၂၀၂၃ ခုနှစ် အမေရိကန်မှာ ရောင်းအားအကောင်းဆုံးကား‌မော်ဒယ်များ ထိပ်တန်း (၁၀)


၂၀၂၃ ခုနှစ် အမေရိကန်မှာ ရောင်းအားအကောင်းဆုံးကား‌မော်ဒယ်များ ထိပ်တန်း (၁၀)

 

To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

CNBC သည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်မှာ ရောင်းအားအကောင်းဆုံးကားများ ထိပ်တန်း (၁၀) စာရင်းကို ခင်းကျင်းတင်ပြပါသည်။
၎င်း ထိပ်တန်း (၁၀)စာရင်းတွင် တာစားသည်မှာ ပစ်ကပ်ထရပ်များ ဖြစ်ပါသည်။ 
 ၂၀၁၄ ခုနှစ်မှစ၍ ထိပ်တန်း(၁၀) စာရင်း၏ ထိပ်ဆုံး ၃ နေရာ၊ ပထမ၊ ဒုတိယနှင့် တတိယတို့ကို ပစ်ကပ်ထရပ်မော်ဒယ်များက နေရာယူပါသည်။

အမေရိကန် ကားဈေးကွက်ထဲတွင် ၂၀၂၃ ခုနှစ် တစ်လျှောက်လုံး မော်တော်ယဉ်အသစ်များ ရောင်းအား မျှော်မှန်းထားသည်ထက် ပိုမိုအားကောင်းခဲ့သည့်အပြင် တသမတ်တည်း အားကောင်းနေခဲ့ပါသည်။ 

၂၀၁၉ ခုနှစ်နောာက်ပိုင်း ရောင်းအားအခြေအနေ အကောင်းဆုံးနှစ် တစ်နှစ် ဖြစ်ခဲ့ပါသည်။

 Motor Intelligence ၏ အစီရင်ခံစာအရ ကားထုတ်လုပ်သူများသည် ၂၀၂၃ ခုနှစ်တွင် အမေရိကန်မှာ ကားအစီးရေ ၁၅ ဒသမ ၆ သန်း ရောင်းချခဲ့ပါသည်။

ယခုနှစ်တွင် ကားအစီးရေ ၁၅.၆ သန်းမှ ၁၆.၁ သန်းအထိ ရောင်းချနိုင်မည်ဟု ခန့်မှန်းထားသည်။ 

 

အမေရိကန် တွင် အရောင်းရဆုံး ကားများ ထိပ်တန်း (၁၀) ၏ ရောင်းအား အစီးရေများစာရင်း


1. Ford F-Series: 
၇၅၀,၇၈၉ စီး
၂၀၂၂ ထက် ၁၄.၈% ပိုများ

 

2. GM Chevrolet Silverado: 
၅၄၃,၇၈၀ စီး
၂၀၂၂ ထက် ၅.၉% ပိုများ

 

3. Stellantis Ram 
၄၄၄,၉၂၆ စီး 
၂၀၂၂ ထက် ၅.၀% လျော့နည်း

 

4. Toyota RAV4
၄၃၄,၈၄၃ စီး
၂၀၂၂ ထက် ၈.၈% ပိုများ

 

5. Tesla Model Y
၃၉၄,၄၉၇ စီး
၂၀၂၂ ထက် ၅၆,၅% ပိုများ

 

6. Honda CR-V
၃၆၁,၄၅၇ စီး
၂၀၂၂ ထက် ၅၁.၈% ပိုများ

 

7. GM GMC Sierra
၂၉၅,၇၃၇ စီး
၂၀၂၂ ထက် ၂၂.၄% ပိုများ

 
8. Toyota Camry
၂၉၀,၆၄၉ စီး
၂၀၂၂ ထက် ၁.၅% လျော့နည်း

 

9. Nissan Rogue
၂၇၁,၄၅၈ စီး
၂၀၂၂ ထက် ၄၅.၆% ပိုများ

 

10. Stellantis Jeep Grand Cherokee
၂၄၄,၅၉၄ စီး 
၂၀၂၂ ထက် ၉.၅% ပိုများ

 


 

Source CNBC, Motor Intelligence


To Get Instant Update
https://t.me/Guid4U
JOIN THE CHANNEL 

Read 294 times