မော်တော်ကားတွင်တပ်ဆင်ပါရှိသည့်စနစ်တစ်ခုဖြစ်သည့် Airbag ဟုခေါ်သည့်အသက်ကယ်လေအိတ်မှာ စက်ပစ္စည်းဆိုင်ရာဘေးကင်းလုံခြုံရေးစနစ်ဖြစ်ပြီး
သူသတ်မှတ်ထားသည့်အရှိန်နှင့်အထက်ရွေ့လျားနေသည့် စက်၊ ယဉ်တစ်ခုကိုရုတ်တရက်ရပ်တန့်လိုက်ခြင်းမျိုး သို့မဟုတ် ရပ်တန့်စေနိုင်လောက်အောင်တစုံတရာနှင့် ဆောင့်မိတိုက်မိခြင်းမျိုးဖြစ်ပေါ်သည့်အခါများတွင် အလိုအလျောက်စနစ်ကစတင်အသက်ဝင်လှုပ်ရှားတော့မည် ဖြစ်ပါသည်။
ယင်းစနစ်တွင်အလျော့အတင်း၊ အကွေးအဆန့်လုပ်နိုင်သည့်လေအိတ်များကိုအဓိကအခြေခံထားပြီးထုတ်လုပ် ဖန်တီးထားခြင်းဖြစ်ပါသည်။
ယင်းစနစ်တွင်သတ်မှတ်ထားသည့်အရှိန်နှင့်အထက်သွားလာမောင်းနှင်နေသည့် ကားတစ်စီးရုတ်တရက် ရပ်တန့်လိုက်ပြီဆိုပါကအလိုအလျောက်လေအိတ်ပွင့်လာမည်ဖြစ်သကဲ့သို့ ယင်းလေအိတ်များထဲကို ပြင်ပမှလေများချက်ချင်းဝင်ရောက်ပြည့်ဝသွားစေရန်ဖန်တီးထားခြင်းဖြစ်ပါသည်။
သတ်မှတ်ထားသည့်အရှိန်များမှာလည်းစက် သို့မဟုတ် မော်တော်ကားကိုမောင်းနှင်သူအပါအဝင်လိုက်ပါနေသူ များအားလုံးအတွက်ရုတ်တရက်ရပ်တန့်လိုက်မှုကြောင့် ယာဉ်အတွင်းပိုင်းတစုံတရာနှင့် ခိုက်မိဒဏ်ရာရစေနိုင်လောက်သည့် အရှိန် သို့မဟုတ် ပြင်ပကိုလွင့်စင်ခိုက်မိစေနိုင်လောက်သည့် ပျမ်းမျှအရှိန်ကိုဆိုလိုခြင်းဖြစ်ပါသည်။
ကနဦးအသက်ကယ်လေအိတ်စနစ်များမှာယာဉ်မောင်းသူအတွက်လောက်သာထည့်သွင်းတည်ဆောက်ခဲ့ကြသောလည်းနောက်ပိုင်းယာဉ်ပေါ်တွင်ပရှိသည့်ခရီးသည်အကုန်လုံးအတွက်အသက်ကယ်လေအိတ်တလုံးစီဖြစ်စေ၊ စုပေါင်းအသက်ကယ်လေအိတ်စနစ်များဖြစ်စေသီးသန့်စီတပ်ဆင်ထည့်သွင်းလာကြပါသည်။
ယာဉ်တစ်စီးတွင်အသက်ကယ်လေအိတ်စနစ်တွင်အများအပြားတပ်ဆင်လာကြသည့်အခါပုံသေပုံစံတပ်ဆင် ခြင်းမျိုးများပဲကုမ္ပဏီကွဲပြားရင်ကွဲပြားသကဲ့သို့တပ်ဆင်သည့်စနစ်၊ တပ်ဆင်သည့်နေရာအပါအဝင်အာရုံခံစနစ် အလုပ်လုပ်ပုံများတောင်မှကွဲပြားနေသည်မှာတွေ့ရပါသည်။
သို့သော်တူညီစွာလုပ်ဆောင်တတ်သည့်အချက်မှာအသက်ကယ်လေအိတ်စနစ်အတိုင်းမှာရှေ့ဘက်တိုက်ခိုက် ရပ်တန့်မှုများအတွက်သာထုတ်လုပ်ထားခြင်းတွေ့ရခြင်းဖြစ်ပါသည်။
