ဟိုင်ပါကား ဗောကီးရီ အဦးဆုံးတစ်စီး ထုတ်လုပ်ပြီးစီး


ဟိုင်ပါကား ဗောကီးရီ အဦးဆုံးတစ်စီး ထုတ်လုပ်ပြီးစီး

နမူနာပုံစံကို ပွဲထုတ်ပြသခဲ့ပြီး ၅ နှစ်အကြာတွင် အိမ်စီးပြိုင်ကားများ ထုတ်လုပ်တဲ့ Aston Martin ရဲ့  ဗောကီးရီ Valkyrie ဟိုင်ပါကား အဦးဆုံး  တစ်စီးကို ထုတ်လုပ်မှု ပြီးစီးခဲ့ပါပြီ။ လာမယ့် သီတင်းပတ် အနည်းငယ်အတွင်း ကြိုတင်မှာကြား ဝယ်ယူထားသူထံ ပေးပို့မယ်လို့ Aston Martin က ထုတ်ပြန်ကြေညာပါတယ်။
မူလအစီအစဉ်ထက် ၂ နှစ်ခန့် နောက်ကျခဲ့ပါတယ်။

ဗောကီးရီကို ယူကေ မှာ တည်ရှိတဲ့ Aston Martin ရဲ့ စက်ရုံမှာ ထုတ်လုပ်ပါတယ်။
ဗောကီးရီတွေကို စီးရေ အကန့်အသတ်ဖြင့် ထုတ်လုပ်မှာ ဖြစ်ပါတယ်။
ပုံမှန် Valkyrie အစီး ၁၅၀ ၊ အမိုးဖွင့်စီးလို့ရတဲ့ Valkyrie Spider ၈၅ စီးတို့ကို အိမ်စီးပြိုင်ကားများ အဖြစ် ထုတ်လုပ်မှာ ဖြစ်ပါတယ်။ ဆိုလိုချင်တာက အများသူငါ သုံးစွဲနေတဲ့ လမ်းတွေပေါ်မှာ တရားဝင် မောင်းနှင်ခွင့် ရရှိမှာ ဖြစ်ပါတယ်။
ပြိုင်ကားကွင်းထဲမှာသာ မောင်းနှင်ဖို့ Valkyrie AMR Pros အစီး ၄၀ ကိုလည်း ထုတ်လုပ်ပါမယ်။


ပြိုင်ကားကွင်းထဲ မောင်းနှင်နိုင်ပေမဲ့ ပြိုင်ကားပြိုင်ပွဲတွေမှာ ဝင်ပြိုင်ခွင့် မရနိုင်ပါ။ ဘာလို့လဲဆိုတော့ ပြိုင်ပွဲ စည်းမျဉ်းစည်းကမ်းများနှင့်အညီ မထုတ်လုပ်လို့ ဖြစ်ပါတယ်။ ကားကို အမြန်နှုန်း ပိုမြင့်မြင့်ဖြင့် မောင်းနှင်နိုင်ဖို့အတွက်သာ အဓိကထားပြီး ထုတ်လုပ်ထားပါတယ်။

 

 

ယခု ထုတ်လုပ်ပြီးစီးတဲ့ ဗောကီးရီမှာ တပ်ဆင်ထားတဲ့ 6.5-liter V-12 အင်ဂျင်က ပါဝါအမြင့်ဆုံး 1,000 hp အထိ ထုတ်ပေးနိုင်စွမ်း ရှိပါတယ်။
ဗောကီးရီက အင်ဂျင်ပါဝါနှင့် ဘက်ထရီပါဝါ ၂မျိုးစပ် ဟိုင်းဘရစ်ကားအမျိုးအစား ဖြစ်တာကြောင့် လျှပ်စစ်မော်တာက ပါဝါ 160 hp ထုတ်ပေးပါတယ်။ နှစ်မျိုး စုစုပေါင်း 1160 hp ထုတ်ပေးနိုင်ပြီး ရုန်းအား 663 lb-ft ရှိတယ်လို့ သိရပါတယ်။ အခြေခံရောင်းဈေးက အမေရိကန်ဒေါ်လာ ၃ သန်း ဖြစ်ပါတယ်။

 ပုံမှန် Valkyrie အစီး ၁၅၀ အကုန်လုံး ရောင်းချထားပြီးပြီ ဖြစ်တဲ့အပြင် AMR Pro ၄၀ စီးကိုလည်း အကုန်လုံး ရောင်းချထားပြီးပြီလို့ Aston Martin က ပြောကြားခဲ့ပါတယ်။
#MyanmarAutomobileGuide 
 

 

   

MAG

Read 5509 times