ဆူဇူကီးမြန်မာမှ အသစ်ထပ်မံမိတ်ဆက်လိုက်တဲ့ All-new Suzuki Ertiga


"All-new Suzuki Ertiga" မော်တော်ကားအသစ်သည် အရွယ်အစားအားဖြင့် ပိုမိုကြီးသွားရုံသာမက ဒီဇိုင်းအပိုင်းတွင်လည်း ပိုမိုကျော့ရှင်းကာ ဆန်းသစ်ပြီး ခေတ်မီသော ကိုယ်ထည်ဒီဇိုင်းလည်းရှိပါသည်။ ဒါ့အပြင် ၁.၅ လီတာ ဆလင်ဒါ လေးလုံးပါ စွမ်းဆောင်ရည် ပိုမိုကောင်းမွန်သော အင်ဂျင်ကိုလည်း တပ်ဆင်ထားကြောင်းသိရသည်။

"ကျွန်တော်တို့ရဲ့ အခု Ertiga ကားအသစ်က အရင် Ertiga အမျိုးအစားကားတွေထက်အရွယ်အစား ပိုရှည်၊ ပိုကျယ်ပြီး ပိုလည်းမြင့်သွားပါတယ်။ ဒီနေ့ခေတ် ဝယ်ယူသူတွေရဲ့ အမြဲပြောင်းလဲနေတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးနိုင်ဖို့ ကားကိုယ်ထည်ကိုလည်း အကောင်းဆုံး ဇိမ်ခံပစ္စည်းတွေနဲ့ ထုတ်လုတ်ထားပြီးfreestanding touchscreen infotainment System လို့ခေါ်တဲ့ ကားတွင်းဖျော်ဖြေရေး စနစ်ကိုလည်း တပ်ဆင်ပေးထားပါတယ်။ Ertiga ကားသစ်ကို တခြား ကျွန်တော်တို့ရဲ့ နာမည်ကျော် ကားတွေဖြစ်တဲ့ Swift နဲ့ Ciaz တို့နဲ့ အလားတူပဲ ရန်ကုန်သီလဝါ စက်မှုဇုန်မှာရှိတဲ့ ကျွန်တော်တို့ စက်ရုံမှာပဲ ထုတ်လုပ်ထားတာ ဖြစ်ပါတယ်"ဟု ဆူဇူကီးမြန်မာ မော်တာကုမ္ပဏီလီမိတက်၏ မန်နေဂျင်း ဒါရိုက်တာဖြစ်သူ Mr.Keiichi Asano က ပြောကြားခဲ့သည်။

Ertiga ကားသစ်၏တန်ဖိုးမှာ ငွေကျပ် ၂၇,၂၀၀,၀၀၀ ဖြစ်ပြီး လက်ရှိတွင် အဖြူရောင်(Pearl Snow White)၊ အနက်ရောင်(Prime Cool Black)နှင့် အညိုရောင် (Pearl Glorious Brown) စသည့် အရောင်သုံးရောင်ဖြင့် ထုတ်လုပ်ထားပြီး ခဲရောင် (Magma Gray) ကိုတော့ ၂၀၁၉ ခုနှစ် အောက်တိုဘာလတွင် ဝယ်ယူနိုင်မည်ဟု သိရသည်။

ဆူဇူကီးနှင့် AYA ဘဏ်တို့ မိတ်ဖက်ပူးပေါင်း ဆောင်ရွက်ထားသည့် (၇)နှစ် ကားအရစ်ကျပေးချေမှု့ 'AYA Super Suzuki Finance' အစီအစဉ်မှ တဆင့်လည်း all-new Ertiga အပါအဝင် မော်တော်ကားသစ်များကို ဝန်ဆောင်ခများနှင့် အရောင်းကော်မရှင်ခများ ပေးဆောင်ရန် မလိုအပ်ပဲ အရစ်ကျဝယ်ယူ နိုင်မှာဖြစ်ကြောင်း သိရသည်။

Automobile Directory

Read 871 times