ခြွင်းချက်အနေဖြင့်အချို့သောကားများမှာဘေးဘက်တိုက်ခိုက်ပျက်စီးမှုများအတွက်ပါအသက်ကယ်လေအိတ်စနစ်ကို တပ်ဆင်ထည့်သွင်းထားတာတွေ့ရပါသည်။
ယင်းသမိုင်းကြောင်းကိုပြောရမည်ဆိုပါက ၁၉၇၀ ပြည့်လွန်နှစ်များလောက်မှစပြီး ခရီးသည်တင်မော်တော်ယာဉ် များမှာယင်းစနစ်ကိုစတင်စမ်းသပ်တပ်ဆင်ထုတ်လုပ်ခဲ့ခြင်းဖြစ်ပြီး ပြီးပြည့်စုံသည့်စနစ်အဖြစ်အသက်မဝင်ခဲ့ပါ။
နောက်ပိုင်း ၁၉၈၀ နှင့် ၁၉၉၀ ပြည့်နှစ်ရောက်မှအသက်ကယ်လေအိတ်စနစ်များကားများတွင်တပ်ဆင်ခြင်း ခေတ်စားလာပြီးအရင်ဆုံးတပ်ဆင်မှုများတွင် ပြောခဲ့ပြီးသကဲ့သို့ယာဉ်မောင်းတယောက်တည်းအတွက် အသက်ကယ်လေအိတ်စနစ်တပ်ဆင်ရာမှနောက်ပိုင်းရှေ့ဘက်ထိုင်ခုံတတန်းစာအသက်ကယ်လေအိတ်စနစ် များတပ်ဆင်လာခဲ့ပါသည်။
လက်ရှိအချိန်တွင်မော်ဒယ်မြင့်ကားတစီးအတွက်အသက်ကယ်လေအိတ်စနစ်တပ်ဆင်မှုများကအနည်းဆုံးလေအိတ်လေးလုံးမှပိုမိုများပြားသည့်ပမာဏလောက်ထိအောင်မော်ဒယ်အပေါ်လိုက်ပြီး တပ်ဆင်လာသည်ကိုတွေ့ရပါသည်။
ယင်းစနစ်သည်ကိုယ်သိုင်းခါးပတ်ကြိုးစနစ်၏နောက်မှပေါ်ထွက်လာသည့်စနစ်ဖြစ်ပြီးကြီးမားသည့်ယာဉ်မတော်တဆမှုဖြစ်ပေါ်သည့်အခါတွင်ကိုယ်သိုင်းခါးပတ်များ၏အထိန်းအသိမ်းလောက်နှင့်မလုံလောက်တော့ဘူးဆိုသည်ကိုသိလာသည့်နောက်ပိုင်းအာရုံခံစနစ်တစ်ခုနှင့်ချိတ်ဆက်လုပ်ဆောင်နိုင်မည့်စနစ်တစ်ခုကိုဖန်တီးထုတ်လုပ်ခဲ့သည့်သူ၏ပထမဆုံးအသက်ကယ်လေအိတ်စနစ်ကို Air Cushion Restraint System(ACRS)ဟုခေါ်ခဲ့ သည်ကိုသိနိုင်ပါသည်။
ယင်းစနစ်မှာကိုယ်သိုင်းခါးပတ်ကြိုးစနစ်၏နောက်တွင်ပေါ်ထွက်လာသည့်စနစ်ဖြစ်ပြီးကြီးမားသည့်ယာဉ်မတော်တဆမှုဖြစ်ပေါ်သည့်အခါများတွင် ကိုယ်သိုင်းခါးပတ်များ၏အထိန်းအသိမ်းလောက်နှင့်မလုံလောက်ဘူး ဆိုသည်ကိုသိလာသည့်နောက်ပိုင်းအာရုံခံစနစ်တစ်ခုနှင့်ချိတ်ဆက်လုပ်ဆောင်နိုင်မည့်စနစ်တခုကိုဖန်တီးရင်းမှ ပေါ်ပေါက်လာခြင်းဖြစ်ပါသည်။
