ကညန ဝန်ဆောင်မှုလုပ်ငန်းများ ရယူလိုသူများ Online Booking ပြုလုပ်ရမည်


ရန်ကုန်တိုင်းဒေသကြီးအတွင်း ကညနှဝန်ဆောင်မှု လုပ်ငန်းများဖြစ်သည့် မော်တော်ယာဉ်သက်တမ်းတိုးမြှင့် ခြင်း၊ မော်တော်ယာဉ်လိုင်စင်လုပ်ငန်း၊ ယာဉ်မောင်း လိုင်စင်ဖြေဆိုခြင်း စသော ဝန်ဆောင်မှုလုပ်ငန်းများလုပ်ကိုင်လိုသူများဖြင့် ဦးစွာ Online Booking ပြုလုပ်ရမည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီးကုန်းလမ်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာန တိုင်းဒေသကြီး၊ ဦးစီးမှူး ဦးသိန်းထွဋ်က မေ ၂ ရက် မွန်းလွဲပိုင်းတွင် ၎င်း၏ရုံး၌ ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲတွင် သတင်းထောက်များအား ပြောသည်။

 

"တစ်နိုင်ငံလုံးမှာရှိတဲ့ ကညနရုံးအားလုံးကို ဇွန် ၁ ရက်ကစပြီး စစ်နေပါပြီး ကျွန်တော်တို့ကလည်ကျန်းမာရေးလမ်းညွှန်ချက်ညီ ပြန်ဖွင့်ဖို့ အသင့် ဖြစ်နေပါပြီး မော်တော်ယာဉ်သက်တမ်းတိုးတာတွေ ယာဉ်မောင်းလိုင်စင်သစ်ဆိုတာတွေ၊ ယာဉ်မောင်း လိုင်စင်သက်တမ်းတိုးတာတွေ အားလုံးကို Online
Booking ရယူဆောင်ရွက်ရမှာဖြစ်ပါတယ်။

 

သတ်မှတ်ပေးထားတဲ့ အချိန်တွင်းမှာ လာရောက်ဆောင်ရွက်ရမှာ ဖြစ်ပါတယ် Online Booking ရယူထားကြောင်း အထောက်အထားတစ်ခုကိုပြသပြီးဆောင်ရွက်နိုင်မှာ ဖြစ်ပါတယ်”ဟု တိုင်းဒေသကြီးဦးစီးမှူး ဦးသိန်းထွဋ်က ဆက်လက်ရှင်းပြသည်။

 

မြင်သာကညနရုံးတွင် လုပ်ငန်းများ ပြန်လည်စတင် သည့်အခါ တစ်ရက်လျှင် ယာဉ်စီးရေ ၇၀၀ အထိသာ ဆောင်ရွက်ပေးမည်ဖြစ်ကြောင်းနှင့် မော်တော်ယာဉ် နှင့်ပတ်သက်သော စာရွက်စာတမ်းများလည်း ယူဆောင် လာရမည်ဖြစ်ကြောင်း ၎င်းက ထပ်လောင်းပြောကြား သည်။

 

မြန်မာတစ်နိုင်ငံလုံးတွင် မော်တော်ယာဉ်စီးရေ ၁ ဒသမ ၁ သန်းရှိသည့်အနက် ထက်ဝက်မှာ ရန်ကုန်တိုင်း၊ ဒေသကြီး၌ရှိကြောင်း၊ ထို့အတူ တစ်နိုင်ငံလုံး ယာဉ်မောင်း လိုင်စင် ၂ ဒသမ ၃ သန်းရှိသည့်အနက် သုံးပုံတစ်ပုံမှာ ရန်ကုန်တိုင်းဒေသကြီးမှဖြစ်ကြောင်း သိရသည်။

 

The Mirror Daily

Read 8697 times