စိတ်ဝင်စားဖွယ် လုပ်ဆောင်ချက်များစွားပါဝင်မည့် All-New BMW X3 2018


All-New BMW X3 သည် လှပဆန်းသစ်မှု၊ အမြင်အာရုံကို ဆွဲဆောင်နိုင်မှုနှင့် Dynamic Design Language ဖြစ်စေမှု စသည့် ထူးခြားချက်များဖြင့် ထွက်ရှိလာသည့်ကားဖြစ်သည်။

ယခု မိုဒယ်သည် X3 ၏ တတိယမျိုးဆက်ဖြစ်ပြီး အရွယ်အလတ်စားဖြစ်သည့် Sports Activity Vehicle-SAV ဖြစ်ကာ Sporty ဆန်မှုနှင့် Off-Road အသွင်အပြင်တို့ ပေါင်းစပ်ထားသည့်ကားလည်း ဖြစ်သည်။

All-New X3 Model ၏ Wheelbase(ရှေ့ဘီးဝင်ရိုးနှင့် နောက်ဘီးဝင်ရိုးကြားအကွာအဝေး)သည် ယခင်မိုဒယ်ထက် ငါးစင်တီမီတာ ပိုရှည်မည်ဖြစ်ပြီး အရှေ့နှင့် အနောက် ဝင်ရိုးအကြားရှိ Weight Distribution သည် ၅ဝ း ၅ဝ အချိုးရှိပါသည်။

ထို့ပြင် အခြားစိတ်ဝင်စားဖွယ် လုပ်ဆောင်ချက်များစွာ ပါရှိမည်ဖြစ်၍ BMW ၏ နာမည်ကျော် All-New X3 Model ကို ယခုတစ်ပတ် Brand New က@မှ မိတ်ဆက်ရေးသားလိုက်ပါသည်။

All-New BMW X3 တွင် BMW X Model တို့၏ Underline ၌ ပထမဆုံးဖြစ်သည့် 3 Dimensional Kidney Grille Treatment နှင့် နှင်းခွဲမီးများ အဓိကပါဝင်သော Hexagonal Design ကို ကားအရှေ့ ဘက်တွင် ထူးခြားစွာ တွေ့မြင်ရမည် ဖြစ်သည်။

ထို့နောက် ပြေပြစ်လှပသည့် ဘေးဘက်ကိုယ်ထည်တစ်လျှောက်ကို Aluminium Satinated Roof Rail နှင့် Metallic Paintwork များဖြင့် ဆက်လက်ရှုစားရမည်ဖြစ်ပြီး အနောက်ဘက်သို့ ရောက်သည့်အခါ ဆင်ခြေလျှောပုံစံရှိသည့် Roof Spoiler နှင့် Twin Exhaust Tailpipe များမှ အစပြု၍ လှပစွာဖန်တီးထားသည့် အနောက်ဘက်မီးတန်းနှင့် အနောက်ဖုံးဒီဇိုင်းတို့ကို တွေ့မြင်ခံစားရမည် ဖြစ်သည်။

ယခု All-New X3 Model တွင် Luxury Line Trim နှင့် M Sport Trim ဟူ၍ ပုံစံနှစ်မျိုး ထုတ်လုပ်ထားပြီး Luxury Line Trim ၏ အပြင်ဘက်ဒီဇိုင်းတွင် Chrome Radiator Grille Bar ၊ အရောင် နှစ်မျိုးစပ်ထားသည့် Underbody Protection ဒီဇိုင်းတို့ဖြင့် ဖန်တီးထားပါသည်။

M Sport Trim ၏ အပြင်ဘက်ဒီဇိုင်းတွင်မူ M Aerodynamic Feature များဖြစ်ကြသော Sport Braking System ၊ ဆန်းသစ်သည့် Wheel Design နှင့် အပိုဆောင်းမှာယူရနိုင်မည့် Phytonic Blue Paint Shade တို့ကို တွေ့မြင်နိုင်မည် ဖြစ်သည်။

All-New BMW X3 ၏ အတွင်းခန်းကို ကျယ်ဝန်းသပ်ရပ်စွာ ဖန်တီးထားပါသည်။

အထူးအားဖြင့် BMW ၏ ယာဉ်မောင်းဦးစားပေးဒီဇိုင်း နှင့် ထိန်းချုပ်စနစ်များအားလုံးကို လွယ်ကူရှင်းလင်းစွာ အသုံးပြုနိုင်သည့် အစဉ်အလာအတိုင်း ခင်းကျင်းထားပါသည်။

ထို့အတူ ပါဝင်ပစ္စည်းများ၊ အခင်းအကျင်းများအားလုံးကို အရည်အသွေးမြင့် Material များကိုသာ သုံးစွဲထားခြင်းသည် BMW ၏ Customer များအပေါ် ထားရှိသည့် အလေးထားမှုဖြစ်သည်။

အတွင်းခန်းတစ်ခုလုံးကို BMW Individual Headliner Anthracite ဖြင့် ဖန်တီးထားမည်ဖြစ်သည်။ အဆိုပါ Headliner သည် M Sport Trim ၌သာ ပါရှိမည်။

