သံ သို့မဟုတ်သံဒြပ်စစ်စစ်သည် အထည်အဖြစ် အသုံးပြုရန်ဒြပ်သားအနေဖြင့် မသင့်တော်လောက်အောင် ပျော့နေသဖြင့် အမြဲရာခိုင်နှုန်း အနည်းငယ်မှ များများစားစားအထိ ကာဗွန်ကသဘာဝအလျောက်ပေါင်းစပ်နေခြင်း၊ရည်ရွယ်ခ ျက်ဖြင့် လူများကပေါင်းစပ်ထားခြင်းကပင် သံမဏိအဖြစ် မြင်တွေ့ကိုင်တွယ်နေရပြီး အထည်အမျိုးမျိုးအဖြစ် တွေ့ရှိနေ ရခြင်းဖြစ်သည်။
ကာဗွန်မှအပအခြား ဓာတုဒြပ်များပေါာင်းစပ်ခြင်းသည် လူတို့၏ အသးုံပြုကြခြင်းဖြစ်သည်။
တဆင့်မြှင့်တင်ခင်းထားသော လမ်းဘေးလူသွားလမ်း ပလက်ဖောင်းရှိသည့် လမ်းမကြီးပေါ်တွင်း ကားတစ်စီး သည် လျင်မြန်စွာသွားနေစဉ်ဘေးမှ ယှဉ်မောင်းလာသောကားမှမိမိဘက်မဟုတ်သောသူ့ကား၏ အခြားဘက် တစ်စုံတရာကို ရုတ်တရက်မြမင်တွေ့ပြီး ယင်းကိုရှောင်ရှားနိုင်ရန်မိမိကားဘက်သို့ လက်ကိုင်ကို ရုတ်တရက် ခေါက်လိုက်သည်နှင့် မိမိကား၏ ရှေ့ပိုင်းကိုဝင်ရောက်တွန်းတိုက်ပေတော့သည်။လမ်းဘေးသို့ပြေးမသွား စေရန် ကားကို သင်ထိန်းလိုက်ရပြီး လျင်မြန်သော အမြန်နှုန်းဖြင့် ပြေးလွှားနေကြသည့်အလျောက် ပလက်ဖောင်းဖြင့် သင့်ကားဘီး မြည်ဟည်းဟိန်းထွက်သော အသံဆိုးကြီးနှင့်ဘေးတိုက်ထိတွေ့ တိုက်မိမည် ဖြစ်သည်။
သင့်ကား၏အလွိုင်းခွေမှာလည်း ပလက်ဖောင်းကွန်ကရစ်တုံးဖြင့်ပွတ်တိုက်မိသည့် အက်ကွဲအရာများကြောင့်ကြေမွသွားသည်အထိ ဖြစ်သွားနိုင်သည်။ပရီယမ်ခွေ၊သို့မဟုတ် စတီးခွေဖြစ်လျှင်လည်း ခွေပတ်လည်နေရာများများတွင်ပုံသဏ္ဍာန်ပျက်ကာ လိမ်ပိန်သွားနိုင်သည်။
နှစ်မျိုးစလုံးသော ခွေအမျိုးအစားကတာယာအတွင်းမှ လေများ ကန်ထွက်နိုင်သည်ချည်းဖြစ်လည်းဖြစ် ပျက်စီနိုင်သည်ချည်းလည်များ ဖြစ်သော်လည်း အလွိုင်းခွေက ပိုမိုကြံ့ခိုင်သည်၊အကြမ်းခံသည်ဟုပင်ဆိုနိုင်သည်။
လျှပ်စစ်နည်းပညာဖြင့်သတ္တုလွှာတင်ထားသော အလွိုင်းခွေများသည်နှစ် နှစ်ဆယ်ကျော်သည့်တိုင် ပြောင်လက်လှပ နေမည် ဖြစ်သည်။ကားပိုင်ရှင်အများစုကလည်း လက်ခံကြသည်။
အချို့သောတာယာစပယ်ရှယ်လစ်များအနေဖြင့် မည်သည်က ပို၍ကောင်းမွန်သင့်တော်မည်ကိုကူညီကာပိုမိုရွေးချယ်ပေးနိုင်မည်ဟုယူဆ ကြသည်။အချို့တာယာနှင့် ပက်သက်သူများက တာယာနှင့်ခွေအမျိုးမျိုးကို သင့်ကားမှ ခွေအမျိုးမျိုးနှင့်အလဲအထပ်ပြုလုပ်ပေးလေံရှီသည်။ စားရေးသူအနေဖြင့် စဉ်စားပြီးအကြံပေး ခဲ့သည်။ကားထုတ်လုပ်လိုက်သော ကားကို စတီးခွေသာ ထည့်ပေးလိုက်ခြင်း၊ဒီဇိုင်းထုတ်တည်ဆောက်သည်အထိ စတီးခွေသာဖြစ်နေရခြင်းဖြစ်သည် အလွိုင်းခွေ အရူးအမူးဖြစ်နေသူ၊ခရေစီ ဖြစ်နေသူများ သတိထား တွေးစရာကောင်းသည့် အချက်ဖြစ်သည်။မည့်သည့် ပစ္စည်းမဆို အားသာချက် အားနည်းချက်များရှိနေမည်သာဖြစ်သည်။
အလွိုင်းအလှကိုပါခံစားချင်သည့်ခရေစီဖြစ်နေသော သင့်အတွက် စတီးခွေအပေါ်မှ လှပသောအလွိုင်းခွေပုံသဏ္ဍာန် ဘီးဖုံးများ များစွာရှိလေရာ ထိုအထဲမှာ အလွိုင်းခွေ ခရေစီ သင်လက်ခံနိုင်သလောက်သည့် ဘီးဖုံးသက်သက် အလွိုင်းခွေ တစ်ချပ်သာ ကပ်ပေးလိုက်ခြင်းက ကားနှင့်ပက်သက်သည့် စက်မှုပိုင်း စိတ်ချမှုလည်းဖြစ်၊သင့်အကြိုက်လှပမှုလည်းဖြစ်ပါတော့မည်။