ANCAP ကြယ်တပွင့်မှ မရသဖြင့် MG 5 ဆီဒင် ဘေးကင်းရေး အဆင့်မြှင့်မည်


 ANCAP ကြယ်တပွင့်မှ မရသဖြင့် MG 5 ဆီဒင် ဘေးကင်းရေး အဆင့်မြှင့်မည်

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 


SAIC မှ ထုတ်လုပ်သော MG 5 ဆီဒင်အား Australian New Car Assessment Program (ANCAP) မှ စမ်းသပ်ခဲ့သည်။
ရလဒ်တွင် ကြယ်တပွင့်မှ မရချေ။
MG သည် ယနေ့ ကားဝယ်စီးကြသူတို့သည် ဘေးကင်းရေး လိုလားချက်အပေါ် ထင်မြင်ယူဆချက် လွဲချော်နေသည်ဟု ANCAP က ပြောကြားသည်။

 


MG 5 သည် MG GT အမည်ဖြင့် နိုင်ငံအများအပြားတွင် ရောင်းချသည့် ကျစ်ကျစ်လျစ်လျစ် ဆီဒင်ကားဖြစ်သည်။

အတိုင်းအတာများမှာ
အလျား 4675 mm
အကျယ် 1842 mm
အမြင့် 1473 mm
ခါးအလျား 2680 mm


ANCAP ကို ၁၉၉၂ ခုနှစ်တွင် တည်ထောင်ခဲ့သည်။ ဩစတေးလျနှင့် နယူးဇီလန်တို့တွင် အမှိအခိုကင်းသော လွတ်လပ်စွာ ရပ်တည်လျက် ရှိသည်။ မော်တော်ယာဉ် ဘေးကင်းမှု အဆင့်သတ်မှတ်ချက်အတွက် စမ်းသပ်မှုများ လုပ်ဆောင်ပေးသည်။ 

 ယာဉ်တိုက်မှု စမ်းသပ်ခြင်းများနှင့် အကဲဖြတ်ခြင်း လုပ်ငန်းစဉ်များသည် Euro NCAP အစီအစဉ်နှင့် အတူတူနီးပါး ဖြစ်ပါသည်။

ယာဉ်တိုက်မှု စမ်းသပ်မှုများတွင်
• ကားပေါ်မှ အရွယ်ရောက်ပြီးသူ ကာကွယ်ပေးခြင်း
 Adult Occupant Protection
• ကားပေါ်မှ ကလေးသူငယ် ကာကွယ်ပေးခြင်း
Child Occupant Protection
• တိုက်မိနိုင်သော လမ်းအသုံးပြုသူများ
Vulnerable Road Users
• ဘေးကင်းရေး အထောက်အကူ
Safety Assist
တို့ ပါဝင်သည်။ 

MG 5 သည် ကြယ်ပွင့်အဆင့် တခုမှ စံမမီကြောင်း တွေ့ရသည်။

အရွယ်ရောက်ပြီးသူ ကာကွယ်ပေးခြင်းတွင် ၃၇% ရရှိသည်။

ကလေးသူငယ် ကာကွယ်ပေးခြင်းတွင် ၅၈% ရသည်။ 

လမ်းအသုံးပြုသူများတွင် ၄၂% ရရှိသည်။

ဘေးကင်းရေး အထောက်အကူတွင် ၁၃% သာ ရရှိပါသည်။ 

 

MG 5 ၏ ဘေးကင်းရေး အစီအမံများသည် လွန်ခဲ့သည့် မျိုးဆက်အဟောင်းများ၏ အဆင့်မျှသာ ရှိသည်ဟု ANCAP ကျွမ်းကျင်သူတို့က မှတ်ချက်ပြုပါသည်။ တနည်းဆိုရသော် ခေတ်နောက်ကျ ကျန်ရစ်ပါသည်။ 
ယခုအခါ သုံးစွဲနေကြသည့် ထိုင်ခုံခါးပတ်များသည် pre-tensioner ထိုင်ခုံခါးပတ် ဖြစ်ပါသည်။ ယာဉ်တိုက်မှု ဖြစ်သည့်အခါ ထိုင်ခုံပေါ် ထိုင်နေသူကို ခုံနှင့် ကျောကုန်း ကပ်နေအောင် ဆွဲတင်းပေးပါသည်။
ယခင် မျိုးဆက်ဟောင်းများတွင် သုံးစွဲခဲ့ကြသည့် ထိုင်ခုံခါးပတ်များသည် inertia reel ထိုင်ခုံခါးပတ် ဖြစ်ပါသည်။ ထိုင်ခုံပေါ် ထိုင်နေသူ ယာဉ်တိုက်ချိန်တွင် ရှိနေသည့် အနေအထားမှ ရှေ့သို့ ကျွံမထွက်အောင် ထိန်းချုပ်ပေးသော်လည်း  ခုံနှင့် ကျောကုန်း ကပ်နေအောင် ဆွဲတင်း မပေးပါ။ လက်ရှိအနေအထားက ခုံနှင့် ကွာနေလျှင် ကွာနေသည့်အတိုင်း ဆက်ရှိနေမည် ဖြစ်သည်။
MG 5 တွင် pre-tensioner ထိုင်ခုံခါးပတ်ကို ရှေ့ထိုင်ခုံများတွင်သာ တပ်ဆင်ပေးထားပြီး ဈေးအမြင့်ဆုံး ဗားရှင်း Essence မော်ဒယ်တွင်သာ တပ်ဆင်ပေးပါသည်။ အခြား ဈေးအနိမ့်ဗားရှင်းများတွင် pre-tensioner ထိုင်ခုံခါးပတ် မပါပါ။ 


MG 5 သည် ဓာတ်ဆီအင်ဂျင်ကား မော်ဒယ် ဖြစ်ပါသည်။ 

MG 4 EV သည် ANCAP စမ်းသပ်မှုတွင် ကြယ် ၅ ပွင့် ရရှိပါသည်။

 

 
ဩစတေးလျမှ ANCAP ယာဉ်တိုက်စမ်းသပ်မှုတွင် ကြယ်တပွင့်မှ မရသည့် ကားမော်ဒယ်များတွင် MG 5 သည် တတိယမြောက် မော်ဒယ် ဖြစ်ပါသည်။
Mahindra Scorpio 4WD နှင့် Mitsubishi Express ဗင် မော်ဒယ်တို့သည်လည်း ကြယ်တပွင့်မှ မရရှိခဲ့ကြပါ။

MG က ဘေးကင်းရေးအတွက် ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်မည်ဟု ကြေညာပါသည်။ နောက်နှစ်တွင် ထုတ်လုပ်မည့် MG 5 များသည် ဘေးကင်းရေး တိုးတက်ကောင်းမွန်မည်ဟု ပြောကြားပါသည်။


Source: ANCAP

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

 


 

Read 618 times