Amazon နှင့်  Ford အီးဗီရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃.၁ ဘီလျံ အရှုံးပြ


Amazon နှင့်  Ford အီးဗီရင်းနှီးမြှုပ်နှံမှု ဒေါ်လာ ၁၃.၁ ဘီလျံ အရှုံးပြ

Amazon က ၃လပတ် အရှုံးအမြတ်စာရင်း ထုတ်ပြန်ခဲ့ရာ  အမေရိကန်ဒေါ်လာ ၃.၈၄ ဘီလျံ အရှုံးပြနေပြီး Rivian Automotive မှာ စတော့ရှယ်ယာများ ရင်းနှီးမြှုပ်နှံမှုကြောင့် အမေရိကန်ဒေါ်လယ ၇.၆ ဘီလျံ ဆုံးရှုံးခဲ့ပါတယ်လို့ စာရင်း‌ဖော်ပြထားပါတယ်။ 
အလားတူပင် Ford ကလည်း ၃လပတ် အရှုံးအမြတ်စာရင်းမှာ Rivian Automotive မှာ ရင်းနှီးမြှုပ်နှံမှုကြောင့် အမေရိကန်ဒေါ်လာ ၅.၅ ဘီလျံ ဆုံးရှုံးကြောင်း စာရင်း‌ေဖာ်ပြပါတယ်။ Amazon နှင့်  Ford အီးဗီရင်းနှီးမြှုပ်နှံမှု စုစုပေါင်း အမေရိကန်ဒေါ်လာ  ၁၃.၁ ဘီလျံ အနုတ်ပြပါတယ်။ 

နောင်တစ်ချိန်မှာ အရင်းကြေပြီး အမြတ်ရမယ်လို့ မျှော်လင့်ချက်ကို မှေးမှိန်စေပါတယ်။

 

Rivian က အလားအလာကောင်းတဲ့ လျှပ်စစ်မော်တော်ယာဉ် ထုတ်လုပ်ရေး လုပ်ငန်းသစ်လို့ ကားလောကမှ ကျွမ်းကျင်သူတွေက ရှုမြင်ထားကြပေမဲ့ အရင်းလည်းမကြေ အမြတ်လည်းမရတဲ့ လုပ်ငန်းအဖြစ်မှာပဲ ဆက်ရှိနေဆဲ ဖြစ်ပါတယ်။

၂၀၂၁ မှာ Rivian က ကားစီးရေ ၁,၀၁၅ ထုတ်လုပ်ခဲ့ပါတယ်။ ရည်မှန်းချက် စီးရေ ၁,၂၀၀ ကို မပြည့်မီခဲ့ပါဘူး။ 
Amazon က ပစ္စည်းပို့နဲ့ဗင်ကား စီးရေ ၁၀၀,၀၀၀ မှာကြားထားပြီး ဖြစ်ပါတယ်။

 

 

ပစ်ကပ်ထရပ်အတွက် ကြိုတင်အမှာစာများ ၈၃,၀၀၀ စီး ရရှိထားပါတယ်။

ယခုနှစ်မှာ Rivian က စီးရေ ၂၅,၀၀၀ မျှသာ ထုန်လုပ်နိုင်မယ်လို့ ခန့်မှန်းထားပါတယ်။

ထုတ်လုပ်နိုင်တဲ့ စီးရေက အားရစရာ မရှိလို့ ယခုနှစ်မှာလည်း အမြတ်ရနိုင်မယ့် အခြေအနေ မရှိဘူးလို့ သုံးသပ်ကြပါတယ်။  အစုရှယ်ယာဈေးနှုန်းများ ဈေးကွက်ပေါက်ဈေး ထက်ဝက်ဝန်းကျင် ကျဆင်းတဲ့အတွက် ရှယ်ယာတွေ ဝယ်ယူပြီး ရင်းနှီးမြှုပ်နှံထားတဲ့ Amazon နှင့်  Ford  တို့ အရှုံးပေါ်ကုန်ကြတာ ဖြစ်ပါတယ်။ 

 

 

 

 

 

Read 8692 times