American War Hero ကြီးပြန်လာပြီ (Hummer EV)


ဒီနေ့ကျွန်တော်ရဲ့ငယ်ငယ်ကAmericanအချစ်တော်ကြီးပြန်လာပါပြီ။ Hummerဆိုတာမရှိတော့တာ10နှစ်ကျော်ပါပြီ။ အခုပြန်ထွက်လာတဲ့ Hummerဆိုတာ GMC HUMMERဆိုပြီးပြန်ထွက်လာတာပါ​။ Brand တစ်ခုအနေနဲ့ထွက်လာတာမဟုတ်ဘဲ GMC ရဲ့ Model တစ်ခုလိုဖြစ်သွားပါတယ်။

အရင်က ဆီကိုရေလိုစားတဲ့ကားကြီးတွေကနေ ခုတစ်ခါပတ်ဝန်းကျင်ကိုထိန်းသိမ်းတဲ့EV Truckအနေနဲ့ထွက်လာပါတယ်။ OFF Road Capability ရတဲ့ EV Truck ကိုမှကလိလို့ကောင်းတဲ့ Technologyတွေနဲ့ပေါ့။ Designကလဲ Ford Broncoလို Futuristic ရုပ်ရှင်တွေထဲကကားတွေလိုပုံပါပဲ။ Ford Bronco, Hummer EVတွေကိုမြင်ပြီးနောက်ပိုင်း ရုပ်ရှင်တွေထဲမှာမြင်နေရတဲ့ကားတွေ တဖြည်းဖြည်းနဲ့Automobile Industryထဲနေရာယူလာပြီလားလို့တောင်ထင်ရပါတယ်။

Exterior

စစချင်းပြောရမယ်ဆိုကားပုံကြီးကတော်တော်လန်းပါတယ်။ Conceptကားတစ်စီးနဲ့တူတယ်လို့ပြောရင်မမှားပါဘူး။ ကားအကြောင်းမသိတဲ့သူကိုဒီကားသွားပြရင်ရုပ်ရှင်ထဲကအပြင်မှာမရှိတဲ့ကားတွေလာမပြနဲ့လို့တောင်ပြန်ပြောခံရနိုင်ပါတယ်။ ကားကြီးကကြည့်လိုက်တာနဲ့တင် Bad assဖြစ်တဲ့ပုံတန်းသိပါတယ်။ Front Grilleမှာ Jeep Wagonner မှာလိုမျိုး Hummerဆိုတာကိုတစ်လုံးချင်းစီရေးပြီးနောက်ခံမီးလင်းနေတာ တော်တော်ကြွားပါတယ်။

ကားရှေ့ ဘယ်ကနေညာ အထိမီးတန်းကြီးတော်တော်သဘောကျပါတယ်။ Roofမှာလဲအရင်Hummerတွေလို Yellow Light သုံးခုပါပါသေးတယ်။ ဘေးကိုကြည့်မယ်ဆိုကားကတော်တော်မြင့်ပါတယ်။ Alloyပုံကတော်တော်မိုက်ပါတယ်။Tireတွေကလဲ 35” Specially Engineeredပါ။ မြန်မာပြည်မှာဝယ်မယ်ဆိုရင်တောင်မလှနိုင်ပါ။ Special Orderလိုမျိုးမှာရပါမယ်။ ခြေနင်း Plateတွေကလဲ ကြည့်ရတာRigidဖြစ်တဲ့ပုံကြီးပါ။

အနောက်မှာကြည့်မယ်ဆို Tailgateကရိုးမလိုနဲ့ ဆန်းပါတယ်။ Hummer ဆိုတဲ့ နေရာနားမှာအရာလေးပါပါတယ်။ အဲ့အရာက နောက်တံခါးချပြီးရင် အဲ့ဒါကိုချပြီးလှေကားထစ်လိုမျိုးဖြစ်သွားပါတယ်။ Taillightကအလန်းကြီးတော့မဟုတ်ပင်မယ့်ကြည့်လို့မိုက်ပါတယ်။ အစကတည်းက Black Top/ White လို Panda Colour သဘောကျတဲ့ကျွန်တော့်အတွက် Hummer EV releaseမှာတင်အဲ့ Colour နဲ့မို့သဘောကျပါတယ်။ EV မို့လို့ နောက်ကပစ္စည်းထည့်လို့ရတဲ့အပြင် ရှေ့က Bonnet အောက်မှာလဲ Storage areaပါ။ အလွတ်ကြီးပါ။ ပြီးတော့ အမိုးကလဲဖြုတ်လို့ရပါသေးတယ်။ အမိုးတွေကိုဖြုတ်ပြီရင်ရှေ့မှာသိမ်းထားလို့ရပါတယ်။

