AK-47 သေနတ်ကုမ္ပဏီ ကလက်ရ္နီကာ့ဖ် က လျှပ်စစ်ကား ဒီဇိုင်း မူပိုင်ခွင့် ရယူ


ရုရှားမှ နာမည်ကျော် AK-47 သေနတ် ထုတ်လုပ်တဲ့ ကလက်ရ္နီကာ့ဖ်   Kalashnikov က လျှပ်စစ်ကားဒီဇိုင်း နှစ်မျိုး မူပိုင်ခွင့် ရယူပါတယ်။

မူပိုင်ခွင့် လျှောက်ထားတဲ့ စာရွက်စာတမ်းတွေမှာ ဖော်ပြထားတဲ့ ကားပုံတွေအရ ကားတစ်မျိုးက လေးဘီးကား တံခါးလေးပေါက်နဲ့ နောက်ဘက်မှာ အပေါ်လှန်ဖွင့်တဲ့ အပေါက် တို့ပါပြီး နောက်တစ်မျိုးကတော့ သုံးဘီးကား ဖြစ်ပါတယ်။ သုံးဘီးကားက ဘေးနှစ်ဘက် အပွင့်ဖြစ်ပါတယ်။

 

စာရွက်စာတမ်းများမှာ ဖော်ပြချက်အရ လေးဘီးကားရဲ့အလျားက ၁၁ ပေ ၁ လက်မခွဲ ရှည်ပါတယ်။ အကျယ်က ၄ ပေ ၁၁ လက်မ ရှိပါတယ်
 ကားအမိုး အမြင့်ဆုံးနေရာမှာ အမြင့် ၅ ပေခွဲ ရှိပါတယ်။

 

 

50kW မော်တာတစ်လုံးဖြင့် မောင်းနှင်မှာ ဖြစ်ပါတယ်။ ယာဉ်အလေးချိန် ၆၅၀ ကီလိုဂရမ်ရှိပြီး တစ်နာရီ ကီလိုမီတာ ၈၀ အထိ မောင်းနှင်နိုင်ပါတယ်။
သုံးစွဲမယ့် ဘက်ထရီအကြောင်းအရာ မဖော်ပြထားပေမဲ့ အားအပြည့်သွင်းပြီး ခရီးတာ ၁၅၀ ကီလိုမီတာတော့ အနည်းဆုံး သွားနိုင်မယ်လို့ ယူဆရပါတယ်။

ကားအတွင်းမှာ လေအေးစက်၊ အပူပေးစက်၊ ဒစ်ဂျစ်တယ်ပိုင်း ကိရိယာများ၊ အင်ဖိုတိန်းမင့် စခရင် စတာတွေ ပါဝင်ပါတယ်။


သုံးဘီးကားက ရှေ့ဘီးနှစ်ဘီးနဲ့ နောက်ဘီး တသ်ဘီးပါတဲ့ အမျိုးအစား ဖြစ်ပါတယ်။ ရှေ့ခြမ်းက လေးဘီးကားအတိုင်း ဖြစ်ပြီး ကားကိုယ်ထည်က လေးဘီးကားထက် ပိုသေးပါတယ်။ ထိုင်ခုံ နှစ်ခုပဲ ပါတဲ့ နှစ်ယောက်စီး ကားငယ် ဖြစ်ပါတယ်။ အလျားလည်း တိုပါတယ်။

 

အီးဗီ ထုတ်လုပ်မယ့် အစီအစဉ်ကို ဖွင့်ဟ ပြောကြားခြင်း မရှိသေးပါဘူး။

Read 4263 times