Appleကုမ္ပဏီသည်ကယ်လီဖိုးနီးယားပြည်နယ်တွင်ရှိသည့်အများသုံးလမ်းမများတွင်မောင်းသူမဲ့ကားစမ်းသပ်ရန်အတွက် California Department of Motor Vehicles ထံမှခွင့်ပြုချက်ရရှိခဲ့ပါသည်
Apple အနေဖြင့် ကားသုံးမျိုးနှင့် ဒရိုင်ဘာ ၆ ယောက်အတွက်ခွင့်ပြုချက်ရရှိခဲ့ခြင်းဖြစ်ပြီး ကားအားလုံးမှာ 2015 Lexus RX 450h Hybrid SUVများဖြစ်ကြောင်းသိရသည်။
ကယ်လီဖိုးနီးယားတွင်မောင်းသူမဲ့ကားနည်းပညာစတင်စမ်းသပ်မည့်အကြောင်းကိုAppleမှအတည်ပြုခဲ့သော် လည်း အသေးစိတ်အချက်အလက်များကိုအသေးစိတ်ဖော်ပြထားခြင်းမရှိပါ။
Appleမှမောင်းသူမဲ့ကားကိုCode name project Titanအနေဖြင့် နှစ်အတန်ကြာကတည်းမှ လုပ်ဆောင်နေကြောင်းသတင်းထွက်ပေါ်နေခဲ့ပါသည်။
မောင်းသူမဲ့ကားစမ်းသပ်ရန်အတွက်ခွင့်ပြုချက်ရရှိခဲ့သည့်ကုမ္ပဏီများထဲတွင် Alphabet Inc,Tesla Inc နှင့် Nvidia Corp တို့အပြင် General Motors နှင့် Ford Mortor ကဲ့သို့ကားကုမ္ပဏီများလည်းပါဝင်ပါသည်။
သို့သော် Faraday Futureနှင့် Zoom တို့ကဲ့သို့ Startupများလည်းပါဝင်ကြောင်းသိရပါသည်။