Interior

Interior Layoutကကြည့်လိုက်ရင်ကလေးကစားစရာလိုပါပဲ။ တစ်မူထူးခြားတဲ့ Aircon Vent Shape တွေ၊ Side Cover၊ လက်ကိုင်တွေကကြည့်လိုက်ရင်လုံးဝ Rigidity ရှိကြောင်းပြနေတဲ့အတိုင်းပါပဲ။ ပုံထဲကအမြင်အရ Hard Plasticပဲနေမှာပါ၊ ဒီကားကအစကတည်းက Off Road Vehicleဆိုမှတော့မထည့်ပေးလဲကိစ္စတော့မရှိပါဘူး၊အကြမ်းခံတာပေါ့။

Steering Wheel ကခုအသစ်ထွက်တဲ့ All New Defender နဲ့တောင်သွားဆင်ပါတယ်။ Cluster, Infotainment Screen ဆိုလဲတခြားကားတွေနဲ့မတူဘဲ လုံးဝလေးထောင့်ပါ။ Interiorမှာအဖြူ၊ရွှေရောင်တို့ကိုရောသုံးပေးထားတာမိုက်ပါတယ်။ Gear Selector ဆိုလဲ Electronic gear shifterကိုမှ ထုကြီးထည်ကြီးနဲ့ပါ။ Interior တစ်လျှောက်မှာ Hummer တံဆိပ်ကို ရွှေရောင်အောက်ခံနဲ့ရေးထားတာLuxuryဆန်ပါတယ်။ ပြီးတော့ သူ့အမိုးကို Infinity Roofလို့ခေါ်ပါတယ်။ အမိုးတပ်ထားလဲ မှန်ပါပါတယ်။

Powertrain

သူ့ Electric motorကနေ 1,000 hp, 11,500 lb-ft ထွက်ပါတယ်။ နည်းနည်းနှောနှောပမာဏမဟုတ်ပါဘူး။ 0-100 km/h ကို 3 sec ဆိုတာတော်တော်ကြမ်းသွားပါပြီ။ TeslaကCybertruckတောင်အမြင့်ဆုံးMotorနဲ့တောင် 0-100 km/h 2.9 secကြာပါတယ်။ Cybertruck ထက်တော့ Accelerationနှေးပါသေးတယ်။ Fully Charged ဆိုရင် မိုင်၃၅၀ လောက်ရပါတယ်။ ဒါကလဲ Leverနင်းတာကွာရင်ကွာသလိုကုန်မှာပါ​။ ပြီးတော့ ၁၀မိနစ်အားသွင်းယုံနဲ့ မိုင်၁၀၀ Range ရတာမဆိုးပါဘူးပြောရပါမယ်။

Features

စပြောရမယ်ဆိုSuper Cruiseဆိုတာပါလာပါတယ်။ Autonomous Drivingကိုမှ Highway 2လမ်းသွား မှာကားကျော်မယ်ဆို ပြောင်းပြန်ဘက်Laneကိုကားရှိမရှိကြည့်ပြီး သူ့ဟာသူကျော်တက်ပါတယ်။ ခုထိတော့အဲ့လိုမျိုးAuto Pilotမတွေ့ဖူးသေးပါ။ မသိတာလဲဖြစ်န်ိင်ပါတယ်၊ ရှိလဲCmtပေးပါ။

