အာဆီယံ ကားအသစ်ရောင်းအား ကျဆင်း၊ ထုတ်လုပ်မှု အရှိန်လျော့ကျ


အာဆီယံဒေသအတွင်း မော်တော်ယာဉ်ရောင်းအားကျဆင်းမှုသည် သြဂုတ်လတွင် အနုတ်လက္ခဏာ ၂၆.၇ ရာခိုင်နှုန်း ဖြစ်ခဲ့ပြီး

စက်တင်ဘာလတွင် အနုတ်လက္ခဏာ ၁၄.၂ ရာခိုင်နှုန်းသို့ တက်လာသော်လည်း ယခင်နှစ် အလားတူကာလနှင့် နှိုင်းယှဉ်လျှင် ၃၅.၇ ရာခိုင်နှုန်း လျော့နည်းနေသည်။ ရောင်းအား ကျဆင်းသဖြင့် ထုတ်လုပ်မှုအပိုင်းတွင်လည်း နှေးကွေးနေသည်။

ASEAN Automotive Federation (AAF) မှ ထုတ်ပြန်သော စာရင်းအရ -
မြန်မာအပါအဝင် အာဆီယံနိုင်ငံ ၈ ခုတို့တွင် စက်တင်ဘာလ ရောင်းအားစီးရေမှာ ၂၄၃,၀၆၂ စီး ဖြစ်ပြီး ပြီးခဲ့သည့်နှစ် စက်တင်ဘာလတွင် စီးရေ ၂၈၃, ၀၅၅ စီး ရောင်းချခဲ့ရသည်။ ယခုနှစ် ဩဂုတ်လတွင် စီးရေ ၂၀၇,၃၉၇ စီး ရောင်းချခဲ့ရသည်ဖြစ်ရာ စက်တင်ဘာလတွင် စီးရေ ပိုများလာသည်ကို တွေ့ရသည်။

မြန်မာနိုင်ငံတွင် ကားအသစ် စီးရေ ရောင်းချရသည့်ပမာဏသည် ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ တို့တွင် စီးရေ ၂,၀၀၀ အထက်ဝန်းကျင် ရှိခဲ့ရာမှ မတ်လတွင် ကျဆင်းသွားခဲ့ရာ ၂၀၀၀ အောက်ဝန်းကျင်သို့ ရောက်ရှိခဲ့သည်။ မေလတွင် ၁,၀၀၀ ကျော် ရောင်းချခဲ့ရပြီး ဇွန်လတွင် ၂,၀၀၀ နီးပါးဖြစ်လာခဲ့သည်။ ဇူလိုင်လနှင့် ဩဂုတ်လများတွင် ၂,၀၀၀ ကျော် ဖြစ်လာခဲ့ရာမှ စက်တင်ဘာလတွင် ၁,၀၀၀ ကျော်သို့ ထိုးကျသွားခဲ့သည်။

ယခုနှစ်တွင် ဇန်နဝါရီလဆန်းမှ စက်တင်ဘာလကုန်အထိ အာဆီယံတွင် ကားအသစ် ၁,၉၂၄,၀၆၅ စီး ရောင်းချခဲ့ရသည်။ ပြီးခဲ့သည့်နှစ် အလားတူကာလတွင် ကားအသစ် ၃,၁၅၉,၄၈၃ စီး ရောင်းချခဲ့ရသည်ဖြစ်ရာ ယခုနှစ်တွင် ရာခိုင်နှုန်းအားဖြင့် ၃၉.၁ ရာခိုင်နှုန်း လျော့နည်းသည်။

Read 381 times