မှာထိန်းချုပ်မှုအပိုင်းကို ဆောင်ရွက်ပေးသော ဟိုက်ဒြောလစ်စနစ်ဖြစ်သည့်အပြင် အော်တိုဂီယာစနစ်အတွင်းတွင် ဘရိတ်များ၊ ကလပ်များ၊

အလုပ်လုပ်စေခြင်းကလည်း ATFပါဝါဆီဖိအားသာဖြစ်ပါသည်။

ထို့ကြောင့် အော်တိုဂီယာစနစ်တွင် ATF ပါဝါဆီသည် အဓိကကျသော အချက်ဖြစ်ပါသည်။

Manual Gear တွင် အသုံးပြုခြင်း ကြာသွားလျှင် ကလပ်ပလိပ် လိုက်နာများစားပြီး ကလပ်ပလိပ်ချော်ရာမှ ကလပ်ပလိတ်လောင်သွားနိုင်ပါသည်။

ကလပ်ညှော်နံ့များ ထွက်ပြီး အင်ဂျင်ဆွဲအား၊ ရုန်းအားကို ဂီယာဘောက်စ်ရောက်အောင်မပို့နိုင်ခြင်းမျိုးကို ကလပ်စလစ်ဖြစ်သည်ဟု ခေါ်ပါသည်။

အော်တိုဂီယာမှာလည်း ထိုကဲ့သို့ စလစ်ဖြစ်တက်ပါသည်။

ဂီယာကို N မှ D ကို ပြောင်းထိုးလီဗာနင်းကြည့်လိုက်ပါက အသံထူးထူးခြားခြားမြည်လာပြီး ကားမဆွဲဘဲ တုန်ဆိုင်းတုန်ဆိုင်းဖြစ်ချင်သည့် လက္ခဏာမျိုးဖြစ်ပါသည်။

အော်တိုဂီယာဘောက်ထဲတွင် ATF ပါဝါဆီနည်းပြီး ဆီ Level ကျနေခဲ့လျှင် ပါဝါဆီဖိအားကျဆင်ပြီး စလစ်ဖြစ်တက်ပါသည်။

အော်တိုဂီယာဘောက်ထဲမှာ ATF ပါဝါဆီကိုစစ်ဆေးသည့်အခါ ပါဝါဆီနည်းသွားလျှင် ကွန်ဗာတာက ဆီဖိအားအပြည့်အဝမရတော့ဘဲ တုန်ဆိုင်းနေပါလိမ့်မည်။

ပါဝါဆီ Level တိုင်းသည့် ဒုတ်တံနှင့် ဆီ Level တိုင်းကြည့်ပြီး ဆီလျော့နေလျှင် ဆီထပ်ဖြည့်ပါ။ ဆီထည့်တာများသွားရင်Level ကျော်သွားတာလဲမဖြစ်စေရန် ဂရုပြုရပါမည်။

ATF ပါဝါဆီ၏ အရောင်အသွေးကိုစစ်ကြည့်သည့်အခါ အနီရောင်(သို့မဟုတ်) နီညိုရောင်ပျော့ပျော့ရှိနေလျှင် ဆီအခြေအနေကောင်းနေပြီး ဆီအရောင်မည်းညစ်ညစ်ဖြစ်နေပြီးဆိုလျှင် ပါဝါဆီဖောက်ချပြီး အသစ် လဲလှယ် လိုက်သင့်ပါသည်။

အောတိုဂီယာစနစ်တွင် လည်ပတ်နေသော ATF ပါဝါဆီသည် ဖိအားများခြင်းကြောင့် အပူချိန်မြှင့်တက်လာပါသည်။

ATF ပါဝါဆီများ၏ အပူများကို Oil Cooler ကအအေးခံပေးပြီး Oil Cooler ကို အင်ဂျင်အအေးခံစနစ်နှင့်တွဲဖက်ပါသည်။

အကယ်၍ ATF ပါဝါဆီ၏ အရောင်သည် နို့ရောထားသည့် အညှိရောင်မျိုးပြောင်းနေပြီးဆိုလျှင် ပါဝါဆီထဲတွင် ရေရောက်နေသောကြောင့်ဖြစ်ပါသည်။

ရေရောနေသည့် ပါဝါဆီသည် အော်တိုဂီယာစနစ်အတွက် အလွန်အန္တရာယ်များသောကြောင့် ချက်ချင်းဖောက်ချပြီး ဆေးကြောသန့်ရှင်းပြီးမှ ဆီသစ်ထည့်ရပါမည်။

၂၀၀၉ အောက်ဆိုလျှင် ကီလို ၅၀၀၀၀ ခန့် သုံးပြီးတိုင်း ATF ပါဝါဆီလဲလှယ်ပေးသင့်ပြီး မိုဒယ် ၂၀၁၀ အထက်ဆိုလျှင် ပုံမှန်ကီလို ၁ သိန်းဝန်းကျင်ခန့်သုံးပြီးလျှင် လဲသင့်ပါသည်။

ATF ပါဝါဆီကို ထုတ်လုပ်သူညွှန်ကြားထားသော ဆီအမျိုးအစားကိုသာ အသုံးပြုသင့်ပပါသည်။

ပိုင်ရှင် လက်စွဲစာအုပ်တွင် ATF ပါဝါဆီအမျိုးအစားကို ဖော်ပြထားပါသည့်အပြင် ဆီတိုင်းသည့် ဒုတ်တံ (Dipstick) တွင် ဖော်ပြထားပါသည်။

အော်တိုဂီယာစနစ်တွင် ATF ပါဝါဆီများ အကြောင်းအမျိုးမျိုးနှင့် ယိုစိမ့်နိုင်ပြီး ဆီနည်းသွားလျှင် အော်တိုဂီယာစနစ် ပျက်စီးသွားပါသည်။

ထို့ကြောင့် ဆီ Level၊ ဆီအရောင်များကို ဂရုတစိုက်စစ်ဆေးသင့်အပြင် မိုင် ၃၀၀၀၀ အထက်ပိုမသုံးသင့်သည့်အပြင် ဆီသစ်လဲပေးလျှင်လည်း အမျိုးအစားမှန်သည့် ဆီကိုသာ သုံးသင့်ပါသည်။

အော်တိုဂီယာပျက်လျှင်ပြင်သုံး၍ မရသောကြောင့် အလုံးလိုက်အသစ်လဲပေးရပါသည်။

သက်တမ်းကြနေပြီဖြစ်သည့် 1999, 2000, 2001, 2002 မိုဒယ်ကားများတွင် ATF ပါဝါဆီကို ဂရုစိုက်ပေးရပါမည်။

Used ကားဝယ်လျှင် ATF ပါဝါဆီကို စစ်ဆေးပြီး လိုအပ်ပါက ဆီအသစ်လဲလှယ်ပေးသင့်ပါသည်။

အင်ဂျင်တစ်လုံး၏ အသက်သည် အင်ဂျင်ဝိုင်ဖြစ်သကဲ့သို့ အော်တိုဂီယာတစ်လုံး၏ အသက်သည်လည်း ATF ပါဝါဆီသာဖြစ်ပါသည်။

 

Read 21282 times