၂၀၂၂ မတ်လတွင် အာဆီယံ ၆ နိုင်ငံမှာ ထိုင်းက ကားအများဆုံး ထုတ်လုပ်ခဲ့


 

၂၀၂၂ မတ်လတွင် အာဆီယံ ၆ နိုင်ငံမှာ ထိုင်းက ကားအများဆုံး ထုတ်လုပ်ခဲ့

 

 မြန်မာနိုင်ငံ အပါအဝင် အာဆီယံ ၆ နိုင်ငံတို့၏ ၂၀၂၂ ခုနှစ် မတ်လ အတွက် မော်တော်ယာဉ်အသစ် ထုတ်လုပ်မှုစီးရေနှင့် ရောင်းချစီးရေတို့ကို  ASEAN AUTOMOTIVE FEDERATION (AAF) မှ စာရင်းထုတ်ပြန်ထားရာ မတ်လအတွင်း မော်တော်ယာဉ် စီးရေ အများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၁၇၈,၉၂၈ စီး ထုတ်လုပ်ခဲ့ပါသည်။ ဒုတိယအများဆုံး ထုတ်လုပ်သည့် နိုင်ငံမှာ အင်ဒိုနီးရှားနိုင်ငံ ဖြစ်ပြီး ၁၃၂, ၇၈၂ စီး ထုတ်လုပ်ခဲ့သည်။ တတိယနေရာတွင် မလေးရှားနိုင်ငံက စီးရေ ၅၉,၉၀၈ စီး ထုတ်လုပ်ပါသည်၊ အဆိုပါ ၃ နိုင်ငံစလုံးသည် မတ်လတွင် ဖေဖော်ဝါရီလထက် စီးရေ ပိုမိုထုတ်လုပ်နိုင်ခဲ့ကြပါသည်။

 

 

၂၀၂၂ မတ်လအတွင်း ကားအသစ် ရောင်းချရသည့် အခြေအနေကို စီးရေအရ ကြည့်လျှင် အင်ဒိုနီးရားနိုင်ငံတွင် စီးရေ ၉၈,၃၅၆ စီး ရောင်းချခဲ့ရပြီး စီးရေ အများဆုံး ရောင်းချရသည့် နိုင်ငံ ဖြစ်ပါသည်။ ဒုတိယနေရာတွင် ရှိနေသည့် ထိုင်းနိုင်ငံသည် ၉၂,၀၁၀ စီး ရောင်းချခဲ့ရပြီး တတိယနေရာတွင် ရှိနေသည့် မလေးရှားနိုင်ငံသည် ၇၃,၂၂၂ စီး ရောင်းချခဲ့ရပါသည်။

 

မြန်မာ ၂၀၂၂ ကားထုတ်လုပ်မှု
  ထုတ်လုပ်မှု အရောင်း
ဇန်နဝါရီလ 603 1,125
ဖေဖော်ဝါရီလ 431 1,013
မတ်လ 590 1,253
Source:Southeast Asian Nations (ASEAN) Automotive Federation

 

 ASEAN AUTOMOTIVE FEDERATION (AAF) မှ ထုတ်ပြန်သော စာရင်းအရ မြန်မာနိုင်ငံတွင် ၂၀၂၂ မတ်လအတွင်း ကားအသစ် ၅၉၀ စီး ထုတ်လုပ်ခဲ့ရပြီး ကားအသစ် ၁,၂၅၃ စီး ရောင်းချခဲ့သည်။ ဖေဖော်ဝါရီလနှင့် နှိုင်းယှဉ်ကြည့်မည်ဆိုပါက မတ်လတွင် ဖေဖော်ဝါရီလထက် ကားအသစ်  ထုတ်လုပ်မှု ပိုများခဲ့ပြီး ကားအသစ်ရောင်းရစီးရေလည်း ပိုများပါသည်။

ASEAN AUTOMOTIVE FEDERATION (AAF) မှ  ထုတ်ပြန်သော စာရင်းကို ဖော်ပြအပ်ပါသည်။ 

 

Read 756 times