ယနေ့ခေတ်တွင် ကားလမ်းများရှုပ်ထွေးကျပ်တည်းခြင်းသည် တစ်နေရာမှ တစ်နေရာသို့ သွားလာရချိန် ကြာမြင့်ခြင်း ၊ အလုပ်အချိန်မှီရောက်ရန် အိမ်မှလိုအပ်သည်ထပ်ပိုစော၍ထွက်ရခြင်း လိုရာခရီးကို အချိန်မှီ မရောက်ခြင်းများကြောင့် လူအများအတွက်အခက်အခဲဝန်ထုပ်ဝန်ပိုးဖြစ်လျက်ရှိပါသည်။
ထို့ကြောင့် စိတ်အနှောက်အယှက်များစွာဖြစ်ရသည့်အပြင် မလိုလားအပ်သော ပြဿနာများစွာ ဖြစ်ပေါ်လာနိုင်ပါသည်။
ထိုအခက်အခဲများကို သိပ်မဝေးတော့သောအနာဂတ်တွင်မေ့ထားနိင်တော့မည်ဖြစ်သည်။
ထိုအခက်အခဲကိုဖြေရှင်းနိုင်မည့် နည်းလမ်းတစ်ခုကို ဂျာမနီနိုင်ငံမှ Audi ကားကုမ္ပဏီတစ်ခုမှ အဖြေရှာ၍ Pop ဟု အမည်ရသော Airbus ကိုထုတ်လုပ်ရန်ပြင်ဆင်နေကြောင်းသိရပါသည်။
အဆိုပါ အိုင်ဒီယာကို Ingolstadt-based ကားထုတ်လုပ်သူများနှင့် Idalodesign, Moncalieri, အီတလီ အခြေစိုက်ဒီဇိုင်းနှင့် အင်ဂျင်နီယာကုမ္ပဏီအကြား ဖလှယ်ရာမှ ရရှိခဲ့ကြောင်းသိရပါသည်။
ထိုဒီဇိုင်းကို ပြီးခဲ့သည့်နှစ်က ဂျီနီဗာတွင်ပြုလုပ်ခဲ့သော နိုင်ငံတကာ ကားပြပွဲတွင် ထုတ်ဖော်ပြသခဲ့ပါသည်။
အဆိုပါစနစ်၏ Audi Version Preview ကို ယခုနှစ် မတ်လ ၈ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဆွစ်ဇာလန်နိုင်ငံတွင် ပြုလုပ်ခဲ့သော ပြပွဲတွင် ထုတ်ဖော်ပြသခဲ့ပါသည်။
ထိုကားတွင် ပါဝင်သော Modular System သည် လမ်းမပေါ်တွင် ကားတစ်စီးကဲ့သို့ သွားလာလှုပ်ရှားရုံသာမကဘဲ သွားလာရခက်ခဲသော ၊ လမ်းပိတ်နေသော ၊ ကားကျပ်သောနေရာများတွင် လေပေါ်မှလည်း ပျံသန်းသွားလာနိုင်ကြောင်းလည်းသိရပါသည်။
ထိုင်ခုံ နှစ်နေရာသာ ပါဝင်သည့်အတွက် တစ်ကြိမ်တွင် နှစ်ဦးသာလိုက်ပါစီးနင်းနိုင်မည်ဖြစ်သည်။
Audi ၏ ထို idea မှာ သိပ်မဝေးတော့သောအနာဂတ်ဖြစ်သည့် 2030 ဝန်းကျင်လောက်တွင် Airbus ထုတ်လုပ်သူများအတွက် Idea ကောင်းတစ်ခု ဖြစ်လာနိုင်ပါသည်။
ကားလမ်းပိတ်ဆို့မှုပြသနာမှာကမ္ဘာနှင့်တစ်ဝှမ်းရင်ဆိုင်နေရသော ပြသနာတစ်ခုဖြစ်သောကြောင့် အဆိုပါအိုင်ဒီယာမှာ လူသားအရင်းအမြစ်အတွက် တန်ဖိုးမဖြတ်နိင်သော အိုင်ဒီယာတစ်ခုဖြစ်လာနိင်ဖွယ်ရှိနေပါသည်။