Aito EV ထုတ်လုပ်ရန်   အစဉ်အလာရှိသည့် ကားထုတ်လုပ်သူများနှင့် Huawei  ပူးပေါင်းဆောင်ရွက်


Aito EV ထုတ်လုပ်ရန်   အစဉ်အလာရှိသည့် ကားထုတ်လုပ်သူများနှင့် Huawei  ပူးပေါင်းဆောင်ရွက်

TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

 

Huawei Technologies သည် Aito အမှတ်တံဆိပ်လျှပ်စစ်ကားများကို ထုတ်လုပ်ရန် အစဉ်အလာရှိသည့် မော်တော်ကားထုတ်လုပ်သူများနှင့် ပူးပေါင်းဆောင်ရွက်နေကြောင်း ကုမ္ပဏီ၏ အကြီးတန်းအမှုဆောင်အရာရှိက ပြောကြားခဲ့သည်။ မော်တော်ကားစက်မှုလုပ်ငန်းနယ်ပယ်တွင် ထဲထဲဝင်ဝင် လုပ်ကိုင်ရန် ရည်ရွယ်ချက် ထားရှိသည်။
.
Huawei သည် Chery Automobile ၊ BAIC Motor ၊ Anhui Jianghuai Automobile Group ) တို့နှင့် Aito-branded မော်တော်ကားများ တီထွင်ထုတ်လုပ်ခြင်းတွင် ပူးပေါင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်း Huawei ၏ Smart Car စီအီးအို Richard Yu မှ  ပေကျင်းမြို့တော်မှာ ကျင်းပသည့် China EV 100 ဖိုရမ်တွင် ပြောကြားခဲ့ပါသည်။
.
Huawei သည် Aito ကားများထုတ်လုပ်ရန် Seres Group နှင့် ပူးပေါင်းထားပြီး  Aito အမှတ်တံဆိပ်ဖြင့် SUV များ၊ ဆီဒင်များနှင့် MPV များ အပါအဝင် မော်ဒယ်များကို ထုတ်လုပ်ရန် စီစဉ်နေကြောင်း Yu က ပြောကြားခဲ့သည်။
Seres သည် Huawei ၏ HarmonyOS စနစ်ပါရှိသော Aito ကား စုစုပေါင်း ၈၀,၀၀၀ ကို ၂၀၂၂ တွင် ရောင်းချခဲ့သည်။
.
Huawei သည် ကားများကို မိမိဘာသာ ထုတ်လုပ်မည် မဟုတ်ဘဲ  မဖန်တီးဘဲ အခြားကားထုတ်လုပ်သည့် ကုမ္ပဏီများက ပိုမိုကောင်းမွန်သော မော်တော်ကားများ ဖန်တီးရန် ကူညီပေးသွားမည်ဟု Huawei ၏ ဥက္ကဋ္ဌ Eric Xu  က ၎င်းဖိုရမ်တွင် ထပ်လောင်းပြောကြားခဲ့သည်။
.
Huawei သည် အမေရိကန်အစိုးရ၏ ပိတ်ပင်မှု ခံနေရသဖြင့် နိုင်ငံတကာ ကားထုတ်လုပ်သူများနှင့် လက်တွဲ လုပ်ကိုင်နိုင်ခြင်း မရှိပါ။
လွန်ခဲ့သည့် နှစ်နှစ်အတွင်း Huawei ၏ မော်တော်ယာဉ် ချိတ်ဆက်မှု နည်းပညာများကို ၎င်းကုမ္ပဏီများက ဆက်လက်အသုံးမပြုကြတော့ဟု Yu က  ပြောကြားသည်။
Source Reuters 
TO GET INSTANT UPDATE 
Join Telegram Channel
https://t.me/Guid4U

Read 199 times