အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ဆက်လက်ကြီးထွား


အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ဆက်လက်ကြီးထွား

 

TO GET INSTANT UPDATE 
Join Telegram Channel  

https://t.me/Guid4U

အာဆီယံ မော်တော်ယာဉ် အသင်းချုပ်  Association of Southeast Asian Nations (ASEAN) Automotive Federation (AAF) မှ လစဉ် ထုတ်ပြန်ပေးသော စာရင်းဇယားအရ ၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လအထိ အာဆီယံနိုင်ငံတို့၏ မော်တော်ယာဉ် ထုတ်လုပ်မှု ကြီးထွားနှုန်းများကို ကြည့်လျှင် မလေးရှား  (70.3 %)၊ ဗီယက်နမ် (43.6%) ၊ အင်ဒိုနီးရှား (33.2%) ၊ ထိုင်း (14.4%) အသီးသီး ပိုမို ကြီးထွားခဲ့ပါသည်။ 

ယခုနှစ်တွင် ဩဂုတ်လကုန်အထိ အာဆီယံတွင် ကားစီးရေ ၂.၈၀၄ သန်း ထုတ်လုပ်ခဲ့ပါသည်။ 

ရောင်းအားကို ကြည့်လျှင် ယခုနှစ် ပထမ ၈ လအတွင်း ရောင်းအား ကြီးထွားနှုန်းကို ရာခိုင်နှုန်းအရ ကြည့်လျှင် မလေးရှားသည် ရောင်းအားကြီးထွားနှုန်း အများဆုံး ဖြစ်ပြီး ၆၂.၉% ရှိသည်။ ဗီယက်နမ်သည် ၄၉.၉% ရှိသည်။ ထိုင်းသည် ၂၆.၁% ရှိသည်။ အင်ဒိုနီးရှားသည် ၂၁.၁% ရှိသည်။ 
၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ အာဆီယံတွင် ကားစီးရေ ၂.၂၀၆ သန်း ရောင်းချခဲ့ပါသည်။ 


မော်တော်ဆိုင်ကယ်နှင့် စကူတာကဏ္ဍကို ကြည့်လျှင် မလေးရှားနှင့် ထိုင်း တို့တွင် မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှု ပိုများလာခဲ့သည်။ အာဆီယံတွင် ၂၀၂၂ ဇန်နဝါရီလမှ ဩဂုတ်လကုန်အထိ မော်တော်ဆိုင်ကယ်နှင့် စကူတာ စီးရေ ၂.၃ သန်း ထုတ်လုပ်ခဲ့သည်။ ရောင်းအားမှာ စီးရေ ၂.၆၈ သန်း ရှိသည်။
Source AAF

 

Read 2044 times