ထိုင်ခုံများကို ခရီးသည်ငါးဦး အဆင်ပြေစွာစီးနင်းနိုင်သည့်ပုံစံများဖြင့် ဖန်တီးထားကာ အရှေ့ဘက် ထိုင်ခုံနှစ်လုံးသည် Sport Seat ဖြစ်၍ BMW ချစ်သူများ အကြိုက်တွေ့ မည်ဖြစ်သည်။

ထိုင်ခုံများကိုလည်း Vernasca Leather ဖြင့် ချုပ်လုပ်ထားမည်ဖြစ်သည်။ All-New X3 Model အတွင်းခန်း၌ စိတ်ဝင်စားဖွယ်ရာ များစွာပါရှိမည်ဖြစ်ပြီး အဆင့်မြင့်နည်းပညာသုံး ပါဝင်မှုများ၊ ယာဉ်မောင်းထောက်ပံ့မှုနည်းပညာများနှင့် ဖျော်ဖြေရေးဆိုင်ရာပါဝင်မှုများလည်း စုံလင်စွာ ပါဝင်မည်ဖြစ်သည်။

အဓိကပါဝင်မည့် Feature များမှာ အရောင်ဒီဇိုင်း ၁၁ မျိုး ရွေးချယ်နိုင်သည့် Ambient Lighting ၊ Ambient Air Package ၊ Smoker’s Package ၊ 10.25 inch iDrive System with Touch Display  LCD Player ၊ Harman Kardon အမျိုးအစား ပတ် လည်အသံစနစ် စသည်တို့ ပါဝင်ကြပါမည်။

အလားတူ အဆင့်မြင့်နည်းပညာသုံးပါဝင်ပစ္စည်းများအနေဖြင့် BMW ၏ နောက်ဆုံးပေါ်နည်းပညာတစ်မျိုးဖြစ်ပြီး အလွန်လည်း ပေါ်ပြူလာဖြစ်နေသည့် Display Key နှင့် BMW Gesture Control စနစ်၊ Multifunction Instrument Display ၊ Rain Sensors ၊ Through Loading System နှင့် Parking Assistant Plus:Park Distance Control and Surrounding 3D View တို့ ထည့်သွင်းထားပါသည်။

All-New BMW X3 တွင် X3 xDrive 30i Luxury Line နှင့် x3 xDrive 30i M Sport ဟူ၍ Trim နှစ်မျိုး ထုတ်လုပ်ထားပြီး နှစ်မျိုးစလုံးတွင် အင်ဂျင်အနေဖြင့် မြင်းကောင်ရေ ၂၅၂ ကောင်အား 1998 CC I4 Engine ၊ ဓာတ်ဆီအင်ဂျင်နှင့် 8 Speed Steptronic Transmission တို့ကို တွဲဖက်တပ်ဆင်ထားပါသည်။

ထို့အတူ xDrive Intelligent AWD System ကိုလည်း Standard ထည့်သွင်းထားပါသည်။

အဆိုပါ အင်ဂျင်၏ စွမ်းဆောင်ရည်မှာ သုညကီလိုမှ ကီလိုတစ်ရာရောက်ရန် ၆ ဒသမ ၃ စက္ကန့်သာ အမြန်ဆုံးရောက်ရှိနိုင်ပါမည်။

All-New BMW X3 သည် ထိပ်တန်းလုံခြုံရေးအဆင့်ရှိသည့်ကားဖြစ်ပြီး လုံခြုံရေး၊ ယာဉ်မောင်းနှင့် ခရီးသည်များအတွက် အကူအညီ၊ နည်းပညာ၊ ထောက်ပံ့နည်းပညာများ စုံလင်စွာပါရှိသည့်ကားလည်းဖြစ်သည်။ ယင်းတွင် အဓိကပါဝင်သည့် Safe Feature များမှာ Active Protection ၊ Adaptive LED Headlights with Highbeam ၊ Adaptive Suspension ၊ BMW Heads-Up Display ၊

Emergency Spare Wheel ၊ Runflat Tyre အမျိုးအစား၊ Servotronic ၊ Tyre Pressure Indicator ၊ Dynamic Stability Control DSC ၊ Performance Control တို့ ပါဝင်ကြပါသည်။

All-New BMW X3 ၏ xDrive 30i Luxury Line ကို အမေရိ ကန်ဒေါ်လာ ၁၄၁,ဝဝဝ ဝန်းကျင်ဖြင့်လည်းကောင်း၊ xDrive 30i M Sport ကို အမေရိကန်ဒေါ်လာ ၁၄၃,ဝဝဝ ဝန်းကျင်ဖြင့်လည်းကောင်း Prestige Automobiles မှ သတ်မှတ်ရောင်းချမည်ဖြစ်သည်။

ဝန်ဆောင်မှုသည် 3 Years Warranty နှင့် ငါးနှစ်၊ သို့မဟုတ် ကီလိုမီတာ ခြောက်သောင်းပြုပြင်ထိန်းသိမ်းမှုများ သတ်မှတ်ထားကြောင်းသိရသည်။

Read 658 times