Apec ထိပ်သီး အစည်းအဝေးမှာ ပူတင်နှင့် ရှီကျင့်ဖျင်တို့ စီးမည့် BMW i7 များ ထိုင်းဝယ်လက်တို့က ကြိုပွိ


 Apec ထိပ်သီး အစည်းအဝေးမှာ ပူတင်နှင့် ရှီကျင့်ဖျင်တို့ စီးမည့် BMW i7 များ ထိုင်းဝယ်လက်တို့က ကြိုပွိုင့်ဝယ်ယူထား

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

လာမည့်လတွင် ဘန်ကောက်၌ ကျင်းပမည့် Apec ထိပ်သီးအစည်းအဝေးတွင် တက်ရောက်နေသည့် အာရှ-ပစိဖိတ် စ၂၁ နိုင်ငံမှ ခေါင်းဆောင်များအတွက် ဂျာမနီမှ တင်ပို့သည့် BMW i7 လျှပ်စစ်ဆလွန်းများသည် ထိုင်းနိုင်ငံသို့ ရောက်ရှိနေပြီဖြစ်သည်။

.
တရုတ်ခေါင်းဆောင် ရှီကျင့်ဖျင်နှင့် ရုရှားသမ္မတ ဗလာဒီမာပူတင်တို့အတွက် သီးသန့်ထားရှိသော BMW i7 ကားများကို အမည်မဖော်သည့်ထိုင်းဝယ်လက်များက ဝယ်ယူရန် စာရင်းပေးထားပြီးပြီ ဖြစ်သည်။
.
“ထိပ်သီးအစည်းအဝေးကို အဲဒီခေါင်းဆောင် နှစ်ဦး လာရောက်သည်ဖြစ်စေ မလာရောက်သည်ဖြစ်စေ၊  ခေါင်းဆောင်များက အသုံးပြုသည်ဖြစ်စေ မသုံးသည်ဖြစ်စေ ကားများကို သူတို့က ဝယ်ယူလိုကြပါတယ်” ဟု သတင်းရင်းမြစ်က ဆိုသည်။
.
ကမ္ဘာ့အင်အားကြီးနိုင်ငံအချို့မှ ခေါင်းဆောင်အချို့သည် ၎င်းတို့၏ အစိုးရများမှ ပံ့ပိုးပေးသည့် မော်တော်ယာဉ်များကို အသုံးပြုကြလိမ့်မည်ဟု မျှော်လင့်ကြသည်။
ခေါင်းဆောင်အချို့သည် ၎င်းတို့၏ ကိုယ်စား လှယ်များကို ညီလာခံတက်ရောက်ရန် ၎င်းတို့ကိုယ်စား စေလွှတ်မည်ဖြစ်သည်။
.
ထိပ်သီးစည်းဝေးပွဲအတွင်း အသုံးပြုရန် ထိုင်းအစိုးရမှ ငှားရမ်းထားသော BMW ကားများကို ပွဲအပြီး စိတ်ဝင်စားသူများထံ ရောင်းချမည်ဖြစ်ကြောင်း သတင်းရရှိသည်။
.
BMW သည် နိုဝင်ဘာလ ၁၈-၁၉ ရက်နေ့တို့တွင်ကျင်းပမည့် Apec 2022 အတွက် "ပွင့်လင်း၊ ချိတ်ဆက်၊ ချိန်ညှိ"“Open. Connect. Balance." ဆောင်ပုဒ်အောက်တွင် ထိပ်သီးစည်းဝေးပွဲအတွက် တရားဝင် "ရွေ့လျားနိုင်မှုမိတ်ဖက်" ဖြစ်သည်။  
BMW i7  မော်ဒယ်အသစ်သည် အခြေခံဈေးနှုန်းမှာ ဘတ်ငွေ ၇.၈သန်းမှ စတင်ပါသည်။
Source THE NATION 

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 526 times