ANCAP ကြယ် ၅ပွင့် အရည်အသွေး  Haval H6  ရရှိ


ANCAP ကြယ် ၅ပွင့် အရည်အသွေး  Haval H6  ရရှိ

 

Haval H6 က ဩစတေးလျ ဈေးကွက်ထဲ အသစ်စဝင်တဲ့ မော်ဒယ်ဖြစ်နေပြီး မော်တော်ယာဉ်ပေါ် လိုက်ပါစီးနင်းသူ ဘေးကင်းရေး အရည်အသွေးအချို့ ပြသနိုင်ခဲ့ပါတယ်။
ဩစတေးလျဈေးကွက်အတွက် Australasia New Car Assessment Programme (ANCAP) အရ မော်တော်ယာဉ်ဘေးကင်းမှု စွမ်းရည်ကို အစစ်ဆေး အစမ်းသပ် ခံယူခဲ့ရာ ကြယ် ၅ ပွင့် 5 stars အဆင့်ကို ရရှိခဲ့ပါတယ်။


 ANCAP  စစ်ဆေးချက်အရ Haval H6 က လူကြီး စီးနင်းသူ အကာအကွယ် Adult Occupant Protection မှာ ၉၀% ရရှိခဲ့ပါတယ်။ 
ကလေးစီးနင်းသူ အကာအကွယ် Child Occupant Protection မှာ ၈၈ % ရရှိခဲ့ပါတယ်။
ထိခိုက်လွယ် လမ်းသွားလမ်းလာ အကာအကွယ် Vulnerable Road User Protection မှာ ၇၃% ရရှိပါတယ်။
ဘေးကင်းရေး ထောက်ကူမှု  Safety Assist  မှာ ၈၈% ရရှိပါတယ်။

Haval H6  က အငယ်စား crossover SUV ကားအမျိုးအစားဖြစ်ပြီး တရုတ်နိုင်ငံမှ မော်တော်ယာဉ် ထုတ်လုပ်ရေးလုပ်ငန်း  Great Wall Motor က ထုတ်လုပ်တဲ့ကား ဖြစ်ပါတယ်။   Great Wall Motor က မော်တော်ကား တံဆိပ် Haval  ဖြင့်  ကားများကို ၂၀၁၁ ခုနှစ်မှာ စတင်ထုတ်လုပ်ခဲ့ပါတယ်။ အဦးဆုံးမော်ဒယ်ကို  2011 Shanghai Auto Show မှာ ပွဲထုတ်ခဲ့ပါတယ်။ ၄ ဘီးယက်နှင့် ရှေ့၂ဘီးယက် မူကွဲ ၂မျိုးဖြင့် ထုတ်လုပ်ပါတယ်။ ယခင် Great Wall Pegasus ကို Haval  က အစားထိုး နေရာဝင်ယူခဲ့တာ ဖြစ်ပါတယ်။ 
Great Wall Motor ရဲ့ brand တစ်ခု ဖြစ်သဖြင့် Great Wall Haval H6  လို့ စစချင်းမှာ အမည်ပေးထားပြီးနောက် Haval ကို သီးခြား brand တစ်ခုအဖြစ် ထူထောင်ခဲ့ရာ မိခင်အမည်ကို ဖြုတ်လိုက်ပြီး Haval H6 အမည်ဖြင့် ဒီဇိုင်းအသစ်ထုတ်လုပ်ခဲ့ပါတယ်။ 
 Haval H6 က ၂၀၁၅ မှာ တရုတ်နိုင်ငံ SUV အပိုင်းအကန့်မှာ အရောင်းရဆုံးကား ဖြစ်ခဲ့ပါတယ်။ ၂ နှစ်နီးပါး လစဉ်လတိုင်း ဆက်တိုက် အရောင်းရဆုံး ဖြစ်ခဲ့ပါတယ်။ 

 

 

Read 1045 times