မော်တော်ယာဉ်များ ဖောင်းကြွနံပါတ်ပြားပြောင်းလဲတပ်ဆင်ရန် အသိပေးကြေညာခြင်း


auto

၁။ ပို့ဆောင်ရေးနှင့် ဆက်သွယ်ရေးဝန်ကြီးဌာန ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာနသည် မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ခေတ်ကာလနှင့်လျော်ညီစွာ နိုင်ငံတကာတွင်အသုံးပြုနေသည့် မော်တော်ယာဉ်နံပါတ်ပြားများနည်းတူ လုံခြုံရေး ပိုင်းဆိုင်ရာအချက်အလက် (Security Feature) များ ထည့်သွင်းရိုက်နှိပ်၍ အသုံးပြု တပ်ဆင်ပေးလျက်ရှိပါသည်။

၂။ မော်တော်ယာဉ်တွင် တပ်ဆင်သည့် လက်ရှိဖောင်းကြွနံပါတ်ပြား၌ တိုင်းဒေသကြီး/ပြည်နယ် သင်္ကေတ ၊ ရောက်ရှိအက္ခရာနှင့် ဂဏန်းများသာပါရှိရာမှ ယခုအခါ တိုင်းဒေသကြီး/ပြည်နယ် ဒေသ သင်္ကေတ တို့အပြင် မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ကိုပါ အောက်ပါအတိုင်း ထပ်တိုးထည့်သွင်းသွားမည် ဖြစ်ပါသည်

ပြောင်းလဲတပ်ဆင်ပေးမည့် ဖောင်းကြွနံပါတ်ပြားနမူနာပုံစံ

=YGN-38 9R-0007

TOYOTA LAND CRUISER

တိုင်းဒေသကြီး ပြည်နယ်ဒေသ သင်္ကေတ(ရန်ကုန်)

ရောက်ရှိအက္ခရာနှင့်ဂဏန်း (ယာဉ်အမှတ်)

မြို့နယ်ကိုယ်စားပြုဂဏန်း (ဒဂုံမြို့နယ်)

မော်တော်ယာဉ် အမျိုးအမည်

၃။ ထိုသို့ထပ်တိုးထည့်သွင်းခြင်းဖြင့် … မော်တော်ယာဉ်နံပါတ်ပြားကို အခြားတရားမဝင်ယာဉ်များ၌ တပ်ဆင်အသုံးပြုမှုကို ထိန်းချုပ်တားဆီးနိုင်ခြင်း၊ မော်တော်ယာဉ်တည်ရှိသည့်မြို့နယ်ကိုပါ ခွဲခြားသိရှိ နိုင်ခြင်းယာဉ်နံပါတ်ပြားနှင့် မော်တော်ယာဉ် တိကျမှန်ကန်စေခြင်း စသည့် အကျိုးကျေးဇူးများကို ရရှိနိုင် မည်ဖြစ်ပါသည်။

၄။ သို့ဖြစ်ပါ၍ လုံခြုံရေးပိုင်းဆိုင်ရာအချက်အလက် (Security Feature) များအပြင် တိုင်းဒေသကြီး/ ပြည်နယ်ဒေသ သင်္ကေတ၊ မြို့နယ်ကိုယ်စားပြု ဂဏန်းဖော်ပြချက်နှင့် မော်တော်ယာဉ် အမျိုးအမည် ဖော်ပြချက်တို့ပါရှိသော အင်္ဂလိပ်အက္ခရာ မော်တော်ယာဉ်ဖောင်းကြွနံပါတ်ပြားများကို ပထမအဆင့် အနေဖြင့် ကနဦးမှတ်ပုံတင်ခြင်း၊ နယ်ဝင်/အမည်ပြောင်းခြင်း ဆောင်ရွက်သည့် မော်တော်ယာဉ်များနှင့် ပိုင်ရှင်ဆန္ဒအရ ပြောင်းလဲတပ်ဆင်လိုသည့်ယာဉ်များ၌ လာမည့် ဇူလိုင်လဆန်းမှစ၍ ပြောင်းလဲတပ်ဆင် ပေးသွားမည်ဖြစ်ပါကြောင်းနှင့် ဖောင်းကြွနံပါတ်ပြား၏သတ်မှတ်ဈေးနှုန်း ပြောင်းလဲမှုမရှိပါကြောင်း အသိပေးကြေညာအပ်ပါသည်။

ကုန်းလမ်းပို့ဆောင်ရေးညွှန်ကြားမှုဦးစီးဌာန

 

Read 1777 times