အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ထိုင်း ဦးဆောင် 


အာဆီယံ မော်တော်ယာဉ် ထုတ်လုပ်မှု ထိုင်း ဦးဆောင် 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL


ဖိလစ်ပိုင်သည် ယခုနှစ် ပထမခုနစ်လတွင် မော်တော်ကား ထုတ်လုပ်မှုသည် ယမန်နှစ် ပထမ ၇ လထက်  ၃၆ ဒသမ ၉ ရာခိုင်နှုန်း ခုန်တက်သွားသောကြောင့် အာဆီယံဒေသတွင်း  မော်တော်ကား ထုတ်လုပ်မှု အလျင်မြန်ဆုံး တိုးတက်မှုနှုန်းကို မှတ်တမ်းတင်ခဲ့သည်။ 
အာဆီယံ မော်တော်ယာဉ် အသင်းချုပ် ASEAN Automotive Federation (AAF) ၏ အချက်အလက်များအရ ဖိလစ်ပိုင်တွင် ဇန်နဝါရီလမှ ဇူလိုင်လအထိ မော်တော်ယာဉ် ၆၅၉၃၄ စီး ရောင်းချခဲ့သည်။ 

ဖိလစ်ပိုင်ပြီးနောက် မလေးရှားသည် ယခုနှစ် ပထမခုနစ်လအတွင်း ဒုတိယအမြင့်ဆုံး တိုးတက်မှုနှုန်း ၁၆ ဒသမ ၁ ရာခိုင်နှုန်းဖြင့် ရပ်တည်ခဲ့သည်။

ယင်းနောက်တွင် ထိုင်း  ၅ ဒသမ ၇ ရာခိုင်နှုန်းနှင့်  အင်ဒိုနီးရှားတို့က  ၅ ဒသမ ၅ ရာခိုင်နှုန်း တိုးတက်မှုနှုန်း အသီးသီးရှိခဲ့သည်။

မြန်မာသည် အာဆီယံနိုင်ငံများတွင် ထုတ်လုပ်မှု ကျဆင်းမှု အများဆုံး ဖြစ်ခဲ့ပြီး ၈၇.၃ ရာခိုင်နှုန်း ကျဆင်းခဲ့သည်။   ယခုနှစ် ပထမခုနစ်လတွင် မော်တော်ကား  ၃၇၈ စီး ထုတ်လုပ်ခဲ့သည်။ ဇူလိုင်လတွင် ၁၅၈ စီး ထုတ်လုပ်ခဲ့သည်။ 
ယခုနှစ် မော်တော်ကား ထုတ်လုပ်မှုကို လအလိုက်ကြည့်ပါက ဇွန်လတွင် ထုတ်လုပ်မှု သိသိသာသာ မြင့်တက်ခဲ့သည်။ မေလတွင်  ၉ စီး ထုတ်လုပ်ခဲ့ရာမှ ဇွန်လတွင် ၁၄၀ စီး ထုတ်လုပ်ခဲ့သည်။ ဇူလိုင်လတွင်လည်း ဇွန်လထက် ထုတ်လုပ်မှု ပိုများခဲ့ပြီး ၁၅၈ စီး ထုတ်လုပ်ခဲ့သည်။ 

ဗီယက်နမ် နိုင်ငံသည်လည်း ပထမ ၇ လတွင် မော်တော်ကား ထုတ်လုပ်မှု ၃၁.၂ ရာခိုင်နှုန်း လျော့ကျခဲ့သည်။ 

အာဆီယံ တစ်ခုလုံးအနေဖြင့် ယခုနှစ် ပထမ ၇ လအတွင်း မော်တော်ကား အစီးရေ ၂.၄၈၅ သန်း ထုတ်လုပ်ခဲ့သည်။ 
ထုတ်လုပ်စီးရေ အများဆုံးနိုင်ငံမှာ ထိုင်းနိုင်ငံဖြစ်ပြီး ၁,၀၇၁,၂၂၁ စီး ထုတ်လုပ်ခဲ့ပါသည်။ 

အာဆီယံဒေသတွင်း မော်တော်ယာဉ် ရောင်းအားတွင်  ဖိလစ်ပိုင်နိုင်ငံသည် စုစုပေါင်း အစီးရေ ၂၃၉,၅၀၁ စီး ရောင်းချခဲ့ရပြီး ယခင်နှစ် အလားတူကာလက ရောင်းချခဲ့သည့် အစီးရေ ၁၈၂,၆၈၇ စီးထက် ပိုများခဲ့သည်။


ယမန်နှစ် ပထမ ၇ လထက် ယခုနှစ် ၇ လတွင် မော်တော်ကား ရောင်အား ပိုများခဲ့သည့် နိုင်ငံများမှာ  မလေးရှား ၁၂.၆ ရာခိုင်နှုန်းနှင့် အင်ဒိုနီးရှား ၄.၅ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။ 
ရောင်းအားကျဆင်းခဲ့သည့် နိုင်ငံများမှာ မြန်မာ ၇၃.၉ ရာခိုင်နှုန်း၊ ဗီယက်နမ် ၃၀.၂ ရာခိုင်နှုန်း၊ စင်ကာပူ ၁၈ ရာခိုင်နှုန်းတို့ ဖြစ်ပါသည်။ 


အာဆီယံတစ်ခုလုံးအနေဖြင့် မော်တော်ကား ရောင်းအား ၁.၃ ရာခိုင်နှုန်း ပိုများခဲ့ပြီး အစီးရေ ၁.၉ သန်း ရောင်းချခဲ့ပါသည်။

ရောင်းချ အစီးရေ အများဆုံးနိုင်ငံမှာ အင်ဒိုနီးရှားဖြစ်ပြီး အစီးရေ ၅၈၆,၄၀၁ စီး ရောင်းချခဲ့ပါသည်။ 
Source AAF

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL

Read 291 times