ဓာတ်ဆီနှင့် ဒီဇယ်ဆီ အင်ဂျင် ၅ သန်း ထုတ်လုပ်မည့်ဖက်စပ်လုပ်ငန်းတွင် မဟာရေနံလုပ်ငန်းကြီး ပါဝင်လာ


ဓာတ်ဆီနှင့် ဒီဇယ်ဆီ အင်ဂျင် ၅ သန်း ထုတ်လုပ်မည့်ဖက်စပ်လုပ်ငန်းတွင် မဟာရေနံလုပ်ငန်းကြီး ပါဝင်လာ

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များကို ထုတ်လုပ်ရန် မဟာရေနံကုမ္ပဏီကြီးသည် Renault နှင့် Geely တို့နှင့်အတူ ပူးပေါင်းပါဝင်မည် ဖြစ်သည်။
 
ကမ္ဘာ့အချမ်းသာဆုံး ကုမ္ပဏီ သုံးခုထဲမှ တစ်ခုဖြစ်သည့် Saudi Aramco သည် ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များ ဆက်လက် ဖွံ့ဖြိုးတိုးတက်စေရန် လုပ်ဆောင်ကြမည့် Renault နှင့် Geely တို့နှင့် သဘောတူညီမှု ရရှိရန် နီးစပ်နေပြီဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

 

ကမ္ဘာ့အကြီးဆုံးရေနံထုတ်လုပ်သူများထဲမှတစ်ခုဖြစ်ပြီး ကမ္ဘာ့အကြီးဆုံးကုမ္ပဏီသုံးခုတွင် ပါဝင်နေသည့် Saudi Aramco သည် ဓာတ်ဆီနှင့် ဒီဇယ်အင်ဂျင်များ ဆက်လက်ဖွံ့ဖြိုးတိုးတက်စေရန်အတွက် ပြင်သစ်နိုင်ငံမှ Renault နှင့် တရုတ်နိုင်ငံမှ Geely တို့နှင့် ပူးပေါင်းဆောင်ရွက်မည်ဖြစ်သည်။
Renault နှင့် Geely တို့ ထူထောင်ထားသည့် ဖက်စပ်လုပ်ငန်းတွင် Aramco က။ ရှယ်ယာ ၂၀% ပါဝင်မည်။ Renault နှင့် Geely တို့က ၄၀% စီ ပါဝင်မည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။

 Aramco သည် တောင်ကိုရီးယား ကားထုတ်လုပ်သူ Hyundai နှင့် စီးပွားဖက်အဖြစ်   ပူးပေါင်းထားပြီးဖြစ်ကြောင်း ယမန်နှစ်က ကြေညာခဲ့သည်။ အလွန်ထိရောက်သောအင်ဂျင်များအတွက် e-လောင်စာ ထုတ်လုပ်နိုင်ရန် သုတေသနနှင့် ဖွံ့ဖြိုးရေး လုပ်ဆောင်မည် ဖြစ်သည်။

အမည်မပေးရသေးသော ဖက်စပ်လုပ်ငန်းသည် မျိုးဆက်သစ် ဟိုက်ဘရစ်နှင့် အလွန်ထိရောက်သော အင်ဂျင်မောင်းနှင်မှုတွင် ဦးဆောင်လုပ်ငန်း တစ်ခု ဖြစ်လာရန် ရည်ရွယ်ထားသည်ဟု Renault က ၂၀၂၂ နိုဝင်ဘာလတွင် ထုတ်ပြန်ကြေညာခဲ့သည်။

     Advertisement

Click Here > Astir Power
 

ကုမ္ပဏီအသစ်သည် အင်ဂျင်နှင့် ဂီယာအုံ ထုတ်လုပ်ရန် နိုင်ငံ ၃ ခုတွင် စက်ရုံ ၁၇ ခု ထားရှိမည်။ အလုပ်အကိုင် ၁၉,၀၀၀ ဦး ရရှိစေမည်။ စက်ရုံအားလုံးမှသမားရိုးကျ ဓာတ်ဆီ အင်ဂျင်များ၊ သမားရုိးကျ ဒီဇယ်အင်ဂျင်များ၊ ဟိုက်ဘရစ် အင်ဂျင်များ၊ ပလပ်ထိုး ဟိုက်ဘရစ် အင်ဂျင်များ၊ ဂီယာအုံများ စုစုပေါင်း တစ်နှစ်လျှင် ခုရေ ၅ သန်းအထိ ထုတ်လုပ်နိုင်မည်။
 နိုင်ငံများနှင့် ဒေသများ ၁၃၀ ခု ထံသို့ ဖြန့်ကျက် ပေးပို့နိုင်မည်ဟု Renault ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
 Renault, Dacia, Geely Auto, Volvo Cars, Lynk & Co, Proton, Nissan, Mitsubishi Motors Company အစရှိသည့် ကားကုမ္ပဏီများထံ ပေးသွင်းမည်။
ကမ္ဘာ့ အတွင်းမီးလောင်ပေါက်ကွဲ အင်ဂျင် ICE (Internal Combustion Engine) ဈေးကွက်၏ ၈၀% အတွက် ပစ္စည်းပေးသွင်း နိုင်မည်။

တရားဝင်အမည် မပေးရသေးသော ဖက်စပ်လုပ်ငန်းကို Renault က 'Horse' ဟု ယာယီအမည် ပေးထားပြီး Geely က 'Rubik' ဟု ယာယီအမည် ပေးထားသည်။
Source Reuters 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 6915 times