Amphibious Lamborghini


ယင်းကားတွင်အင်ဂျင်နီယာပညာဆိုင်ရာအံမခန်းလုပ်ဆောင်ချက်များပါဝင်ပြီး Amphibious Lamborghini ဟုလူသိများသောကားကို Mike Ryan ဆိုသူကတည်ဆောက်ခဲ့ခြင်းဖြစ်ပါသည်။

ဗြိတိန်နိုင်ငံ ဂလောက်စက်စတာရှိုင်းယားအရပ်တွင်အခြေစိုက်သော Mike Ryan ၏ SeaRoader Amphibious Lamborghini Vehicles ကုမ္ပဏီမှကုန်း၊ ရေနှစ်သွယ်ကားကို Z1A ဟုအမည်ပေးထုတ်လုပ်ခဲ့သော်လည်း ကားပုံစံနှင့်အချိုးအစားမှာ နာမည်ကျော်သပ်ပုံစံ( Wedge-shaped) Lamborghini Countach မိုဒယ်နှင့် တစ်ထပ်တည်းနီးပါး ဆင်တူနေသောကြောင့် Amphibious Lamborghini အမည်နှင့်လူသိပိုများခဲ့ပါသည်။

Amphibious Lamborghini ကားကိုယ်ထည်ကို စတီးနှင့် ဖိုင်ဘာအခြေခံတည်ဆောက်ထားသောကြောင့် ပေါ့ပါးခိုင်ခံ့မှုမရှိသည့်အပြင် တပ်ဆင်ပေးထားသည့် အင်ဂျင်မှာမြင်းကောင်ရေ ၁၈၈ ကောင်အား ၃၉၀၀ စီစီ Rover V8 ဖြစ်သည့်အတွက်ကုန်းပေါ်တွင်သာမက ရေထဲတွင်လည်းအဆင်ပြေပြေမောင်းနှင်နိုင်မည်ဖြစ်သည်။

ကားနောက်ပိုင်းတွင် တပ်ဆင်ထားသည့် ပန်ကာဒလက်နှစ်ခု၊ တက်မ(Rudder) နှစ်ခုတို့က Amphibious Lamborghiniကားကိုရေထဲမောင်းနှင်ရန်NauticalModeပြောင်းပြီးသွားပါကသွားလိုရာချောချောမွေ့မွေ့ရောက်စေရန် ကူညီပေးမည့်အဓိကအစိတ်အပိုင်းဖြစ်ပါသည်။

ရှေ့ဘက်တွင်ပါသော Hydrofoil ဘားတန်းမှာ Amphibious Lamborghini ကားကိုရေထဲတွင်ပေါ်အောင် အထောက်အကူပြုမည်ဖြစ်သည်။

ထို့ပြင်ကုန်းပေါ်တွင်မောင်းနှင်သည့်အခါနောက်ယောင်ခံလိုက်သည့်ကားမျက်ခြည်ဖြတ်ရန်မီးခိုးငွေ့များလွင့် ထုတ်ပေးမည့် Smoke Screen စနစ်လည်း Amphibious Lamborghiniတွင်ပါဝင်ပါသည်။

လက်ရှိတွင် Amphibious Lamborghini ကားသည်လမ်းပေါ်မောင်းနှင်ရန်အတွက် ကားတာယာ၊ ဆီပို့လွှတ်မှုနှင့် ဘရိတ်စနစ်မှအစ ပြုပြင်မှုတချို့လုပ်ရန်လိုအပ်ပါသည်။

ဈေးနှုန်းမှာ ပေါင်စတာလင် ၁၈,၉၉၅ ဖြစ်သော်ကြောင့်ထူးခြားသောကားတစ်စီးအတွက် သက်သာသည့် ဈေးနှုန်းဖြစ်ပါသည်။

Read 3529 times