မြန်မာအပါအဝင် အာဆီယံ ၆ နိုင်ငံ မတ်လ မော်တော်ယာဉ် ထုတ်လုပ်မှုနှင့် အရောင်း
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U
ဖိလစ်ပိုင်တွင် မော်တော်ကားထုတ်လုပ်သည့် အရေအတွက်သည် မတ်လတွင် ၇၆.၆ ရာခိုင်နှုန်း တိုးမြင့်လာခဲ့ပြီး အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) ခြောက်နိုင်ငံအနက် အမြန်ဆုံးဖြစ်ခဲ့သည်။
ဖိလစ်ပိုင်၏ မော်တော်ယာဉ် ထုတ်လုပ်မှုတွင် သိသိသာသာ တိုးတက်လာသော်လည်း ထုတ်လုပ်မှု စီးရေ စုစုပေါင်းအရ ပဉ္စမနေရာတွင် ဆက်လက် ရပ်တည်နေခဲ့သည်။
ဧပြီလ ၂၈ ရက် သောကြာနေ့တွင် အာဆီယံ မော်တော်ကားအဖွဲ့ချုပ် ASEAN AUTOMOTIVE FEDERATION AAF မှ ထုတ်ပြန်သော အချက်အလက်များအရ ၂၀၂၃ ခုနှစ် မတ်လတွင် မြန်မာနိုင်ငံမှာ ကားအသစ် ၂၃ စီး ထုတ်လုပ်ခဲ့ပါသည်။ ဇန်နဝါရီလတွင် ၈ စီး၊ ဖေဖော်ဝါရီလတွင် ၄၁ စီး ထုတ်လုပ်ခဲ့သဖြင့် ၂၀၂၃ ခုနှစ်တွင် ထုတ်လုပ်စီးရေ စုစုပေါင်း ၇၂ စီး ရှိပါသည်။
ကားအသစ်ရောင်းချစီးရေမှာ မတ်လတွင် ၂၄၃ စီး ရှိပါသည်။
စာရင်းပါ အာဆီယံ ၆ နိုင်ငံတွင် မြန်မာနိုင်ငံသည် ထုတ်လုပ်မှု အကျဆင်းဆုံး ဖြစ်ပါသည်။ ၉၆.၂ ရာခိုင်နှုန်း ကျဆင်းပါသည်။
အင်ဒိုနီးရှားသည် ထုတ်လုပ်မှု ၇ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
ဗီယက်နမ်သည် ထုတ်လုပ်မှု ၂၁.၄ ရာခိုင်နှုန်း ကျဆင်းခဲ့ပါသည်။
မလေးရှားနှင့် ထိုင်း နိုင်ငံများတွင် ထုတ်လုပ်မှု မြင့်တက်ခဲ့ပါသည်။ မလေးရှားတွင် ၂၇ ရာခိုင်နှုန်းနှင့် ထိုင်းတွင် ၄.၂ ရာခိုင်နှုန်း မြင့်တက်ပါသည်။
TO GET INSTANT UPDATE
Join Telegram Channel
https://t.me/Guid4U