ပြိုင်ကွင်းတွင်သာမက မြို့တွင်းသုံးအဖြစ်ပါ စီးနင်းနိုင်မည့် Aston Martin Vulcan


ဘောလုံးသမားအကျော်အမော်တစ်ဦးဖြစ်သူ နေမားပိုင်ဆိုင်ထားသော ကားများထဲမှ တစ်စီးဖြစ်သော Aston Martin သည် ပြိုင်ကွင်းသီးသန့် မောင်းနှင်နိုင်မည့် Vulcan စူပါကားများကို ၂၀၁၅ တွင် စတင်ရောင်းချခဲ့ပါသည်။
သို့သော် ယခု မြို့တွင်းလမ်းများအတွက်ပါ ကိုက်ညီမည့် ပထမဆုံး Vulcan တစ်စီးထွက်ပေါ်လာခဲ့ပါသည်။

ထိုကားကို မြို့တွင်းလမ်းနှင့် ကိုက်ညီအောင် ပြုပြင်ပြောင်းလဲခဲ့ခြင်းကြောင့် RML Groupက ဖြစ်ပါသည်။

ဗြိတိန် ကားကုမ္ပဏီ Aston Martin သည် Vulcan များကို စုစုပေါင်း ၂၄ စီးသာ ထုတ်လုပ်ခဲ့ပါသည်။

ထိုကားများသည် တစ်စီးကို ဒေါ်လာ ၂.၃ သန်းခန့် တန်ကြေးရှိပါသည်။

RML Group ကတော့ Vulcanတစ်စီးကို မြို့တွင်းက လမ်းများပေါ် မောင်းနှင်နိုင်လောက်အောင်ပါ ပြန်လည် ချိန်ညှိ ပြင်ဆင်ပြလိုက်ပါသည်။

တစ်နည်းအားဖြင့် ကမ္ဘာပေါ်တွင် တစ်စီးတည်းသော မြို့တွင်းသုံး Vulcan လည်း ဖြစ်ပါသည်။

မြို့တွင်း လမ်းများတွင် အဆင်ပြေအောင် ပြောင်းလဲရန်အတွက် Vulcan ၏ ဒီဇိုင်းပိုင်းကိုပါ ပြန်လည် ပြင်ဆင်ရခြင်းများ အပါအဝင် ပြုပြင်ပြောင်းလဲမှု လုပ်ငန်းစဉ် တစ်ခုလုံး ၁၈ လလောက် ကြာမြင့်ပါသည်။

RML Group သည် ကား၏ စက်ပိုင်းဆိုင်ရာ အချက်အလက်များကိုတော့ အပြောင်းအလဲ မလုပ်ခဲ့ပေ။

ထို့ကြောင့် မြင်းကောင်ရေ ၈၂၀ အား 7.0-litre V12 အင်ဂျင်ကိုသာ ဆက်လက် အသုံးပြုထားမည် ဖြစ်ပါသည်။

Vulcan များ၏ မူလတည်ဆောက်မှုသည် မြို့တွင်း လမ်းများတွင် မောင်းနှင်သော မော်ဒယ်လ်များ လိုက်နာရမည့် အချက်အလက်များကို မျက်ကွယ်ပြုပြီး စွမ်းဆောင်ရည် ကဏ္ဍကိုသာ အသားပေး ဖန်တီးထားပါသည်။

ယခုကားမှာတော့ ဂီယာ ချိန်ညှိမှု အယူအဆများကအစ ပြန်လည် ပြောင်းလဲခဲ့ရသည်ဟု သိရပါသည်။

RML Groupက အကယ်၍ ထိုကားကို မှာယူသော ပိုင်ရှင်ဖြစ်သူ ဆန္ဒရှိလျှင် မူလ ပြိုင်ကွင်းသုံး Vulcan အဖြစ် ပြန်လည် ပြောင်းလဲပေးရန်ပါ ကူညီမည်ဟု ပြောကြားထားပါသည်။

 

Read 615 times