Aston Martin DBX707  မလေးရှားဈေးကွက် စတင်ရောက်ရှိ


Aston Martin DBX707  မလေးရှားဈေးကွက် စတင်ရောက်ရှိ

 

 

Aston Martin DBX707 သည် ကမ္ဘာပေါ်တွင် စွမ်းအားအရှိဆုံး ဇိမ်ခံ SUV ကားဖြစ်ပြီး မလေးရှားဈေးကွက်မှာ ရင်းဂစ် 1,098,000 ဖြင့် ဈေးဖွင့်ပါတယ်။ 4.0 litre twin-turbo V8 အင်ဂျင် တပ်ဆင်ထားပြီး ပါဝါ 707 PS နှင့် ရုန်းအား 900 Nm အထိ ရနိုင်ပါတယ်။ 

 

အင်ဂျင်ကို ဂီယာအပြောင်း သွက်လက်တဲ့ အော်တိုဂီယာ ၉ ချက် ဂီယာဘောက်စ်နဲ့ တွဲပေးထားပါတယ်။ သုညမှ တစ်နာရီ ကီလိုမီတာ ၁၀၀ သို့ ၃.၃ စက္ကန့်ဖြင့် အရှိန်တက်ပေးနိုင်ပါတယ်။ အမြင့်ဆုံး အမြန်နှုန်း တစ်နာရီ ၃၁၀ ကီလိုမီတာအထိ ပြေးနိုင်ပါတယ်။

Source paultan

#MyanmarAutomobileGuide 

Telegram Channel https://t.me/Guid4U

Read 1174 times