နောက်ထပ်ယင်းစနစ်ကိုဖန်တီးရခြင်း၏နောက်ထပ်ရည်ရွယ်ချက်တစ်ခုမှာကိုယ်သိုင်းခါးပတ်ကြိုးများကို အစားထိုးတပ်ဆင်ရန်ဖြစ်ပြီးမော်တော်ယာဉ်မောင်းသူတိုင်းသည်ကိုယ်ပိုင်ခါးပတ်ပတ်ရန်မေ့လျော့သောကြောင့် မပတ်ချင်ကြခြင်းကြောင့် ယင်းစနစ်နှင့်အစားထိုးပြီးကိုယ်သိုင်းခါးပတ်စနစ်ကို ဖယ်ထုတ်ရန်ရည်ရွယ်ထားခဲ့ခြင်း ဖြစ်ပါသည်။
သို့သော်တကယ်တမ်းစမ်းသပ်လုပ်ဆောင်မှုများမှာအသက်ကယ်လေအိတ်စနစ်မှာလည်းရာနှုန်းပြည့် ကောင်းမွန်စေရန်ကာကွယ်နိုင်သည့်စနစ်တခုဖြစ်မလာသေးသကဲ့သို့ ကိုယ်သိုင်းခါးပတ်စနစ်မှာလည်းသူလိုလိုပါပဲ။
ထို့ကြောင့်လက်ရှိအချိန်အထိအသက်ကယ်လေအိတ်စနစ်နှင့်ကိုယ်သိုင်းခါးပတ်စနစ်များက ကျွန်းကိုင်းမီ၊ ကိုင်းကျွန်းမီဖြစ်နေရသေးပါသည်။
နောက်ပိုင်းတပ်ဆင်လာသည့်အသက်ကယ်လေအိတ်စနစ်များမှာမော်တော်ယာဉ်အတွင်းတွင်ထိုင်နေသည့်ခရီးသည်တယောက်အတွက်သွေးထွက်ဒဏ်ရာတစ်ခုခုရစေနိုင်လောက်အောင်မာကျောသည့်အရာမှန်သမျှကို ဖုံးလွှမ်းပေးထားနိုင်လောက်ခြင်း သို့မဟုတ် ယင်းကဲ့သို့မာကျောသည့်နေရာများဆီသို့ခရီးသည်လွင့်စင်ရောက်ရှိမသွားစေရန် ထိန်းချုပ်ထားနိုင်လောက်ပါသည်။
အသက်ကယ်လေအိတ်စနစ်နှစ်မျိုးမှာ Side Torso စနစ်နှင့် Side Curtain စနစ်များဖြစ်ပါသည်။
ပထမစနစ်မှာတင်ပါးဆုံရိုးနှင့်ဝမ်းဗိုက်အောက်ပိုင်းကဲ့သို့နေရာများကို ထိခိုက်ဒဏ်ရာရခြင်းမှကာကွယ်ပေးနိုင် စေရန်ကာကွယ်ပေးနိုင်အောင်တပ်ဆင်ခြင်းဖြစ်ပြီး ယင်းစနစ်တွင်အိတ်ခန်းနှစ်ခန်းပါဝင်သည်ကိုတွေ့ရပါသည်။
အောက်ဘက်လေအိတ်ခန်းမှာအနည်းငယ်မာကျောတင်းမာမည်ဖြစ်ပြီး တင်ပါးဆုံရိုးကိုဖိညှပ်ထိန်းချုပ်ထားနိုင် စေရန်ရည်ရွယ်သောကြောင့်ဖြစ်ပြီးအပေါ်ဘက်လေအိတ်မှာ ဝမ်းဗိုက်ပိုင်းကိုညှပ်ထားမည်ဖြစ်သောကြောင့် နူးညံ့ပျော့ပျောင်းပါလိမ့်မည်။
ဒုတိယစနစ်မှာဦးခေါင်းပိုင်းဆိုင်ရာအသက်ကယ်လေအိတ်စနစ်ဖြစ်ပြီး Head Protection System(HPS) ရဲ့ပြီးပြည့်စုံသည့်စနစ်ဖြစ်ပါသည်။
ယင်းစနစ်၏ပုံစံမှာပြွန်ပုံစံတည်ဆောက်ပုံရှိပြီး ဘေးဘက်ထိန်းချုပ်မှုပုံစံနှင့်လည်းတပ်ဆင်ထုတ်လုပ်တတ်တာ တွေ့ရပါသည်။
နောက်ထပ်ထည့်သွင်းတပ်ဆင်တတ်သေးသည့် အသက်ကယ်လေအိတ်စနစ်များမှာ Knee Airbag နှင့် Rear Curtain Airbag များဖြစ်ပါသည်။