စိတ်ချယုံကြည်ရသော Anti Lock Braking (ABS)ဘရိတ်system အကြောင်း


အကြပ်အတည်းကြားမှာဖြစ်စေ၊လမ်းချော်နိုင်သည့်အနေအထားမျိုးတွင်ဖြစ်စေ၊ဘရိတ်ခြေနင်းကို အဆုံးထိနင်းပြီးဘရိတ်အုပ်ရမည့်အခြေအနေမျိုးများရှိနေတတ်ပါသည်။

ဘရိတ်ရုတ်တရက်အဆုံးအထိနင်းပြီးအုပ်လိုက်သည့်အခါတွင်ကားဘီးများကြပ်သွားပြီးစတီယာရင်လှည့်သည့်အတိုင်းကားမှာလိုက်မလှည့်တော့ပဲရှေ့တည့်တည့်ကိုသာအရှိန်နှင့်ဒရွတ်တိုက်ဆွဲပါသွားတတ်ပါသည်။

ABS ဟုခေါ်သည့် Anti Lock Braking System ဆိုသည်မှာဘရိတ်အဆုံးနင်းလိုက်သည့်အခြေအနေမျိုးတွင် ကားဘီးများကိုကြပ်မသွားစေပဲစတီယာရင်လှည့်သည့်ဘက်ကိုကားကတည်တည်ငြိမ်ငြိမ်နှင့်လိုက်နာရွေ့လျား စေရန်ထိန်းချုပ်သည့်စနစ်ဖြစ်ပါသည်။

ABS Control Unit မှ Wheel Speed Sensor များကိုအသုံးပြုပြီး ကားဘီး၄ လုံးစလုံးကိုစောင့်ကြည့် နေပါသည်။

ဘရိတ်အဆုံးနင်းလိုက်ပြီးဘီးတစ်လုံးလုံးမှာလည်နှုန်းနေသွားခြင်း သို့မဟုတ် မလည်တော့သည့်အခါမျိုးတွင် ABS စနစ်မှချက်ခြင်းဝင်ပြီး ဘရိတ်ဖိအားကိုလျှော့ချလိုက် ပြန်တင်းလိုက်နှင့် လိုအပ်သလိုထိန်းညှိပြီး ဘီး ၄ ဘီးစလုံး၏အရှိန်ကိုညီမျှစွာနှင့်လျှော့ချပြီး ဘီးများကိုရပ်ပစ်ပါသည်။

ABS အဆင့်အားလုံးကိုမီလီစက္ကန့်ပိုင်းအတွင်းတွင်ဆောင်ရွက်သွားခြင်းဖြစ်ပြီး ABS စနစ်ဆိုသည်မှာ လူကိုဘရိတ်အုပ်ခြင်းမျိုးမဟုတ်ပဲ ကွန်ပျုတာမှာဘရိတ်အုပ်ခြင်းဖြစ်ပါသည်။

ABS စနစ်ကြောင့်အရှိန်နှင့်မောင်းလာသည့်ကားကိုတည်တည်ငြိမ်ငြိမ်အနေအထားတွင် အလျားတိုတိုနှင့် ရပ်သွားစေရန်ဘရိတ်အုပ်နိုင်သွားပါသည်။

လမ်းပေါ်တွင်ကားများကြပ်ပြီး သတိထားမောင်းနေရသည့်အချိန်မျိုးတွင် ABS စနစ်မပါသည့်ကားများကို မမောင်းသင့်ပါ။

ABS စနစ်ကိုအခြေခံပြီး Traction Control System ဆိုသည်နှင့် Electronic Stability Control System ဆိုသည့်စနစ်များကိုထပ်ဆင့်တီထွင်လာနိုင်ခဲ့ပါသည်။

ABS စနစ်မှာယခင် Sensor များမှာ Passive ABS Sensors များဖြစ်ခဲ့ပြီးယခုမော်ဒယ်မြင့်ကားများတွင်ပိုမို ခေတ်မီတိကျသည့် Active ABS Sensors များကိုအစားထိုးအသုံးပြုနေကြပြီဖြစ်ပါသည်။

Read 2836 times