၂၀၂၂ ဇန်နဝါရီလ အာဆီယံ မော်တော်ယာဉ်အသစ် ရောင်းအားနှင့် ထုတ်လုပ်မှု


၂၀၂၂ ဇန်နဝါရီလ အာဆီယံ မော်တော်ယာဉ်အသစ် ရောင်းအားနှင့် ထုတ်လုပ်မှု

 ၂၀၂၂ ဇန်နဝါရီလအတွက် အာဆီယံ မော်တော်ယာဉ်အသစ် ရောင်းအားနှင့် ထုတ်လုပ်မှုတို့ကို ASEAN  Automotive Federation (AAF)  မှ ထုတ်ပြန်ထားသော စာရင်းအရ မြန်မာနိုင်ငံတွင် မော်တော်ယာဉ်အသစ် ၁,၁၂၅ စီး ရောင်းချခဲ့ရပြီး ကားအသစ် ၆၀၃ စီး ထုတ်လုပ်ခဲ့ပါသည်။


ရောင်းအား
အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား။ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ  အာဆီယံနိုင်ငံ ၇ ခုတွင်  ၂၀၂၂ ဇန်နဝါရီလမှာ ကားအသစ် အများဆုံးရောင်းချခဲ့သည့် နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံဖြစ်ပြီး စီးရေ ၈၄,၀၉၈  ရောင်းချခဲ့ရပါသည်။ 
ကားအသစ် ဒုတိယ အများဆုံး ရောင်းချခဲ့ရသည့် နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး စီးရေ ၆၉,၄၅၅ ရောင်းချခဲ့ရပါသည်။
တတိယနေရာတွင် ရောက်ရှိခဲ့သော ဗီယက်နမ်နိုင်ငံတွင် စီးရေ  ၂၆,၄၃၂ ရောင်းချခဲ့ရပါသည်။
အဆိုပါအာဆီယံ  ၇ နိုင်ငံ စုစုပေါင်း ရောင်းအားမှာ စီးရေ ၂၅၀,၆၂၇  ဖြစ်ပါသည်။ 


ထုတ်လုပ်မှု 
ထိုင်း ၊ အင်ဒိုနီးရှား ၊ မလေးရှား ၊ ဗီယက်နမ် ၊ ဖိလစ်ပိုင် ၊ မြန်မာ အာဆီယံနိုင်ငံ ၆ ခုတွင်  ၂၀၂၂ ဇန်နဝါရီလ မော်တော်ယာဉ် အသစ် ထုတ်လုပ်မှုကို ကြည့်မည်ဆိုပါက  ထိုင်းနိုင်ငံသည် ပထမနေရာတွင် ရှိနေပြီး စီးရေ ၁၅၁,၇၄၇ ထုတ်လုပ်ခဲ့ပါသည်။
ဒုတိယနေရာတွင် ရှိနေသည့် အင်ဒိုနီးရှားသည် စီးရေ ၁၁၃,၀၀၄ ထုတ်လုပ်ခဲ့ပါသည်။ 
တတိယနေရာတွင် ရှိနေသည့် မလေးရှားနိုင်ငံသည် စီးရေ ၄၂,၉၆၁ ထုတ်လုပ်ခဲ့ပါသည်။ 
အဆိုပါအာဆီယံ  ၆ နိုင်ငံ စုစုပေါင်း ထုတ်လုပ်သည့် မော်တော်ယာဉ် စီးရေမှာ  ၃၃၂,၂၆၃ ဖြစ်ပါသည်။ 

 

Read 435 times