4-wheel steering: Mercedes S Class အသစ်မှာနောက်ဘီးတွေပါလိုက်လှည့်သလိုပဲ ဒီကားကြီးမှာလဲပါလာပါတယ်။ ပုံမှန် Sedanတွေမှာအတွေ့များတာကနေအခု Truckမှာပါစသုံးလာတာပါ။ Turning Radiusတွေပိုကောင်းသွားပါတယ်။ကားကြီးတော့အရင်လို U turnတွေကွေ့မယ်ဆိုအရင်လို နှစ်ခါပြန်မကွေ့ရတော့ပါဘူး။

Crabwalk ?: ခုဏက4-wheel steeringကြောင့်ဘာရလာလဲဆို Crabwalkပါ။ ဂဏန်းတွေဘေးတိုက် လမ်းလျှောက်သလိုပါပဲ။ ကားကြီးကအရှေ့တည့်တည့်မူနေပြီး ဘီး၄ဘီးက ဘယ်/ညာ ရွှေ့ပြီး ဘေးတိုက်မောင်းတာပါ။ Hummerက Offroadတွေမှာပြပင်မယ့်၊ ကျွန်တော့်အမြင်မှာ Parking Spaceသေးပြီး ကိုးလို့ကန့်လန့် ရှေ့ကားနောက်ကားက ကပ်ရပ်ထားရင် ဘေးတိုက်တောင်ထွက်လို့ရမယ့်ပုံပါပဲ။ ကျွန်တော်ပြောတာမမြင်သေးရင် Busကားကြီးတွေမှောက်လို့ Frame စောင်းပြီးပြန်ပြင်ပြီးမောင်းထားရင် ကားအခွံ့ကအတည့်သွားပြီး စောင်းငန်းကြီးသွားနေတဲ့အတိုင်းပါပဲ။

Dynamic Suspension: Air suspension ပါလာပါပြီ။ Height Adjustment တွေ၊ Corneringမှာ Body Roll မရှိအောင်ထိန်းပေးမယ်လို့ထင်ရပါတယ်။

Extract Mode: ခုနက Air Suspensionပါလာလို့ Extract Modeပါလာပါတယ်။ ဘာလဲဆိုတော့ Off road လမ်းတွေမှာ ကျောက်တုံးတွေ တွေ့လို့ကားဗိုက်နဲ့ထိတော့မယ်ဆို Extract Mode ဖွင့်လိုက်ရင်Air Suspensionကြောင့် Ground clearanceက ၆လက်မလောက်ပိုမြင့်သွားပါတယ်။

 

Full Underbody Armour: EVဖြစ်တာကြောင်​့ Electric Motorကကားအောက်မှာရှိပါတယ်။ ဒီလို Off Roadကားမှာ တောကြမ်းမောင်းပြီးအောက်ပိုင်းကိုသေသေချာချာ Reinforced မလုပ်ထားဘူးဆို ပျက်မှာပါ။ Hummerကအောက်ပိုင်းတစ်ခုလုံးကိုExtreme Off Roading ပတ်ဝန်းကျင်အတွက် Armourလုပ်ထားပါတယ်။

Underbody Camera: ဒါ Range Roverတွေမှာတောင်ပါပါတယ်။ ကားဝမ်းဗိုက်မှာ Cameraပါပြီး အောက်ပိုင်းလွတ်မလွတ်ကြည့်တဲ့ Cameraပါ။ နိဂုံးချုပ်အနေနဲ့ပြောရမယ်ဆိုဒီကားကဒီနှစ်ရဲ့ထွက်သမျှ American car/ EVတွေထဲမှာအကြိုက်ဆုံးနဲ့အားအရဆုံးပြောလို့ရပါတယ်။ Tesla Cybertruck ထက်ပိုကြိုက်ပါတယ်။

Ford F-150 EV ထွက်မယ်ဆိုတာတောင် ခုHummerလောက်မကြိုက်တော့ပါ။ EV Truckဝယ်ဆိုရင် Hummer EVပဲရွေးမိမှာပါ။ ဒါပေမယ့် 2022မှ ထွက်မှာဆိုတော့ အဲ့အချိန်မှာ Teslaအပြင် တခြား Truckတွေကလဲ EV အသစ်ထွက်ရင်ထွက်အုံးမှာပါ။

ကူးရား-Car Crazy

Read 613 times