အာဆီယံ ဈေးကွက် ဧပြီလ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအား


အာဆီယံ ဈေးကွက် ဧပြီလ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအား

 

ASEAN Automotive Federation (AAF)  က ၎င်း၏ ဝဘ်ဆိုက်မှာ အာဆီယံ ဈေးကွက် ဧပြီလ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းအားများကို ထုတ်ပြန်ကြေညာခဲ့ပါတယ်။ 

(အောက်ဆုံးတွင် စာရင်းဇယား အပြည့်အစုံကို ဖော်ပြပေထားပါတယ်)

အာဆီယံ ဈေးကွက် ဧပြီလ မော်တော်ယာဉ် ထုတ်လုပ်မှုများကို ကြီးထွားနှုန်းအရ ကြည့်လျှင် မြန်မာနိုင်ငံက 45,600%  ကြီးထွားခဲ့ပါတယ်။ ဒုတိယနေရာမှာ ထိုင်းနိုင်ငံက 12.9% ဖြင့် နေရာယူထားပြီး အင်ဒိုနီးရှားက  11% ဖြင့် တတိယနေရာကိုလည်းကောင်း၊ မလေးရှားက 6.5% ဖြင့် စတုတ္ထနေရာကို လည်းကောင်း ရယူထားပါတယ်။ ပဉ္စမနေရာမှာ ဗီယက်နမ်က ကြီးထွားနှုန်း 4.5% ရှိခဲ့ပါတယ်။ 

၂၀၂၂ ခုနှစ်အတွက် ဇန်နဝါရီလမှ ဧပြီလအထိ  မော်တော်ယာဉ် ထုတ်လုပ်မှု ကြီးထွားနှုန်းကို ကြည့်လျှင်လည်း မြန်မာနိုင်ငံက ပထမ နေရာမှာ 124.7% ဖြင့် နေရာယူထားပါတယ်။ အင်ဒိုနီးရှားက 36.2% ဖြင့် ဒုတိယနေရာမှာ ရှိနေပါတယ်။ တတိယနေရာမှာတော့ ကြီးထွားနှုန်း 27.8% ဖြင့် ဗီယက်နမ် ရှိနေပါတယ်။ ထိုင်းက 8% ဖြင့် စတုတ္ထနေရာ၊ မလေးရှားက 5.2% ဖြင့် ပဉ္စမနေရာ အသီးသီး ရရှိကြပါတယ်။

 

အာဆီယံ ဒေသတွင်းမှာ ၂၀၂၂ ခုနှစ်အတွက် ဇန်နဝါရီလမှ ဧပြီလအထိ  မော်တော်ယာဉ် ထုတ်လုပ်မှု 16.5%  ကြီးထွားခဲ့ပြီး စီးရေ စုစုပေါင်း ၁.၄၁ သန်း ထုတ်လုပ်ခဲ့ပါတယ်။

အာဆီယံ ဈေးကွက် ဧပြီလ မော်တော်ယာဉ် ရောင်အားကို ကြီးထွားနှုန်းအရ ကြည့်လျှင် မြန်မာနိုင်ငံက ပထမနေရာမှာ 132.6%  ဖြင့် ရှိနေပါတယ်။  ဗီယက်နမ်နှင့် ဖိလစ်ပိုင်တို့က 40.9% ဖြင့် ဒုတိယနေရာမှာ ရှိနေကြပါတယ်။ အင်ဒိုနီးရှားက 31.2%  ဖြင့် စတုတ္ထနေရာ၊ ထိုင်းက 9.1%. ဖြင့် ပဉ္စမနေရာမှာ ရှိနေပါတယ်။ 

ရောင်းအား ကျဆင်းခဲ့တာ စင်ကာပူ တစ်နိုင်ငံတည်း ရှိပြီး အနုတ် 28.9% ကျဆင်းပါတယ်။

၂၀၂၂ ခုနှစ်အတွက် ဇန်နဝါရီလမှ ဧပြီလအထိ မော်တော်ယာဉ် ရောင်းအား ကြီးထွားနှုန်းကို ကြည့်လျှင် အင်ဒိုနီးရှားက ထိပ်ဆုံးမှာ 38.6% ဖြင့် ရှိနေပါတယ်။ ဒုတိယနေရာမှာ ဗီယက်နမ်က 31.5% ဖြင့် ရှိနေပြီး မြန်မာက 19.3% ဖြင့် တတိယနေရာမှာ ရှိနေပါတယ်။ ဖိလစ်ပိုင်က 13.3% ဖြင့် စတုတ္ထနေရာကို ရယူထားပါတယ်။ ထိုင်းနိုင်ငံက 2.7% ဖြင့် ပဉ္စမနေရာမှာ ရှိနေပါတယ်။ 

စင်ကာပူက ရောင်းအားထိုးကျခဲ့ရာ 40.1% ကျဆင်းခဲ့ပါတယ်။ 

#MyanmarAutomobileGuide

MAG

Read 914 times