အာဆီယံ ဖေဖော်ဝါရီ ကားထုတ်လုပ်မှု ထိုင်းနိုင်ငံ ဦးဆောင်


အာဆီယံ ဖေဖော်ဝါရီ ကားထုတ်လုပ်မှု ထိုင်းနိုင်ငံ ဦးဆောင်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွက် အရှေ့တောင်အာရှနိုင်ငံများအသင်း (အာဆီယံ) မော်တော်ယာဉ် အဖွဲ့ချုပ် Association of Southeast Asian Nations (Asean) Automotive Federation AAF မှ ထုတ်ပြန်သော စာရင်းအရ မြန်မာနိုင်ငံ အပါအဝင် အာဆီယံအဖွဲ့ဝင် ၆ နိုင်ငံ (ဖိလစ်ပိုင်၊ ဗီယက်နမ်၊ မြန်မာ၊ မလေးရှား၊  အင်ဒိုနီးရှား၊ ထိုင်း ) တွင် ထိုင်းနိုင်ငံသည် ကားစီးရေ အများဆုံး ထုတ်လုပ်ခဲ့ပါသည်။ 
မော်တော်ယာဉ် စီးရေ အများဆုံး ထုတ်လုပ်သည့် ပထမနေရာတွင် ရောက်ရှိနေသော ထိုင်းနိုင်ငံသည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စီးရေ ၁၆၅,၆၁၂ ထုတ်လုပ်ခဲ့ပါသည်။  
ဒုတိယနေရာရှိ အင်ဒိုနီးရှားနိုင်ငံသည် စီးရေ ၁၂၃,၈၉၄ ထုတ်လုပ်ခဲ့ပါသည်။ 
မလေးရှားနိုင်ငံသည် တတိယနေရာတွင် ရှိနေပြီး စီးရေ ၆၃,၇၉၈ ထုတ်လုပ်ခဲ့ပါသည်။ 

မြန်မာနိုင်ငံသည် ဇန်နဝါရီလတွင် ၈ စီး ထုတ်လုပ်ခဲ့ပြီး ဖေဖော်ဝါရီလတွင် ၄၁ စီး ထုတ်လုပ်ခဲ့ပါသည်။ ၂၀၂၃ ခုနှစ် ပထမ နှစ်လအတွင်း ၄၉ စီး ထုတ်လုပ်ခဲ့ပါသည်။

အဆိုပါ အာဆီယံ ၆ နိုင်ငံတို့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စုစုပေါင်း စီးရေ ၃၇၅,၆၄၆ ထုတ်လုပ်ခဲ့ပါသည်။ 

 


၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလအတွက် ကားရောင်းအားကို ကြည့်မည်ဆိုပါကလည်း ထိုင်းသည် ပထမ၊ အင်ဒိုနီးရှားသည် ဒုတိယနှင့် မလေးရှားသည် တတိယ နေရာအသီးသီးတွင် ရှိနေကြပါသည်။ 

ထိုင်းနိုင်ငံသည် အများဆုံး ဖြစ်ပြီး ၇၁,၅၅၁ စီး ရောင်းချခဲ့ပါသည်။ 
ဒုတိယနေရာရှိ အင်ဒိုနီးရှားနိုင်ငံသည် ၈၆,၉၅၄ စီး ရောင်းချခဲ့ပါသည်။
တတိယနေရာရှိ မလေးရှားနိုင်ငံသည် ၆၂,၆၄၉  စီး ရောင်းချခဲ့ပါသည်။ 
မြန်မာနိုင်ငံသည် ဇန်နဝါရီလတွင် ၁၅၆ စီး ရောင်းချခဲ့ပြီး ဖေဖော်ဝါရီလတွင် ၁၂၀ စီး ရောင်းချခဲ့ပါသည်။ 
အဆိုပါ အာဆီယံ ၆ နိုင်ငံတို့သည် ၂၀၂၃ ခုနှစ် ဖေဖော်ဝါရီလတွင် စုစုပေါင်း ရောင်းချစီးရေမှာ ၂၇၉,၁၂၂ စီး ဖြစ်ပါသည်။ 

 

 

,,

Read 198 times