မြန်မာကားဈေးကွက် ဖေဖော်ဝါရီလတွင် ကားအသစ် ၁,၀၀၀ ကျော် ရောင်းချခဲ့


မြန်မာကားဈေးကွက် ဖေဖော်ဝါရီလတွင် ကားအသစ် ၁,၀၀၀ ကျော် ရောင်းချခဲ့


မြန်မာနိုင်ငံ ပြည်တွင်းဈေးကွက်တွင် ၂၀၂၂ ခုနှစ် ဖေဖော်ဝါရီလအတွင်း ကားအသစ် စီးရေ ၁၀၁၃ စီး ရောင်းချခဲ့ကြောင်း ASEAN Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။ ဖေဖော်ဝါရီလ ကားအသစ် ရောင်းအားသည် ဇန်နဝါရီလထက် စီးရေ ၁၀၀ ကျော် လျော့ကျခဲ့ပြီး ကားအသစ် ထုတ်လုပ်မှုတွင် လျော့နည်းခဲ့ပါသည်။
ပြည်တွင်း ကားအသစ် ထုတ်လုပ်မှုမှာ ၂၀၂၂ ခုနှစ်တွင် စီးရေ ၄၃၁ စီးရှိခဲ့သည်။ ဇန်နဝါရီလတွင် ကားအသစ် ၆၀၃ စီး ထုတ်လုပ်ခဲ့သဖြင့် ဖေဖော်ဝါရီလတွင် စီးရေ ၂၀၀ နီးပါး လျော့နည်းသွားပါသည်။

ဖေဖော်ဝါရီလအတွင်း မော်တော်ယာဉ် ထုတ်လုပ်မှုတွင် ထိုင်းနိုင်ငံသည် အများဆုံးဖြစ်ပြီး ၁၅၅,၆၆၀ စီး ထုတ်လုပ်ခဲ့သည်ဟု ASEAN Automotive Federation မှ ထုတ်ပြန်သော အချက်အလက်များတွင် ဖော်ပြထားသည်။
မော်တော်ယာဉ် ထုတ်လုပ်မှု ဒုတိယအများဆုံး နိုင်ငံမှာ အင်ဒိုနီးရှား ဖြစ်ပြီး ၁၁၀, ၉၆၁ စီး ထုတ်လုပ်ခဲ့ပါသည်။
တတိယနေရာတွင် မလေးရှားနိုင်ငံ ရှိနေပြီး ၅၁,၂၉၁ စီး ထုတ်လုပ်ခဲ့ပါသည်။


၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ
မော်တော်ယာဉ် ထုတ်လုပ်စီးရေ

Thailand     151,747  155,660
Indonesia   119,428   110,961
Malaysia      42,961      51,291
Vietnam       18,405      13,785
Philippines     5,543       5,805
Myanmar           603          431


၂၀၂၂ ဇန်နဝါရီလနှင့် ဖေဖော်ဝါရီလ
မော်တော်ယာဉ်အသစ် ရောင်းချစီးရေ

Indonesia       84,062     81,228
Thailand        69,455     74,489
Malaysia       40,581      43,722
Philippines.   20,765      24,304
Vietnam         30,742      22,802
Singapore        3,747        2,913
Myanmar         1,125        1,013

Read 1953 times