Aston Martin က ပထမဆုံး လျှပ်စစ်ကားကို ပြသ


ထူးခြားတာကတော့ ယင်းရဲ့ တံခါးလေးပေါက် Rapide E လျှပ်စစ်ကားကို စုစုပေါင်း စီးရေ ၁၅၅ စီးတည်းသာ ထုတ်လုပ်မှာဖြစ်တယ်လို့ သိရပါတယ်။ ယခု လျှပ်စစ်ကားနဲ့အတူ အမေရိကန် လျှပ်စစ်ကားကုမ္ပဏီ Tesla ကိုယှဉ်ပြိုင်ဖို့ Aston Martin ဘက်က ကြိုးပမ်းလာတာ ဖြစ်တယ်လို့ သိရပါတယ်။

ယင်းရဲ့ Rapide E ကတော့ range နှုန်း မိုင် ၂၀၀ ကျော် အထိ ရှိမှာဖြစ်ပြီး တစ်နာရီ မိုင် ၃၁၀ နှုန်းနဲ့ အားသွင်းနိုင်မယ်လို့ Aston Martin က ပြောပါတယ်။ ကုမ္ပဏီရဲ့ အဆိုအရ Rapide E ဟာ မော်တာနှစ်လုံးတပ်ထားပြီး အမြင့်ဆုံး မြန်နှုန်း တစ်နာရီ ၁၅၅ မိုင် ရှိကာ တစ်နာရီ ၀ မိုင်ကနေ မိုင် ၆၀ အထိကို လေးစက္ကန့်အတွင်း အရှိန်မြှင့်တင်နိုင်တယ်လို့လည်း သိရပါတယ်။

ယင်း ကားကို ဘယ်အချိန်မှာ delivery စလုပ်မယ်၊ နောက်ဈေးနှုန်း ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ ကုမ္ပဏီဘက်က ထုတ်ဖော်သွားခြင်း မရှိပါဘူး။

Credit; original uploader

Read 560 times