အာဆီယံ ၇ နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုများနှင့် ရောင်းအား 


အာဆီယံ ၇ နိုင်ငံ မော်တော်ယာဉ် ထုတ်လုပ်မှုများနှင့် ရောင်းအား 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

အာဆီယံ မော်တော်ယာဉ်ဆိုင်ရာ အသင်းချုပ် Asean Automotive Federation AAF က အာဆီယံအဖွဲ့ဝင်နိုင်ငံများ ဖြစ်ကြသည့် အင်ဒိုနီးရှား၊ ထိုင်း၊ မလေးရှား၊ ဗီယက်နမ်၊ ဖိလစ်ပိုင်၊ စင်ကာပူ၊ မြန်မာ ၇ နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် ရောင်းချမှုတို့ကို လစဉ် အချက်အလက် ထုတ်ပြန်ပေးလျက်ရှိရာ ၂၀၂၂ အောက်တိုဘာလအတွက် ထုတ်ပြန်ချက်အရ ၂၀၂၂ အောက်တိုဘာလတွင် ထိုင်းနိုင်ငံက စီးရေ ၁၇၀,၇၁၇ ထုတ်လုပ်ခဲ့ပြီး အများဆုံး ထုတ်လုပ်သည့်နိုင်ငံ ဖြစ်ပါသည်။  ဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး စီးရေ ၁၃၅,၅၂၁ ထုတ်လုပ်ခဲ့ပါသည်။ မလေးရှားနိုင်ငံသည် တတိယအများဆုံးဖြစ်ပြီး စီးရေ ၅၈,၉၉၁ ထုတ်လုပ်ခဲ့ပါသည်။    

 

 
.
AAF မှ ထုတ်ပြန်သော စာရင်းဇယားများအရ ၂၀၂၂ အောက်တိုဘာလတွင် မော်တော်ယာဉ်အသစ် အများဆုံး ပြည်တွင်းမှာ ရောင်းချသည့်နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး  ၉၃,၁၉၇ စီး ရောင်းချခဲ့ပါသည်။ ဒုတိယအများဆုံး ပြည်တွင်းမှာ မော်တော်ယာဉ် အသစ် ရောင်းချသည့်နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး စီးရေ ၆၄,၆၁၈ ရောင်းချခဲ့ပါသည်။ တတိယနေရာတွင် ရှိနေသည့် မလေးရှားတွင် စီးရေ ၆၁,၀၀၂ ရောင်းချခဲ့ပါသည်။ 

 


.
၂၀၂၂ အောက်တိုဘာလတွင် မြန်မာနိုင်ငံမှာ မော်တော်ယာဉ်အသစ် ၄ စီး ထုတ်လုပ်ခဲ့ပြီး ၅၈ စီး ရောင်းချခဲ့ပါသည်။ 
.
၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ထုတ်လုပ်မှုများကို ကြည့်လျှင်  ပထမနေရာတွင် ထိုင်းနိုင်ငံ၊ ဒုတိယနေရာတွင် အင်ဒိုနီးရှားနိုင်ငံ၊ တတိယနေရာတွင် မလေးရှားနိုင်ငံတို့ကို တွေ့ရပါသည်။ ရောင်းအားတွင် အင်ဒိုနီးရှားနိုင်ငံက ပထမ၊ ထိုင်းနိုင်ငံက ဒုတိယနှင့် မလေးရှားနိုင်ငံက တတိယနေရာတွင် ရှိနေပါသည်။ 
.
၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ အဆိုပါ ၇ နိုင်ငံတွင် စုစုပေါင်း မော်တော်ယာဉ် စီးရေ ၃၉၈,၂၇၃ ထုတ်လုပ်ခဲ့ပြီး ၂၉၀, ၈၈၇ စီး ရောင်းချခဲ့ပါသည်. 
.
မော်တော်ဆိုင်ကယ်နှင့် စကူတာ ထုတ်လုပ်မှုတွင် ၂၀၂၂ ဇန်နဝါရီလမှ အောက်တိုဘာလအထိ ၁၀ လတာအတွင်း ထိုင်းနိုင်ငံက စီးရေ ၁.၆၅ သန်း ထုတ်လုပ်ပြီး ပထမနေရာတွင် ရှိပါသည်။ ဖိလစ်ပိုင်နိုင်ငံက စီးရေ ၇ သိန်းကျော် ထုတ်လုပ်ပြီး ဒုတိယနေရာတွင် ရှိပါသည်။ တတိယနေရာတွင် ရှိနေသော မလေးရှားနိုင်ငံတွင် စီးရေ ၅ သိန်းကျော် ထုတ်လုပ်ခဲ့ပါသည်။ 
၎င်း ၁၀ လတာ ရောင်းအားကို ကြည့်လျှင် အင်ဒိုနီးရှားနိုင်ငံကို ဖော်ပြထားခြင်း မရှိဘဲ မလေးရှားနိုင်ငံ၊ စင်ကာပူနိုင်ငံ၊ ဖိလစ်ပိုင်နိုင်ငံ၊ ထိုင်းနိုင်ငံတို့ကို ဖော်ပြထားရာတွင် ထိုင်းနိုင်ငံမှာ ၁.၅ သန်းနီးပါး ရောင်းချခဲ့ပြီး အများဆုံးနိုင်ငံ ဖြစ်ပါသည်။ ဒုတိယနေရာတွင် ဖိလစ်ပိုင်နိုင်ငံက စီးရေ ၁.၃ သန်း ရောင်းချခဲ့ပါသည်။ တတိယနေရာတွင် မလေးရှားနိုင်ငံက စီးရေ ၅ သိန်း ရောင်းချခဲ့သည်ကို တွေ့ရပါသည်။

 

MAG
 

Read 1144 times