ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ Aston Martin တံဆိပ်တော် 


ရှေးမူမပျက် ထိန်းသိမ်းထားတဲ့ Aston Martin တံဆိပ်တော် 

ကားရှေ့ဖုံးမှာ တပ်ဆင်ဖို့ တောင်ပံတစ်စုံပါ တံဆိပ်တော်ကို Aston Martin က သတ္တုသားဖြင့် ပြုလုပ်ရာမှာ ရှေးမူမပျက် handmade လုပ်ကိုင်ပါတယ်။

YouTube မှာ MrJWW က တံဆိပ်တော် ပြုလုပ်ပုံအဆင့်ဆင့်ကို မှတ်တမ်းတင် ဗီဒီယို တင်‌ပြပေးထားပါတယ်။

 Aston Martin special-edition DBX မော်ဒယ်အတွက် တံဆိပ်တော် ပြုလုပ်ပုံ အဆင့်ဆင့်ကို မှတ်တမ်းတင်ပေး ထားပါတယ်။

Aston ရဲ့တံဆိပ်တော် badge ကို သက်တမ်း နှစ်ပေါင်း ၂၀၀ ရှိပြီဖြစ်တဲ့ ဗြိတိသျှကုမ္ပဏီ Vaughtons တာဝန်ယူ ပြုလုပ်ပေးခဲ့တာ ၁၉၆၀ ပြည့်လွန်နှစ်များ ကတည်းက ဖြစ်ပါတယ်။

Vaughtons က တံဆိပ်အမျိုးမျိုး အထူးပြု လုပ်ကိုင်နေတဲ့ အဓွန့်ရှည်ကြာ လုပ်ငန်းတစ်ခုဖြစ်ပြီး အိုလံပစ် အားကစားပွဲများ၊ Premier League ဘောလုံးပွဲများအတွက် ဆုတံဆိပ်တွေကိုလည်း လုပ်ကိုင်ပေးပါတယ်။ နစ်မြှုပ်သွားတဲ့ ကမ္ဘာကျော် Titanic သင်္ဘောအတွက်လည်း တံဆိပ်တော်တွေ လုပ်ကိုင်ပေးခဲ့ဖူးပါတယ်။

တံဆိပ်တော်ကို သတ္တုပြားပြောင်ချောကနေ စတင်လုပ်ကိုင်ပါတယ်။ ဖိစက်ဖြင့် အကြိမ်ကြိမ် ဖိပေးပြီး ပုံဖော်ပါတယ်။ ဖိတဲ့ အကြိမ်တွေကြားမှာ သတ္တုသား ပျော့‌သွားပြီးအောင် ပုံဖော်ပေးထားတဲ့အတိုင်း အသားကျပြီး ပုံဝင်သွားအောင်အပူပေးပြီး ရပါတယ်။ အပူချိန်က ဖာရင်ဟိုက် ၁,၄၇၂ ဒီဂရီ ရှိပါတယ်။ ဖိပုံဖော်လောကမှာ မီးမှုတ် "blows" လို့ သုံးနှုန်းကြပါတယ်။  မီးဆေးတဲ့ လုပ်ငန်းစဉ် ဖြစ်ပါတယ်။ 

 ကားမှာ တပ်ဆင်မယ့် အဆင့်ကို ရောက်ဖို့ တံဆိပ်တော်တိုင်း ၁၄ ကြိမ်တိုင်တိုင်  ဖိပုံဖော် ရပါတယ်။ မီးမှုတ် မီးဆေး ၆ ကြိမ် လုပ်ပေးရပါတယ်။

 အသားပိုတွေ ဖြတ်ထုတ်ပြီးတဲ့အခါ အချောကိုင်ပါတယ်။

အခြေခံပုံပန်းသဏ္ဌာန်ရတဲ့အခါ တံဆိပ်ကို သန့်ရှင်းရေး လုပ်ကိုင်ပါတယ်။ ယခုအဆင့်မှာတော့ ခေတ်ပေါ် ဓာတုပစ္စည်းတွေ၊ စက်ကိရိယာတွေ သုံးစွဲပါတယ်။ 

မျက်နှာပြင် သန့်စင်ပြီးတဲ့အခါ မျက်နှာပြင်ပေါ် အလွာတင်၊အချောသတ်ပြီး ကားမှာ တပ်ဆင်ဖို့ ကားစက်ရုံထံသို့ ပေးပို့ပါတယ်။ 

တံဆိပ်တော်ကို ယခုလို ကရိကထခံပြီး ပြုလုပ်တာ Aston Martin အပြင် အခြားကားထုတ်လုပ်ရေး လုပ်ငန်းတွေလည်း ပြုလုပ်ကြပါတယ်။ 

Bugatti ရဲ့ ဘဲဥပုံ အနီရောင်တံဆိပ်တော်ကို ငွေသတ္တုသားဖြင့် ပြုလုပ်ပါတယ်။ စံအရည်မီငွေသား sterling silver ၁၅၀ ဂရမ်ဖြင့် ပြုလုပ်ပါတယ်။ တံဆိပ်တော်တစ်ခု ပြုလုပ်ဖို့ အလုပ်ချိန် ၁၀ နာရီကြာမြင့်ပါတယ်။

#MyanmarAutomobileGuide 


 Telegram Channel

https://t.me/Guid4U

 

 

MAG

Read 354 times