Passat CC ကားအမျိုးအစားကုမ္ပဏီထုတ် ၂၀၁၅ မိုဒယ် GTE Concept ပြိုင်ကားကို အခြေခံထုတ်လုပ် ထားသည့် အဆင့်မြင့် ဆီဒန်ကားသစ်တစ်မျိုးကို Volkswagen ကုမ္ပဏီမှဈေးကွက်တင် ရောင်းချသွားမည် ဖြစ်ကြောင်းသိရသည်။
VW Arteon Gran Turismo အမည်ရှိကားသစ်ကို 2017 ခုနှစ်၊ဇွန်လလယ်တွင် ဂျာမနီနိုင်ငံ၌ စတင်ရောင်းချသွားမည်ဖြစ်သော်လည်း အမေရိကန်ပြည်ထောင်စုတွင်မူ ၂၀၁၈ ခုနှစ်မတိုင်မီ ရောင်းချမည် မဟုတ်ပဲ ၂၀၁၉ မိုဒယ်အဖြစ်သာပေါ်ထွက်လာနိုင်ဖွယ်ရှိကြောင်းသိရသည်။
ကားအမျိုးအစားသစ်တန်ဖိုးကို ကြေညာခြင်းမရှိသေးကြောင်းသိရသည်။
အမေရိကန်သို့တင်ပို့မည့် ရှေ့ဘီးယက်ကားအမျိုးအစားသစ် Arteon တွင် Manual ဂီယာခြောက်ချက် သုံးမြင်းကောင်ရေ ၁၄၈ ကောင်အား 1.5 Liter Turbocharged Evo Inline-four အင်ဂျင်၊ သို့မဟုတ် Dual-clutch အမျိုးအစား Automatic ဂီယာခုနှစ်ချက်သုံးမြင်းကောင်ရေ ၁၄၈ ကောင်အား 1.5 Liters အင်ဂျင်နှင့် Dual-clutch အမျိုးအစား Automatic ဂီယာခုနှစ်ချက်သုံးမြင်းကောင်ရေ ၁၈၈ ကောင်အား 2.0 Liters အင်ဂျင်စသည့်အင်ဂျင်သုံးမျိုးအနက်တစ်မျိုးုကို တပ်ဆင်ပေးသွားမည်ဖြစ်ပြီး တာဘိုဒီဇယ်စွမ်းအားသုံး Arteon များကိုလည်းဥရောပသို့ တင်ပို့ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။