ကားများကို အွန်လိုင်းမှ ရောင်းချရန် Amazon နှင့် Fiat Chrylser ပူးပေါင်း

ကားများကို အွန်လိုင်းပေါ်မှ ပထမဆုံးအကြိမ်ရောင်းချရန်အတွက် Amazon က Fiat Chrysler ကုမ္ပဏီနှင့် ပူးပေါင်းခဲ့ကြောင်းသိရသည်။

Reuters မှဖော်ပြချက်အရ Fiat Chrysler သည် 500,500L နှင့် Panda စသည့်ကားမော်ဒယ်သုံးမျိုးကို Amazon ၏ အီတလီဆိုဒ်ပေါ်တွင်ရောင်းချသွားမည်ဖြစ်ပြီး တန်ဖိုးမှာ အခြားတရားဝင်အရောင်းဆိုင်များထက် ၃၀ ရာခိုင်နှုန်းအထိ သက်သာမည်ဖြစ်ကြောင်းသိရသည်။

အဆိုပါဝန်ဆောင်မှုကို အီတလီနိုင်ငံတွင် သာရရှိမည်ဖြစ်သည်။

Amazon ပေါ်မှ ကားဝယ်ယူပြီးသည်နှင့် ဝယ်ယူသူများက ရောင်းချသူနျင့် ချိတ်ဆက်ရမည်ဖြစ်သည်။

ထို့နောက်ရောင်းချသူနှင့် အရောင်းအဝယ်လုပ်ပြီး နှစ်ပတ်အတွင်းကားကို ထုတ်ယူနိုင်မည်ဖြစ်သည်။

အဆိုပါသတင်းသည် Amazon ကAmazon Vehicles ဟုခေါ်ဆိုသည့် ကားရှာဖွေရေးဆိုက်သစ်တစ်ခုကိုလွှင့်တင်ပြီး သုံလအကြာတွင် ထွက်ပေါ်လာခဲ့ခြင်းဖြစ်သည်။

အချိုု့သောရင်းနှီးမြုပ်နှံသူများက Amazon အနေဖြင့် ၎င်း၏ အမေရိကန်ဆိုက်ပေါ်မှ ကားများရောင်းချမှုကို ရောင်းချလိမ့်မည်ဟု ခန့်မှန်းထားကြောင်းသိရသည်။

Amazon Vehicles ကိုလွှင့်တင်ခြင်း၊ ကားများကို စမ်းသပ်မောင်းနှင်ရန် Hyundai နှင့် ပူးပေါင်းခြင်း၊ ကားများတွင် Echo ပေါင်းစပ်ထည့်သွင်းခြင်းတို့က အနာဂတ်တွင် ကားရောင်းချမည် ဆိုက်သစ်တစ်ခုကို ညွှန်ပြနေခြင်းဖြစ်ကြောင်းသိရသည်။

Read 1455 times